မကွေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအစိုးရသစ်က ကျွန်းနှင့်သစ်မာ (၉)သိန်း စိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအစိုးရသစ်က ကျွန်းနှင့်သစ်မာ (၉)သိန်း စိုက်ပျိုးမည်
ဇှနျ 25, 2016
By Tachileik News Agency

မကွေး၊ ဇွန်လ (၂၅) ရက်

ဒေသစိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာစေရေးနှင့် ပြည်သူလူထုအနေဖြင့် သစ်တောသယံဇာတထိန်းသိမ်းရေး အသိဖြင့် ပူးပေါင်းဆောင်ရွက်လာစေရေးတို့အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီးအတွင်း စီးပွားရေးကျွန်းစိုက်ခင်း (၇၀၀)ဧက၊ ရေဝေရေလဲစိုက်ခင်း(၁၀၀)ဧက၊ ကျေးရွာသုံး မိုးနည်းစိုက်ခင်း(၁၀၀၀)ဧက၊ စုစုပေါင်း သစ်တောစိုက်ခင်း(၁၈၀၀)ဧက စိုက်ပျိုးတည်ထောင်ရန် ဆောင်ရွက်လျှက်ရှိပြီး ဒေသစိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှု အသွင်ဖြင့် တစ်အိမ်ထောင် ကျွန်း(၃)ပင်အဖြစ် အိမ်ထောင်စုပေါင်း(၆,၉၅၀)အတွက် ကျွန်း(၂၀,၈၅၀)ပင်၊ တစ်အိမ်ထောင် သစ်မာ(၂၀)ပင်အဖြစ် အိမ်ထောင်စုပေါင်း (၉,၉၇၇)အတွက် (၁၉၉,၅၄၀)ပင်၊ တစ်ရွာ(၁)ဧကနှုန်းဖြင့် ကျေးရွာ(၆၄)ရွာ၌ (၃၄,၅၆၀)ပင်၊ လမ်းဘေးဝဲယာ ကျွန်းစိုက်ခင်းအနေဖြင့် (၁၉,၆၂၅)ပင်၊ ဌာနဆိုင်ရာအဖွဲ့အစည်း လူထုဖြန့်သစ်ပင်စိုက်ပွဲတော်အနေဖြင့် (၆၂၅,၄၂၅)ပင်၊ စုစုပေါင်းအပင်ပေါင်း(၉)သိန်းကို မိုးရာသီအတွင်း အချိန်မီစိုက်ပျိုးနိုင်ရန် ခရိုင်/မြို့နယ်များရှိ ပျိုးဥယျာဉ်များတွင် အဆင်သင့် ပျိုးထောင်ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဖီးနစ်(မကွေး)
........................
မကွေး၊ ဇွန်လ (၂၅) ရက်
မကွေးတိုင်းဒေသကြီးတွင် ကျွန်းနှင့်သစ်မာပင် (၉)သိန်းကို ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ သိရသည်။
ဒေသစိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာစေရေးနှင့် ပြည်သူလူထုအနဖြေင့် သစ်တောသယံဇာတထိန်းသိမ်းရေး အသိဖြင့် ပူးပေါင်းဆောင်ရွက်လာစေရေးတို့အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
“သစ်ပင်ဆိုတာက စိုက်ပျိုးပြီးရုံနဲ့ မလုံလောက်ပါဘူး။ ရှင်သန်အောင် ပြုစုပျိုးထောင်ပေးဖို့လည်း လိုပါတယ်။ သစ်တောသစ်ပင်တွေ ရေရှည်တည်တံ့ရေးအတွက် ပြည်သူလူထုကလည်း အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ဇွန်လ(၁၉)ရက်က ကျရောက်ခဲ့သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၁ နှစ် မြောက်) မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ခြင်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း စီးပွားရေးကျွန်းစိုက်ခင်း (၇၀၀)ဧက၊ ရေဝေရေလဲစိုက်ခင်း(၁၀၀)ဧက၊ ကျေးရွာသုံး မိုးနည်းစိုက်ခင်း(၁၀၀၀)ဧက၊ စုစုပေါင်း သစ်တောစိုက်ခင်း(၁၈၀၀)ဧက စိုက်ပျိုးတည်ထောင်ရန် ဆောင်ရွက်လျှက်ရှိပြီး ဒေသစိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှု အသွင်ဖြင့် တစ်အိမ်ထောင် ကျွန်း(၃)ပင်အဖြစ် အိမ်ထောင်စုပေါင်း(၆,၉၅၀)အတွက် ကျွန်း(၂၀,၈၅၀)ပင်၊ တစ်အိမ်ထောင် သစ်မာ(၂၀)ပင်အဖြစ် အိမ်ထောင်စုပေါင်း (၉,၉၇၇)အတွက် (၁၉၉,၅၄၀)ပင်၊ တစ်ရွာ(၁)ဧကနှုန်းဖြင့် ကျေးရွာ(၆၄)ရွာ၌ (၃၄,၅၆၀)ပင်၊ လမ်းဘေးဝဲယာ ကျွန်းစိုက်ခင်းအနဖြေင့် (၁၉,၆၂၅)ပင်၊ ဌာနဆိုင်ရာအဖွဲ့အစည်း လူထုဖြန့်သစ်ပင်စိုက်ပွဲတော်အနဖြေင့် (၆၂၅,၄၂၅)ပင်၊ စုစုပေါင်းအပင်ပေါင်း(၉)သိန်းကို မိုးရာသီအတွင်း အချိန်မီစိုက်ပျိုးနိုင်ရန် ခရိုင်/မြို့နယ်များရှိ ပျိုးဥယျာဉ်များတွင် အဆင်သင့် ပျိုးထောင်ထားပြီးဖြစ်ကြောင်း သိရသည်။
သတင်း။ ဖီးနစ်(မကွေး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~