မိုင္းဆတ္ခရိုင္အတြင္း ျပည္တြင္းကုန္ပစၥည္းထက္ ထိုင္းကုန္ပစၥည္းမ်ား တင္သြင္းမႈမ်ားျပား

မိုင္းဆတ္ခရိုင္အတြင္း ျပည္တြင္းကုန္ပစၥည္းထက္ ထိုင္းကုန္ပစၥည္းမ်ား တင္သြင္းမႈမ်ားျပား
ဇွန် 5, 2016
By Tachileik News Agency

မိုင္းဆတ္၊ ဇြန္လ (၅) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခရိုင္အတြင္း လမ္းခရီး အေျခအေနေၾကာင့္ ျပည္တြင္းမွကုန္ပစၥည္းမ်ား အဝင္နည္းၿပီး တာခ်ီလိတ္ၿမိဳ႕မွတဆင့္ ထုိင္းကုန္ပစၥည္းမ်ားကိုသာ အဓိကတင္သြင္းေနရေၾကာင္း သိရသည္။

 “အဲဒီဖက္မွာ ျပည္တြင္းက ကုန္ပစၥည္း၀င္တာေတာ့နည္းတယ္။ အဓိက တာခ်ီလိတ္ကေန ကုန္ပစၥည္းသြားတာ မ်ားတယ္။ ကုန္ပစၥည္းနဲ႔သြားရင္ ကုန္ဆင္းကုန္းတက္မ်ားေတာ့ မနက္(၁၀)နာရီသြားရင္ ညေန(၅)နာရီေလာက္မွ မိုင္းဆတ္ကို ေရာက္တယ္။ အဓိက ဒီဖက္က ကုန္ပစၥည္းေတြမွာၿပီး အဲဒီဖက္မွာ တပိုင္တႏိုင္ ေစ်းဆိုင္ျပန္ဖြင့္ၾကတာမ်ားတယ္။”ဟု တာခ်ီလိတ္ - မိုင္းဆတ္သို႔ ကုန္ပစၥည္း တင္ပို႔ေနသူ ကိုေနမ်ိဳးသူရက ေျပာသည္။

မိုင္းဆတ္ၿမိဳ႕သို႔ တာခ်ီလိတ္ၿမိဳ႕မွတဆင့္ ထိုင္းႏုိင္ငံမွ စားေသာက္ကုန္ ပစၥည္းမ်ား၊ လူ႔အသုံးအေဆာင္ ပစၥည္းမ်ား တင္သြင္းလွ်က္ရွိၿပီး လမ္းခရီးကြာေ၀းမႈေၾကာင့္ ျပန္ေရာင္းသည့္အခါ အခ်ိဳ႕ကုန္ပစၥည္းမ်ားမွာ ေစ်းႏႈန္းမွာ သုံးပုံတစ္ပုံခန္႔ျမင့္တက္သြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မွ မိုင္းဆတ္ၿမိဳ႕သို႔ အဓိကခရီးသည္ပို႔ေဆာင္ေရးတြင္ လျပည့္၀န္း၊ မိုင္းဆတ္ေတာင္တန္း၊ ဒို႔ညီေနာင္၊ လမ္းသစ္ႏွင့္ ေရႊက်ားျဖဴ စသည့္ ဂိတ္(၅)ဂိတ္ရွိၿပီး ခရီးသည္(၁)ဦးလွ်င္ ဘတ္(၄၀၀) (သို႔မဟုတ္) က်ပ္(၁၂၀၀၀) အထိေပးရေၾကာင္း သိရသည္။

မိုင္းဆတ္ခရိုင္တြင္ ဗမာ ၊ ရွမ္း ၊ လာဟူ ၊ အာခါ ၊ ၀ လူမ်ိဳးမ်ား အဓိကေနထိုင္ၿပီး လမ္းပန္းဆက္သြယ္ေရး ခက္ခဲမႈေၾကာင့္ မဖြံ႕ၿဖိဳးေသးသည့္ေဒသမ်ားလည္း ရိွေနျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ေဇာင္းညီ

.............

င်းဆတ်၊ ဇွန်လ (၅) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း လမ်းခရီး အခြေအနေကြောင့် ပြည်တွင်းမှကုန်ပစ္စည်းများ အဝင်နည်းပြီး တာချီလိတ်မြို့မှတဆင့် ထိုင်းကုန်ပစ္စည်းများကိုသာ အဓိကတင်သွင်းနေရကြောင်း သိရသည်။

 “အဲဒီဖက်မှာ ပြည်တွင်းက ကုန်ပစ္စည်းဝင်တာတော့နည်းတယ်။ အဓိက တာချီလိတ်ကနေ ကုန်ပစ္စည်းသွားတာ များတယ်။ ကုန်ပစ္စည်းနဲ့သွားရင် ကုန်ဆင်းကုန်းတက်များတော့ မနက်(၁၀)နာရီသွားရင် ညနေ(၅)နာရီလောက်မှ မိုင်းဆတ်ကို ရောက်တယ်။ အဓိက ဒီဖက်က ကုန်ပစ္စည်းတွေမှာပြီး အဲဒီဖက်မှာ တပိုင်တနိုင် ဈေးဆိုင်ပြန်ဖွင့်ကြတာများတယ်။”ဟု တာချီလိတ် - မိုင်းဆတ်သို့ ကုန်ပစ္စည်း တင်ပို့နေသူ ကိုနေမျိုးသူရက ပြောသည်။

မိုင်းဆတ်မြို့သို့ တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံမှ စားသောက်ကုန် ပစ္စည်းများ၊ လူ့အသုံးအဆောင် ပစ္စည်းများ တင်သွင်းလျှက်ရှိပြီး လမ်းခရီးကွောဝးမှုကြောင့် ပြန်ရောင်းသည့်အခါ အချို့ကုန်ပစ္စည်းများမှာ ဈေးနှုန်းမှာ သုံးပုံတစ်ပုံခန့်မြင့်တက်သွားကြောင်း သိရသည်။

တာချီလိတ်မြို့မှ မိုင်းဆတ်မြို့သို့ အဓိကခရီးသည်ပို့ဆောင်ရေးတွင် လပြည့်ဝန်း၊ မိုင်းဆတ်တောင်တန်း၊ ဒို့ညီနောင်၊ လမ်းသစ်နှင့် ရွှေကျားဖြူ စသည့် ဂိတ်(၅)ဂိတ်ရှိပြီး ခရီးသည်(၁)ဦးလျှင် ဘတ်(၄၀၀) (သို့မဟုတ်) ကျပ်(၁၂၀၀၀) အထိပေးရကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်တွင် ဗမာ၊ ရှမ်း၊ လာဟူ၊ အာခါ၊ ဝ လူမျိုးများ အဓိကနေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် မဖွံ့ဖြိုးသေးသည့်ဒေသများလည်း ရှိနခြေင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~