ရက် (၁၀၀)စီမံချက်ဖြင့် တာချီလိတ်ခရိုင်အတွင်း စာသင်ကျောင်းများ၌ မော်တော်ယာဉ် ဥပဒေသစ်နှင့် ပတ်သက်၍ အသိပညာပေး
ရက် (၁၀၀)စီမံချက်ဖြင့် တာချီလိတ်ခရိုင်အတွင်း စာသင်ကျောင်းများ၌ မော်တော်ယာဉ် ဥပဒေသစ်နှင့် ပတ်သက်၍ အသိပညာပေး
ဇှနျ 28, 2016
By Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၂၈)ရက်
မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ် နှင့် မိုင်းဖြတ်မြို့နယ် အတွင်းမှ အခြေခံပညာကျောင်းများတွင် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်နှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အသိပညာပေး အဖြစ် ရှင်းလင်းဟောပြောပြီး၊ မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသည့် လက်ကမ်းစာရွက်များကို ဝေမျှခြင်းဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
ရက်(၁၀၀)စီမံချက်အနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာ - ရှမ်းဘာသာများဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အသိပညာပေးဟောပြောခြင်းတို့ကို အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကို နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက  လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း။  ။ ကိုဇက်
.............
တာချီလိတ်၊ ဇွန်လ(၂၈)ရက်
မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ် နှင့် မိုင်းဖြတ်မြို့နယ် အတွင်းမှ အခြေခံပညာကျောင်းများတွင် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်နှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အသိပညာပေး အဖြစ် ရှင်းလင်းဟောပြောပြီး၊ မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသည့် လက်ကမ်းစာရွက်များကိုေဝမျှခြင်းဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
"ရက်(၁၀၀)စီမံချက်အနေနဲ့ မေ(၁)ရက်နေ့ကနေ သြဂုတ်(၉)ရက်နေ့အထိ ပညာပေးလုပ်ငန်းတွေ လိုက်လုပ်နေတာပါ။ ကျောင်းတွေမှာ ကလေးတွေအတွက် မော်တော်ယာဉ်ဥပဒေတွေနဲ့ စည်းကမ်းပျက်ယာဉ် တွေကို ဘယ်လို အရေးယူတယ်ဆိုတာ လိုက်လံရှင်းပြနေပါတယ်။ ကျောင်းသားအရွယ် လူငယ်တွေက အများအားဖြင့် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတာတို့၊ အရှိန်ပြင်းပြင်းနဲ့ မောင်းတာတို့တွေရှိတယ်။ ဒါကြောင့် လိုက်ပြီး ပညာပေးလုပ်နေတာပါ"ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့ မှ ရဲအုပ် ဇော်ဇော်ညွှန့်က ပြောသည်။
“နယ်စပ်ဒေသဆိုတော့ ကလေးတွေက ဆိုင်ကယ်စီးတဲ့အခါ ဆိုင်ကယ်စီးဦးထုပ်မဆောင်းတာတွေ၊ ယာဉ်ခဏခဏ တိုက်တာတွဖြေစ်တော့ အခုလို ယာဉ်ထိန်းရဲတပ်ဖွဲ့က လာရောက်ပြီး အသိပညာပေးတာ၊ အင်မတန်ကောင်းပါတယ်။ ပိုပြီး အဆင်ပြေတာက မြန်မာ - ရှမ်း နှစ်ဘာသာ ပါဝင်တဲ့ လက်ကမ်းစာရွက်တွေ ကမ်းခဲ့တော့ သူတို့ အိမ်ပြန်ရောက်ရင် ရှမ်းစာတတ်တဲ့ သူတို့ မိဘတွေလည်း ဖတ်လို့ရတာပေါ့..”ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
ရက်(၁၀၀)စီမံချက်အနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာ - ရှမ်းဘာသာများဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များ ဖြန့်ဝခြေင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အသိပညာပေးဟောပြောခြင်းတို့ကို အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကို နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net