မေကြးတိုင္း စိုက္ပ်ိဳးေရးဌာနမွ စိန္တစ္လံုး သရက္ပ်ိဳးပင္မ်ားကို အခမဲ့ ျဖန္႔ျဖဴး

မေကြးတိုင္း စိုက္ပ်ိဳးေရးဌာနမွ စိန္တစ္လံုး သရက္ပ်ိဳးပင္မ်ားကို အခမဲ့ ျဖန္႔ျဖဴး
ဇွန် 2, 2016
By Tachileik News Agency

မေကြး၊ ဇြန္လ(၂)
စိန္တစ္လံုးသရက္ပ်ိိဳးပင္မ်ားအား ေတာင္သူကုစားမႈသီးႏွံအျဖစ္ မေကြးတိုင္းအတြင္းရွိ ၿမိဳ႕နယ္(၂၅)ၿမိဳ႕နယ္တြင္ အခမဲ့ျဖန္႔ျဖဴးျခင္းႏွင့္ ကိုင္းဆက္နည္းမ်ား သင္ၾကားျဖန္႔ျဖဴးျခင္းတို႔အား ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး စိုက္ပ်ိဳးေရး ဦးစီးဌာနမွ သိရိွရသည္။

“သီးႏွံသစ္ေတာ ေရာေႏွာစိုက္ခင္းအေနနဲ႔ စိန္တစ္လံုးသရက္မ်ိဳးကို မေကြးတိုင္းအတြင္းက (၂၅) ၿမိဳ႕နယ္မွာ ရိွတဲ့ ေတာင္သူေတြ စိုက္ပ်ိဳးႏိုင္ေအာင္ ပ်ိဳးပင္ေတြကို အခမဲ့ျဖန္႔ျဖဴးေပးသြားမွာျဖစ္ပါတယ္။ စိုက္ပ်ိဳးသီးႏွံေတြက ရာသီဥတုကို အမွီျပဳရလို႔ မိုးေလမမွန္ဘူးဆိုရင္ ေတာင္သူေတြ အရံွဳးေပၚၾကတယ္။ အခုလို စိန္တစ္လံုး သရက္ပင္ေတြကို ယာကသင္းေတြမွာ စိုက္ပ်ိဳးၾကမယ္ဆိုရင္ သီးႏွံအရံွဳးေပၚရင္လည္း ကုစားႏိုင္မွာျဖစ္ၿပီး အဓိက ဝင္ေငြရရိွေစတဲ႔ စိုက္ပ်ိဳးသီးႏွံတစ္ခုအျဖစ္ အားထားလာႏိုင္မွာျဖစ္ပါတယ္ ”ဟု မေကြးတိုင္းေဒသ ႀကီး စိုက္ပ်ိဳးေရးဦးစီးဌာနမွဴး ညႊန္ၾကားေရးမွဴး ဦးခင္ေမာင္ဝင္းက ေျပာသည္။

မေကြးတိုင္းေဒသႀကီးတြင္ (၂၅)ၿမိဳ႕နယ္ရိွရာ ယခုႏွစ္မိုးရာသီ၌ တစ္ၿမိဳ႕နယ္လွ်င္ စိန္တစ္လံုးပ်ိဳးပင္ (၂၀၀) ျဖန္႔ေဝေပးႏိုင္ရန္ အတြက္ ပ်ိဳးပင္ေပါင္း(၆၀၀၀)ေက်ာ္ စိုက္ပ်ိဳးထားၿပီး ေတာင္သူမ်ားကို အပင္ျဖစ္ထြန္းလာပါက ကိုင္းယူ၍ အျခားသရက္မ်ိဳးပင္မ်ားျဖင့္ ကိုင္းဆက္နည္းကို သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

 “ပ်ိဳးပင္က သယ္ယူရတာ အခက္အခဲရိွတယ္။ ကိုင္းဆက္နည္းနဲ႔ မ်ိဳးပြားေစတာက လြယ္ကူပါတယ္။ ကိုင္းဆက္နည္းပညာကိုလည္း ေက်းရြာေတြမွာ အေရာက္သြားၿပီး ျပသေပးမွာျဖစ္ပါတယ္။ ဘယ္လိုသရက္ မ်ိဳးကိုမဆို စိန္တစ္လံုးမ်ိဳးျဖစ္ေအာင္ ကိုင္းဆက္နည္းနဲ႔ ေျပာင္းေအာင္လုပ္လို႔ရပါတယ္”ဟု မေကြး-နတ္ ေမာက္လမ္းရိွ စိန္တစ္လံုးသရက္ပ်ိဳးျခံတာဝန္ခံက ေျပာသည္။

