ရှမ်းပြည်နယ်အတွင်းရှိ မြို့အ၀င်ဆိုင်းဘုတ်များအား မြန်မာဘာသာနှင့်အတူ တိုင်းရင်းသား ဘာသာစာများဖြင့် ရေးသားခွင့် ပြုထား

ရှမ်းပြည်နယ်အတွင်းရှိ မြို့အ၀င်ဆိုင်းဘုတ်များအား မြန်မာဘာသာနှင့်အတူ တိုင်းရင်းသား ဘာသာစာများဖြင့် ရေးသားခွင့် ပြုထား
ဇှနျ 30, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ(၃၀)


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇွန်လ(၂၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ပုံမှန်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်/မြို့များ၏ ဆိုင်းဘုတ်များတွင် အသုံးပြုမည့် ဘာသာစကားများကို အများသုံး၊ ရုံးသုံးဖြစ်သည့် မြန်မာဘာသာ စကားအပြင် တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားများကို ထည့်သွင်းရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှာ မည်သည့်တိုင်းရင်းသား ဘာသာစကားကိုသာ ထည့်သွင်းရမည်ဟု ကန့်သတ်ညွှန်ကြားခြင်းကို လည်းကောင်း၊ မည်သည့် ဘာသာစကားအား ထည့်သွင်းခွင့်မပြုဟု တားမြစ်ပိတ်ပင်ခြင်းကို လည်းကောင်း ပြုလုပ်မည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်/မြို့များ၏ ဒေသခံအများစု ဆန္ဒအလျောက် မြို့ဝင်ဆိုင်းဘုတ်တစ်ခု၏ အရွယ်အစားနှင့် ကိုယ်ညီနိုင်မည့် မြန်မာစာနှင့် တိုင်းရင်းသား စာအရေအတွက်ကို ဆုံးဖြတ်ကာ ထည့်သွင်း ထွင်းထုနိုင်ကြောင်း ဆုံးဖြတ်ကာ မြို့နယ်/မြို့များမှ သက်ဆိုင်ရာများသို့ ဆက်လက် အသိပေးသွားရန် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ၀န်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးကာ ညွှန်ကြားထားကြောင်း သိရသည်။

စည်ပင်သာယာရေး၏ ရက်(၁၀၀)စီမံချက်ဖြင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်/မြို့များတွင် မြို့သာယာလှပရေး၊ စိမ်းလန်းစိုပြေရေး နှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်လျှက်ရှိရာတွင် မြို့အ၀င်ဆိုင်းဘုတ် ပြုပြင်မှုများ အပါအ၀င်ဖြစ်ရာ ပြီးခဲ့သည့် ရက်ပိုင်းက တာချီလိတ်မြို့အ၀င် ဆိုင်းဘုတ်တွင် ရှမ်းဘာသာ တစ်မျိုးတည်း ဖော်ပြထားရှိမှုနှင့် ပတ်သက်၍ ဝေဖန်သံများထွက်ပေါ်ခဲ့ပြီးနောက် မြို့အသီးသီး၌ မြို့အ၀င် ဆိုင်းဘုတ်များ ပြောင်းလဲပြုပြင်မှုကို ဆိုင်းငံ့ထားရာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများမှ ဇွန်လ(၂၈)ရက်က ပြုလုပ်ခဲ့သည့် ပုံမှန်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြို့အ၀င်ဆိုင်းဘုတ်များအား ရုံးသုံးဘာသာဖြစ်သည့် မြန်မာဘာသာအပါအ၀င် တိုင်းရင်းသားဘာသာစာသားများဖြင့် သုံးစွဲခွင့်ကို ကန့်သတ်ထားခြင်း၊ ပိတ်ပင်ထားခြင်းမရှိကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
...................

