ပြည်နယ်အစိုးရမှ ဘတ်ဂျက်ဆက်လက်ချထားခြင်း မရှိသေးသည့်အတွက် မိုင်းဖြတ်မြို့ရေပေးဝေရေး လုပ်ငန်း ရပ်နားထားရ
ပြည်နယ်အစိုးရမှ ဘတ်ဂျက်ဆက်လက်ချထားခြင်း မရှိသေးသည့်အတွက် မိုင်းဖြတ်မြို့ရေပေးဝေရေး လုပ်ငန်း ရပ်နားထားရ
ဇှနျ 22, 2016
By Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၂၂)ရက်
မိုင်းဖြတ်မြို့ရေပေးဝေရေးအတွက် ယခု ရှမ်းပြည်နယ်အစိုးရလက်ထက်တွင် ဘတ်ဂျက်ကျပ်သိန်း(၄,၃၀၀) ချထားပေးရန် ရှိသော်လည်း ကျပ်သိန်း(၃၀၀)ကျော်သာ ရရှိသဖြင့် မြို့ရေပေးဝေရေးလုပ်ငန်းများအား ရပ်တန့်ထားရကြောင်း သိရသည်။
မိုင်းဖြတ်မြို့တွင် နှစ်စဉ် ရေပြတ်လပ်မှု ပြဿနာများနှင့် ကြုံတွေ့လျှက်ရှိသဖြင့် ရေပေးဝေရေးစီမံကိန်း မလုပ်ဆောင်နိုင်ပါက လာမည့် နွေရာသီတွင် ရေအခက်အခဲပြဿနာဖြင့် ထပ်မံရင်ဆိုင်ရနိုင်သည့်အတွက် စီမံကိန်း ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆိုသည်။
မြို့ရေပေးဝေရေးအတွက် မိုင်းဖြတ်မြို့မှ ကျိုင်းတုံဘက်သို့အထွက် (၇.၃)မိုင်အကွာရှိ ရေထွက်ပေါက်မှ သွယ်ယူမည်ဖြစ်ပြီး၊ ကုန်ကျတန်ဖိုးတွက်ချက်မှုမှာ ယခင်ဘဏ္ဍာနှစ်တွင် ကျပ်သိန်း(၄,၃၀၀) ဖြစ်ကြောင်း သိရပါတယ်။
သတင်း။  ။ ကိုဇက်
.........................
တာချီလိတ်၊ ဇွန်လ(၂၂)ရက်
မိုင်းဖြတ်မြို့ရေပေးေဝရေးအတွက် ယခု ရှမ်းပြည်နယ်အစိုးရလက်ထက်တွင် ဘတ်ဂျက်ကျပ်သိန်း(၄,၃၀၀) ချထားပေးရန် ရှိသော်လည်း ကျပ်သိန်း(၃၀၀)ကျော်သာ ရရှိသဖြင့် မြို့ရေပေးေဝရေးလုပ်ငန်းများအား ရပ်တန့်ထားရကြောင်း သိရသည်။
"အရင် ရှမ်းပြည်နယ်အစိုးရလက်ထက်မှာ မိုင်းဖြတ်မြို့ ရေပေးေဝရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဌာနက ဘတ်ဂျက်ချထားပေးတယ်။ ဒါပေမဲ့ အကုန်တော့ မရသေးဘူး။ အခုပိုက်တွေဝယ်ထားတယ် ကြားတယ်။ ဒီစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဖို့ ကျွန်တော်ဝန်ကြီးကို ပထမအကြိမ်တုန်းကတွေ့ပြီး အကူအညီတောင်းထားပြီးပြီ။ ထပ်ပြီးပြောဖို့လိုမယ်။ မဟုတ်ရင် မိုင်းဖြတ်က ရေခန်းခြောက်မှု ပြဿနာတွေရှိတယ်"ဟု မိုင်းဖြတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။
မိုင်းဖြတ်မြို့တွင် နှစ်စဉ် ရပြေတ်လပ်မှု ပြဿနာများနှင့် ကြုံတွေ့လျှက်ရှိသဖြင့် ရေပေးေဝရေးစီမံကိန်း မလုပ်ဆောင်နိုင်ပါက လာမည့် နွေရာသီတွင် ရေအခက်အခဲပြဿနာဖြင့် ထပ်မံရင်ဆိုင်ရနိုင်သည့်အတွက် စီမံကိန်း ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းသွားမည်ဖြစ်ကြောင်း၎င်းမှ ဆိုသည်။
"အခုအချိန်ထိတော့ အရင်ရှမ်းပြည်နယ်အစိုးရကချပေးတာ ကျပ်သိန်း(၃၀၀)ပဲရှိတယ်။ ဒါတွေကလည်း ပိုက်တွေဝယ်ထားတယ်။ ကျန်တဲ့ ဘတ်ဂျက်ငွေတွေကို အခုအစိုးရသစ်လက်ထက်မှာ မချလာပေးသေးဘူး။ ချလာပေးမှ ဆက်လုပ်လို့ရမှာပါ"ဟု မိုင်းဖြတ်မြို့ စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးအောင်က ပြောသည်။
မြို့ရေပေးေဝရေးအတွက် မိုင်းဖြတ်မြို့မှ ကျိုင်းတုံဘက်သို့အထွက် (၇.၃)မိုင်အကွာရှိ ရေထွက်ပေါက်မှ သွယ်ယူမည်ဖြစ်ပြီး၊ ကုန်ကျတန်ဖိုးတွက်ချက်မှုမှာ ယခင်ဘဏ္ဍာနှစ်တွင် ကျပ်သိန်း(၄,၃၀၀) ဖြစ်ကြောင်း သိရပါတယ်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~