မိုင္းေယာင္းမွ တရုတ္သို႔ စပါးကုန္ၾကမ္းကိုသာ တင္ပို႔ေနသျဖင့္ ေဒသခံေတာင္သူမ်ား နစ္နာ

မိုင္းေယာင္းမွ တရုတ္သို႔ စပါးကုန္ၾကမ္းကိုသာ တင္ပို႔ေနသျဖင့္ ေဒသခံေတာင္သူမ်ား နစ္နာ
ဇွန် 27, 2016
By Tachileik News Agency

မိုင္းေယာင္း၊ ဇြန္လ(၂၇)ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းေယာင္းၿမိဳ႕နယ္အတြင္းမွ ထြက္ရွိေသာ စပါးမ်ားအား ဆန္ႀကိတ္ခြဲ၍ တရုတ္ႏိုင္ငံသို႔  တင္ပို႔ေရာင္းခ်ႏိုင္ျခင္းမရွိဘဲ ကုန္ၾကမ္းကိုသာ တင္ပို႔ေနရသည့္အတြက္
ေဒသခံ ေတာင္သူမ်ားမွာ ဆံုးရွံဳးနစ္နာမႈမ်ားရွိေနေၾကာင္း တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

"ေဒသခံေတာင္သူေတြက စပါးကို မႀကိတ္ခြဲဘဲ တင္ပို႔ေနေတာ့ ရသင့္သေလာက္ အက်ိဳးအျမတ္လည္း မရဘူး။ ေနာက္တစ္ခုက စပါးကို ႀကိတ္ခြဲၿပီးထြက္လာမယ့္ ဆန္ကြဲ၊ ဖြဲ႕ႏုတို႔ကိုလည္း မရေတာ့ဘူး။ အဲဒီေတာ့ ေတာင္သူေတြက သူတို႔တိရိစာၦန္အစာအတြက္ဆို တရုတ္က လာတဲ့ အသင့္အသံုးျပဳလို႔ရတဲ့
တိရိစာၦန္အစာေတြကို ျပန္၀ယ္ၿပီးေကၽြးေနရတယ္" ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးဦးစီးဌာနမွ ခရိုင္ဦးစီးမွဳး ဦးလွ၀င္းက ေျပာသည္။

ေတာင္သူမ်ားသည္ ကုန္ၾကမ္းတင္ပို႔ၿပီး တိရစၦာန္အစာမ်ားကို တရုတ္ႏိုင္ငံမွ ျပန္လည္ ၀ယ္ယူရေနရျခင္း ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္းမွ တရုတ္ႏိုင္ငံသို႔ ႏွစ္စဥ္ စပါးတင္းေပါင္း(၁၇)သိန္းခန္႔ တင္ပို႔လွ်က္ရွိၿပီး စပါး
စိုက္ဧကေပါင္း (၈၀,၀၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္းမွ ထြက္ရွိေသာ လယ္ယာထြက္ကုန္မ်ားအား တရုတ္ႏိုင္ငံသို႔ တရား၀င္ တင္ပို႔ႏိုင္ရန္ မိုင္းေယာာင္းၿမိဳ႕နယ္အတြင္း နယ္စပ္ကုန္သြယ္ေရးစခန္းတစ္ခုအား ၂၀၁၆ ခုႏွစ္အတြင္း ဖြင့္လွစ္ရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီးဌာနမွသိရသည္။

သတင္း။  ။ ကိုဇက္
..........................

မိုင်းယောင်း၊  ဇွန်လ(၂၇)ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်းမှ ထွက်ရှိသော စပါးများအား ဆန်ကြိတ်ခွဲ၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ကုန်ကြမ်းကိုသာ တင်ပို့နေရသည့်အတွက်
ဒေသခံ တောင်သူများမှာ ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ဒေသခံတောင်သူတွေက စပါးကို မကြိတ်ခွဲဘဲ တင်ပို့နေတော့ ရသင့်သလောက် အကျိုးအမြတ်လည်း မရဘူး။ နောက်တစ်ခုက စပါးကို ကြိတ်ခွဲပြီးထွက်လာမယ့် ဆန်ကွဲ၊ ဖွဲ့နုတို့ကိုလည်း မရတော့ဘူး။ အဲဒီတော့ တောင်သူတွေက သူတို့တိရိစာ္ဆန်အစာအတွက်ဆို တရုတ်က လာတဲ့ အသင့်အသုံးပြုလို့ရတဲ့
တိရိစာ္ဆန်အစာတွေကို ပြန်ဝယ်ပြီးကျွေးနေရတယ်" ဟု တာချီလိတ်ခရိုင် စိုက်ပျိုးဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဦးလှဝင်းက ပြောသည်။

တောင်သူများသည် ကုန်ကြမ်းတင်ပို့ပြီး တိရစ္ဆာန်အစာများကို တရုတ်နိုင်ငံမှ ပြန်လည် ဝယ်ယူရနေရခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းမှ တရုတ်နိုင်ငံသို့ နှစ်စဉ် စပါးတင်းပေါင်း(၁၇)သိန်းခန့် တင်ပို့လျှက်ရှိပြီး စပါး
စိုက်ဧကပေါင်း (၈၀,ဝဝဝ)ကျော်ရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းမှ ထွက်ရှိသော လယ်ယာထွက်ကုန်များအား တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန် မိုင်းယောင်းမြို့နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအား ၂၀၁၆ ခုနှစ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်လျှက်ရှိကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှသိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~