တာချီလိတ်၊ ဇွန်လ(၃၀)
ရှမ်းပြည်နယ်အတွင်း မြို့နယ်/မြို့များ၏ မြို့ဝင်ဆိုင်းဘုတ်များတွင် အသုံးပြုမည့် ဘာသာစကားများနှင့် ပတ်သက်၍ ရုံးသုံးဖြစ်သည့် မြန်မာဘာသာစကား အပြင် မည်သည့်တိုင်းရင်းသား လူမျိုးတို့၏ ဘာသာစကားများကို မဆို ထည့်သွင်းခွင့်နှင့် ပတ်သက်၍ ကန့်သတ်တားမြစ် ပိတ်ပင်ခြင်းကို ပြုလုပ်မည် မဟုတ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ ဇွန်လ(၃၀)ရက်နေ့ ရက်စွဲဖြင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီသို့ ညွှန်ကြားထားကြောင်း သိရသည်။

"ဒီတစ်ရက် နှစ်ရက်ဆိုရင်တော့ မြို့နယ်အသီးသီးမှာ ညွှန်ကြားချက်ရောက်ပါလိမ့်မယ်။ တာချီလိတ်မှာတော့ မြန်မာဘာသာအပါအဝင် ဘာသာ(၃)မျိုးလောက် ဖြစ်နိုင်ပါတယ်"ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇွန်လ(၂၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ပုံမှန်အစည်းအေဝး၏ ဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်/မြို့များ၏ ဆိုင်းဘုတ်များတွင် အသုံးပြုမည့် ဘာသာစကားများကို အများသုံး၊ ရုံးသုံးဖြစ်သည့် မြန်မာဘာသာ စကားအပြင် တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားများကို ထည့်သွင်းရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှာ မည်သည့်တိုင်းရင်းသား ဘာသာစကားကိုသာ ထည့်သွင်းရမည်ဟု ကန့်သတ်ညွှန်ကြားခြင်းကို လည်းကောင်း၊ မည်သည့် ဘာသာစကားအား ထည့်သွင်းခွင့်မပြုဟု တားမြစ်ပိတ်ပင်ခြင်းကို လည်းကောင်း ပြုလုပ်မည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်/မြို့များ၏ ဒေသခံအများစု ဆန္ဒအလျောက် မြို့ဝင်ဆိုင်းဘုတ်တစ်ခု၏ အရွယ်အစားနှင့် ကိုယ်ညီနိုင်မည့် မြန်မာစာနှင့် တိုင်းရင်းသား စာအရေအတွက်ကို ဆုံးဖြတ်ကာ ထည့်သွင်း ထွင်းထုနိုင်ကြောင်း ဆုံးဖြတ်ကာ မြို့နယ်/မြို့များမှ သက်ဆိုင်ရာများသို့ ဆက်လက် အသိပေးသွားရန် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးကာ ညွှန်ကြားထားကြောင်း သိရှိရသည်။

စည်ပင်သာယာရေး၏ ရက်(၁၀၀)စီမံချက်ဖြင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်/မြို့များတွင် မြို့သာယာလှပရေး၊ စိမ်းလန်းစိုပြေရေး နှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်လျှက်ရှိရာတွင် မြို့အဝင်ဆိုင်းဘုတ် ပြုပြင်မှုများ အပါအဝင်ဖြစ်ရာ ပြီးခဲ့သည့် ရက်ပိုင်းက တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်တွင် ရှမ်းဘာသာ တစ်မျိုးတည်း ဖော်ပြထားရှိမှုနှင့် ပတ်သက်၍ေဝဖန်သံများထွက်ပေါ်ခဲ့ပြီးနောက် မြို့အသီးသီး၌ မြို့အဝင် ဆိုင်းဘုတ်များ ပြောင်းလဲပြုပြင်မှုကို ဆိုင်းငံ့ထားရာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများမှ ဇွန်လ(၂၈)ရက်က ပြုလုပ်ခဲ့သည့် ပုံမှန်အစည်းအေဝး၏ ဆုံးဖြတ်ချက်အရ မြို့အဝင်ဆိုင်းဘုတ်များအား ရုံးသုံးဘာသာဖြစ်သည့် မြန်မာဘာသာအပါအဝင် တိုင်းရင်းသားဘာသာစာသားများဖြင့် သုံးစွဲခွင့်ကို ကန့်သတ်ထားခြင်း၊ ပိတ်ပင်ထားခြင်းမရှိကြောင်း သိရှိရသည်။

သတင်း။ ကိုဇောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~