စိန္တစ္လံုးမ်ိဳးသည္ ကမာၻ႔ေစ်းကြက္၌ အႀကိဳက္မ်ားကာ ျမန္မာႏိုင္ငံမွ ထြက္ကုန္အျဖစ္ တင္ပို႔ ေနရေသာ္လည္း ဝယ္လိုအားကို မီေအာင္တင္ပို႔ႏိုင္ျခင္းမရိွေၾကာင္း သိရသည္။

လက္ရိွတြင္ တရုတ္ႏိုင္ငံကိုသာ အဓိက တင္ပို႔ေနရၿပီး စိုက္ပ်ိဳးမႈ တြင္က်ယ္လာမည္ဆိုပါက စကၤာပူ၊ယိုးဒယား၊ဂ်ပန္ႏွင္႔ ဥေရာပႏိုင္ငံ မ်ားသို႔ပါ တင္ပို႔ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္(မေကြး)
.................

 မကွေး၊ ဇွန်လ(၂)
 စိန်တစ်လုံးသရက်ပျိုးပင်များအား တောင်သူကုစားမှုသီးနှံအဖြစ် မကွေးတိုင်းအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် အခမဲ့ဖြန့်ဖြူးခြင်းနှင့် ကိုင်းဆက်နည်းများ သင်ကြားဖြန့်ဖြူးခြင်းတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

“သီးနှံသစ်တော ရောနှောစိုက်ခင်းအနေနဲ့ စိန်တစ်လုံးသရက်မျိုးကို မကွေးတိုင်းအတွင်းက (၂၅) မြို့နယ်မှာ ရှိတဲ့ တောင်သူတွေ စိုက်ပျိုးနိုင်အောင် ပျိုးပင်တွေကို အခမဲ့ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံတွေက ရာသီဥတုကို အမှီပြုရလို့ မိုးလေမမှန်ဘူးဆိုရင် တောင်သူတွေ အရှုံးပေါ်ကြတယ်။ အခုလို စိန်တစ်လုံး သရက်ပင်တွေကို ယာကသင်းတွေမှာ စိုက်ပျိုးကြမယ်ဆိုရင် သီးနှံအရှုံးပေါ်ရင်လည်း ကုစားနိုင်မှာဖြစ်ပြီး အဓိက ဝင်ငွေရရှိစေတဲ့ စိုက်ပျိုးသီးနှံတစ်ခုအဖြစ် အားထားလာနိုင်မှာဖြစ်ပါတယ် ”ဟု မကွေးတိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် (၂၅)မြို့နယ်ရှိရာ ယခုနှစ်မိုးရာသီ၌ တစ်မြို့နယ်လျှင် စိန်တစ်လုံးပျိုးပင် (၂၀၀) ဖြန့်ဝေပေးနိုင်ရန် အတွက် ပျိုးပင်ပေါင်း(၆၀၀၀)ကျော် စိုက်ပျိုးထားပြီး တောင်သူများကို အပင်ဖြစ်ထွန်းလာပါက ကိုင်းယူ၍ အခြားသရက်မျိုးပင်များဖြင့် ကိုင်းဆက်နည်းကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 “ပျိုးပင်က သယ်ယူရတာ အခက်အခဲရှိတယ်။ ကိုင်းဆက်နည်းနဲ့ မျိုးပွားစေတာက လွယ်ကူပါတယ်။ ကိုင်းဆက်နည်းပညာကိုလည်း ကျေးရွာတွေမှာ အရောက်သွားပြီး ပြသပေးမှာဖြစ်ပါတယ်။ ဘယ်လိုသရက် မျိုးကိုမဆို စိန်တစ်လုံးမျိုးဖြစ်အောင် ကိုင်းဆက်နည်းနဲ့ ပြောင်းအောင်လုပ်လို့ရပါတယ်”ဟု မကွေး-နတ် မောက်လမ်းရှိ စိန်တစ်လုံးသရက်ပျိုးခြံတာဝန်ခံက ပြောသည်။

စိန်တစ်လုံးမျိုးသည် ကမာ္ဘ့ဈေးကွက်၌ အကြိုက်များကာ မြန်မာနိုင်ငံမှ ထွက်ကုန်အဖြစ် တင်ပို့ နေရသော်လည်း ဝယ်လိုအားကို မီအောင်တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံကိုသာ အဓိက တင်ပို့နေရပြီး စိုက်ပျိုးမှု တွင်ကျယ်လာမည်ဆိုပါက စင်္ကာပူ၊ယိုးဒယား၊ဂျပန်နှင့် ဥရောပနိုင်ငံ များသို့ပါ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ဖီးနစ်(မကွေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~