
ဇှနျ 24, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်(၂၄)ရက်


မြန်မာ - လာအိုချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် ပြည်ထောင်စုဝန်ကြီးများ၏ သဘောထားများ ပေါ်တွင်မူတည်ပြီး အစိုးရအနေဖြင့် နှစ်နိုင်ငံမျှတ၍ ပွင့်လင်းလွတ်လပ်သော ကုန်သွယ်ခွင့်ရရှိရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြန်မာ - လာအို ချစ်ကြည်ရေးတံတားအား ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်နိုင်ငံ MOU ထိုးရန် လိုအပ်လျှက်ရှိပြီး တံတား၏ အလည်တည့်တည့်မှ စတင်၍ လာအိုနိုင်ငံမှ ပိုင်နက်နယ်နိမိတ်သတ်မှတ်ရန် လိုလားလျှက် ရှိသော်လည်း မြေပြင်အခြေအနေနှင့် မဲခေါင်မြစ်ကြောင်း ရေပိုင်နက်အရ မြန်မာနိုင်ငံမှ ပိုင်ဆိုင်ထားသဖြင့် ရေပိုင်နက်တိုင်းတာမှုဆွေးနွေးခြင်းအား ဇွန်လ ဒုတိယပတ်အတွင်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှာ ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော ဧရာဝတီ - ကျောက်ဖယား စီးပွားရေးမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အစည်းအဝေးမှ မြန်မာ-လာအို - ဗီယက်နမ် စင်္ကြံလမ်းဖေါက်လုပ်ရန်ရည်ရွယ်၍ အစပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် မေလ(၉)ရက်နေ့က နှစ်နိုင်ငံ နိုင်ငံတော် သမ္မတများမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

သတင်း။  ။ စောလှမင်း
..................
တာချီလိတ်၊ ဇွန်(၂၄)ရက်
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ စက်မှုထွက်ကုန်များအား ဗီယက်နမ်ရေနက်ဆိပ်ကမ်းထိတင်ပို့ရာ လမ်းကြောင်းတွင် တည်ဆောက်ထားသော ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းလပ်မြို့ မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှု ခွင့်ပြုချက်စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီတစ်ခေါက် တရုတ်ပြည်သွားပြီး ဆွေးနွေးတဲ့နေရာမှာ ဒီတံတားကြီးကိစ္စမပါဘူး။ ဒီတံတား ဖွင့်လှစ်နိုင်ဖို့ဆိုတာ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနတွေရဲ့ မူဝါဒပေါ်မူတည်တယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ် အစိုးရအနေနဲ့ သဘောထားမှတ်ချက်ပဲ ပေးနိုင်တယ်။ ဒါတောင် ဝန်ကြီးချုပ်က မှတ်ချက်ရေးတာ"ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
မြန်မာ - လာအိုချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် ပြည်ထောင်စုဝန်ကြီးများ၏ သဘောထားများ ပေါ်တွင်မူတည်ပြီး အစိုးရအနဖြေင့် နှစ်နိုင်ငံမျှတ၍ ပွင့်လင်းလွတ်လပ်သော ကုန်သွယ်ခွင့်ရရှိရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြန်မာ - လာအို ချစ်ကြည်ရေးတံတားအား ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်နိုင်ငံ MOU ထိုးရန် လိုအပ်လျှက်ရှိပြီး တံတား၏ အလည်တည့်တည့်မှ စတင်၍ လာအိုနိုင်ငံမှ ပိုင်နက်နယ်နိမိတ်သတ်မှတ်ရန် လိုလားလျှက် ရှိသော်လည်း မြပြေင်အခြေအနေနှင့် မဲခေါင်မြစ်ကြောင်း ရေပိုင်နက်အရ မြန်မာနိုင်ငံမှ ပိုင်ဆိုင်ထားသဖြင့် ရေပိုင်နက်တိုင်းတာမှုဆွေးနွေးခြင်းအား ဇွန်လ ဒုတိယပတ်အတွင်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှာ ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော ဧရာဝတီ - ကျောက်ဖယား စီးပွားရေးမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အစည်းအေဝးမှ မြန်မာ-လာအို - ဗီယက်နမ် စႀကၤံလမ်းဖောက်လုပ်ရန်ရည်ရွယ်၍ အစပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် မေလ(၉)ရက်နေ့က နှစ်နိုင်ငံ နိုင်ငံတော် သမ္မတများမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
သတင်း။ စောလှမင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~