မဟာမုနိဘုရားႀကီး၏ ေရႊဆိုင္းေလလံ ေလွ်ာက္ထားသူ ယခုႏွစ္တြင္ အမ်ားဆံုးျဖစ္ေန

မဟာမုနိဘုရားႀကီး၏ ေရႊဆိုင္းေလလံ ေလွ်ာက္ထားသူ ယခုႏွစ္တြင္ အမ်ားဆံုးျဖစ္ေန
ဇွန် 21, 2016
By Tachileik News Agency
Photo: amazinglotusmyanmar.com

မႏၱေလး၊ ဇြန္လ (၂၁) ရက္
မႏၱေလးၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီး၏ ေရႊဆိုင္းေလလံေခၚယူရာတြင္ ယခုႏွစ္ ေရႊဆိုင္းေလလံ ေလွ်ာက္သူ အေရအတြက္မွာ ယခင္ႏွစ္မ်ားထက္ အမ်ားဆံုးျဖစ္ေနေၾကာင္း သိရသည္။

“ဒီႏွစ္က ေရႊဆိုင္းေလလံေလွ်ာက္တဲ့သူ အမ်ားဆံုးပဲ။ အစဥ္အဆက္ ဒီေလာက္ လူအမ်ားႀကီး မေလွ်ာက္ၾကဘူး။ ဒီႏွစ္က ေရႊဆိုင္းအရြယ္အစားကို ႏွစ္လက္မပတ္လည္ကေန (၁.၇၅)လက္မ ေလွ်ာ့ေပးလိုက္တာေၾကာင့္လည္း ပါတယ္။ ႏွစ္လက္မပတ္လည္ဆိုရင္ ေရႊေစ်းနဲ႔ဆို သိပ္မျမတ္တာလည္း ပါတယ္။” ဟု ဘုရားႀကီးေဂါပက ဥကၠဌ ဦးစိုးလင္းက ေျပာသည္။

ယခင္ႏွစ္မ်ားတြင္ ေရႊဆိုင္းေလလံ ေလွ်ာက္ထားသူဦးေရ (၄၀)ေက်ာ္သာ အမ်ားဆံုးရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ (၇၁) ဦးရိွေၾကာင္း သိရသည္။

ေလလံေလွ်ာက္ထားရာတြင္ မိမိတို႔လုပ္ငန္းဆိုင္းဘုတ္၏ တည္ေနရာ ဓာတ္ပံုတစ္ပံု၊ ၂၀၁၅-၂၀၁၆ ကုန္သြယ္ခြန္ စာရြက္၊ သက္တမ္းတမ္းတိုးထားေသာ လုပ္ငန္းလိုင္စင္မ်ားႏွင့္ ပူးတြဲေလ်ာက္ထားရမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားေသာ္လည္း အခ်က္အလက္္မျပည့္စံုသည့္ ေလွ်ာက္ထားသူမ်ားလည္း ရိွေနေၾကာင္း သိရသည္။

“ေလွ်ာက္ထားရမယ့္အခ်က္အလက္ေတြ ေျပာထားေပမဲ့ တခ်ိဳ႕လည္း စည္းကမ္းခ်က္နဲ႔မညီတဲ့သူေတြကို ေလလံမေပးပါဘူး။ အခုတစ္ခါမရေပမဲ့ ေနာက္တစ္ခါက်ရင္ အျပည့္အစံုလုပ္ၿပီး ေလွ်ာက္ထားလို႔ရတယ္။ ကၽြန္ေတာ္တို႔ ေလလံေပးေတာ့မယ္ဆိုရင္ အလုပ္လုပ္တဲ့ေနရာကို ကြင္းဆင္းၿပီး စစ္ေဆးရပါတယ္။ တခ်ိဳ႕လုပ္ငန္းေတြက်ေတာ့လည္း အမည္သာခံၿပီး ကိုယ္တိုင္မလုပ္ဘဲ သူမ်ားအပ္တဲ့သူေတြရွိတယ္။ အဲဒီလိုလူေတြကို ေလလံမေပးပါဘူး။”ဟု ဘုရားႀကီးေဂါပက ဥကၠဌ ဦးစိုးလင္းက ေျပာသည္။

ေလလံေလွ်ာက္ထားသူ (၇၁) ဦးတြင္ (၆၉) ဦးေလလံရရိွခဲ့ၿပီး က်န္တစ္ဦးမွာ ၾကမ္းခင္းေစ်းႏွင့္ မကိုက္ညီသျဖင့္ ေရြးခ်ယ္ခံရျခင္း မရိွေၾကာင္း သိရသည္။

“ကြင္းဆင္းၿပီး စစ္ေဆးမယ္ဆိုရင္လည္း ရံဖန္ရံခါ စစ္ေဆးေစလိုပါတယ္။ တစ္ခ်ိဳ႕က ေလလံေအာင္ၿပီး သူမ်ားျပန္ေရာင္းစားတာေတြ ရွိေနပါတယ္။ ကၽြန္မတို႔က အစဥ္အဆက္ ဒီရိုးရာလုပ္ငန္းနဲ႔ပဲ လုပ္ကိုင္ စားေသာက္လာတာဆိုေတာ့ ဒီလိုလုပ္သူေတြအမ်ားႀကီး ႀကံဳရပါတယ္။ တကယ္လုပ္ကိုင္တဲ့သူေတြက နစ္နာပါတယ္။” ဟု သာထူးေရႊဆိုင္းမွ ေဒၚသီတာမိုးက ဆိုသည္။

ေလလံေအာင္သူ (၆၉) ဦးသည္ (၄၅) ရက္အတြင္း တစ္ဦးလွ်င္ ေရႊဆိုင္း (၁၅၀)ကို ႏွစ္ႀကိမ္ခြဲ၍ သြင္းရမည္ျဖစ္ၿပီး ေရႊဆိုင္းသြင္းၿပီး တစ္ပတ္အတြင္း ေငြေပးေခ်မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္

..............

