ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္ေရးစခန္းသစ္ တစ္ခု မိုင္းေယာင္း၌ ဖြင့္လွစ္ရန္စီစဥ္

ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္ေရးစခန္းသစ္ တစ္ခု မိုင္းေယာင္း၌ ဖြင့္လွစ္ရန္စီစဥ္
ဇွန် 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၄)ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ ျမန္မာ - တရုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈျပဳႏိုင္မည့္ ပထမဆံုးေသာ နယ္စပ္ကုန္သြယ္ေရး စခန္းတစ္ခုကို တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္တြင္ ဖြင့္လွစ္ရန္ စီစဥ္ေနေၾကာင္း ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီးဌာနမွ သိရသည္။

"မိုင္းေယာင္းဘက္က ကုန္ပစၥည္းေတြက မဖြင့္ရင္လည္း တရားမ၀င္ သြားေနတာေလ။ ႏိုင္ငံေတာ္လည္း နစ္နာတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က ကုန္သြယ္မႈကို ႀကီးၾကပ္ဖို႔ အဖြဲ႕ဖြဲ႕လိုက္တယ္။ အဲဒါကိုလည္း ျပည္ေထာင္စုအစိုးရကို တင္ၿပီးသြားပါၿပီ။ "ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္မွေန၍ တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္သို႔ ကုန္စည္တင္ပို႔မႈမ်ားရိွေနေသာ္လည္း တရား၀င္နယ္စပ္ကုန္သြယ္ေရးစခန္းမရိွသျဖင့္ ႏုိင္ငံေတာ္အခြန္ေငြ ဆံုးရံႈးေနျခင္းျဖစ္သည္။

ႏွစ္ႏိုင္ငံကုန္သြယ္မႈဆိုင္ရာ ေဆြးေႏြးမႈမ်ားတြင္ တရုတ္ႏိုင္ငံမွ ပင္လယ္ထြက္ေပါက္အျဖစ္ ေက်ာက္ျဖဴ-ကူမင္း ရထားလမ္းအား ေတာင္းဆိုခဲ့ေသာ္လည္း စီးပြားေရးနွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ လက္ခံခဲ့ျခင္းမရွိဘဲ မွ်တေသာ ကုန္သြယ္မႈျဖစ္ရန္အတြက္သာ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္အတြင္းမွ တရုတ္ႏိုင္ငံသို႔ ဆန္အမ်ားဆံုး တင္ပို႔လွ်က္ရွိၿပီး၊ အျခားေသာ ေဒသထြက္ကုန္မ်ား အျဖစ္ ငွက္ေပ်ာသီး၊ ဖရဲသီး၊ ရာဘာႏွင့္ လယ္ယာထြက္ကုန္ပစၥည္းမ်ားအား တင္ပို႔လွ်က္ရွိေၾကာင္း ေဒသခံ ကုန္သည္မ်ားထံမွ သိရသည္။

ျမန္မာ - တရုတ္ႏွစ္ႏိုင္ငံ တရား၀င္ ကုန္သြယ္မႈျပဳလုပ္လွ်က္ရွိသည့္ နယ္စပ္ကုန္သြယ္ေရးစခန္း(၄)ခုမွ ၂၀၁၅-၂၀၁၆ ခုႏွစ္ ဘ႑ာေရးႏွစ္တြင္ ကုန္သြယ္မႈတန္ဖိုး စုစုေပါင္းမွာ အေမရိကန္ေဒၚလာ (၅၉၃၆.၈၅၁)သန္းရိွေၾကာင္း စီးပြားေရးနွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၏ စာရင္းအရသိရသည္။

သတင္း။  ။ ကိုဇက္
......................

တာချီလိတ်၊ ဇွန်လ(၂၄)ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှုပြုနိုင်မည့် ပထမဆုံးသော နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုကို တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ သိရသည်။

"မိုင်းယောင်းဘက်က ကုန်ပစ္စည်းတွေက မဖွင့်ရင်လည်း တရားမဝင် သွားနေတာလေ။ နိုင်ငံတော်လည်း နစ်နာတယ်။ ဒါကြောင့် ကျွန်တော်တို့က ကုန်သွယ်မှုကို ကြီးကြပ်ဖို့ အဖွဲ့ဖွဲ့လိုက်တယ်။ အဲဒါကိုလည်း ပြည်ထောင်စုအစိုးရကို တင်ပြီးသွားပါပြီ။ "ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှနေ၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ကုန်စည်တင်ပို့မှုများရှိနေသော်လည်း တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းမရှိသဖြင့် နိုင်ငံတော်အခွန်ငွေ ဆုံးရှုံးနခြေင်းဖြစ်သည်။

နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံမှ ပင်လယ်ထွက်ပေါက်အဖြစ် ကျောက်ဖြူ-ကူမင်း ရထားလမ်းအား တောင်းဆိုခဲ့သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ခံခဲ့ခြင်းမရှိဘဲ မျှတသော ကုန်သွယ်မှုဖြစ်ရန်အတွက်သာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်းမှ တရုတ်နိုင်ငံသို့ ဆန်အများဆုံး တင်ပို့လျှက်ရှိပြီး၊ အခြားသော ဒေသထွက်ကုန်များ အဖြစ် ငှက်ပျောသီး၊ ဖရဲသီး၊ ရာဘာနှင့် လယ်ယာထွက်ကုန်ပစ္စည်းများအား တင်ပို့လျှက်ရှိကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

မြန်မာ - တရုတ်နှစ်နိုင်ငံ တရားဝင် ကုန်သွယ်မှုပြုလုပ်လျှက်ရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်း(၄)ခုမှ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၅၉၃၆.၈၅၁)သန်းရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအရသိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~