မန္တလေး၊ ဇွန်လ (၂၁) ရက်
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး၏ ရွှေဆိုင်းလေလံခေါ်ယူရာတွင် ယခုနှစ် ရွှေဆိုင်းလေလံ လျှောက်သူ အရေအတွက်မှာ ယခင်နှစ်များထက် အများဆုံးဖြစ်နေကြောင်း သိရသည်။

“ဒီနှစ်က ရွှေဆိုင်းလေလံလျှောက်တဲ့သူ အများဆုံးပဲ။ အစဉ်အဆက် ဒီလောက် လူအများကြီး မလျှောက်ကြဘူး။ ဒီနှစ်က ရွှေဆိုင်းအရွယ်အစားကို နှစ်လက်မပတ်လည်ကနေ (၁.၇၅)လက်မ လျှော့ပေးလိုက်တာကြောင့်လည်း ပါတယ်။ နှစ်လက်မပတ်လည်ဆိုရင် ရွှေဈေးနဲ့ဆို သိပ်မမြတ်တာလည်း ပါတယ်။” ဟု ဘုရားကြီးဂေါပက ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

ယခင်နှစ်များတွင် ရွှေဆိုင်းလေလံ လျှောက်ထားသူဦးရေ (၄၀)ကျော်သာ အများဆုံးရှိခဲ့သော်လည်း ယခုနှစ်တွင် (၇၁) ဦးရှိကြောင်း သိရသည်။

လေလံလျှောက်ထားရာတွင် မိမိတို့လုပ်ငန်းဆိုင်းဘုတ်၏ တည်နေရာ ဓာတ်ပုံတစ်ပုံ၊ ၂၀၁၅-၂၀၁၆ ကုန်သွယ်ခွန် စာရွက်၊ သက်တမ်းတမ်းတိုးထားသော လုပ်ငန်းလိုင်စင်များနှင့် ပူးတွဲလျောက်ထားရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း အချက်အလက်မပြည့်စုံသည့် လျှောက်ထားသူများလည်း ရှိနေကြောင်း သိရသည်။

“လျှောက်ထားရမယ့်အချက်အလက်တွေ ပြောထားပေမဲ့ တချို့လည်း စည်းကမ်းချက်နဲ့မညီတဲ့သူတွေကို လေလံမပေးပါဘူး။ အခုတစ်ခါမရပေမဲ့ နောက်တစ်ခါကျရင် အပြည့်အစုံလုပ်ပြီး လျှောက်ထားလို့ရတယ်။ ကျွန်တော်တို့ လေလံပေးတော့မယ်ဆိုရင် အလုပ်လုပ်တဲ့နေရာကို ကွင်းဆင်းပြီး စစ်ဆေးရပါတယ်။ တချို့လုပ်ငန်းတွေကျတော့လည်း အမည်သာခံပြီး ကိုယ်တိုင်မလုပ်ဘဲ သူများအပ်တဲ့သူတွေရှိတယ်။ အဲဒီလိုလူတွေကို လေလံမပေးပါဘူး။”ဟု ဘုရားကြီးဂေါပက ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

လေလံလျှောက်ထားသူ (၇၁) ဦးတွင် (၆၉) ဦးလေလံရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ကြမ်းခင်းဈေးနှင့် မကိုက်ညီသဖြင့် ရွေးချယ်ခံရခြင်း မရှိကြောင်း သိရသည်။

“ကွင်းဆင်းပြီး စစ်ဆေးမယ်ဆိုရင်လည်း ရံဖန်ရံခါ စစ်ဆေးစေလိုပါတယ်။ တစ်ချို့က လေလံအောင်ပြီး သူများပြန်ရောင်းစားတာတွေ ရှိနေပါတယ်။ ကျွန်မတို့က အစဉ်အဆက် ဒီရိုးရာလုပ်ငန်းနဲ့ပဲ လုပ်ကိုင် စားသောက်လာတာဆိုတော့ ဒီလိုလုပ်သူတွေအများကြီး ကြုံရပါတယ်။ တကယ်လုပ်ကိုင်တဲ့သူတွေက နစ်နာပါတယ်။” ဟု သာထူးရွှေဆိုင်းမှ ဒေါ်သီတာမိုးက ဆိုသည်။

လေလံအောင်သူ (၆၉) ဦးသည် (၄၅) ရက်အတွင်း တစ်ဦးလျှင် ရွှေဆိုင်း (၁၅၀)ကို နှစ်ကြိမ်ခွဲ၍ သွင်းရမည်ဖြစ်ပြီး ရွှေဆိုင်းသွင်းပြီး တစ်ပတ်အတွင်း ငွေပေးချေမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~