တာခ်ီလိတ္ၿမိဳ႕ထက္ အိမ္ၿခံေျမေစ်းႏႈန္း သက္သာသည့္ မယ္ဆိုင္တြင္ အိမ္ၿခံေျမ ဝယ္ယူသူမ်ားလာ

တာခ်ီလိတ္ၿမိဳ႕ထက္ အိမ္ၿခံေျမေစ်းႏႈန္း သက္သာသည့္ မယ္ဆိုင္တြင္ အိမ္ၿခံေျမ ဝယ္ယူသူမ်ားလာ
ဇွန် 1, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ (၁) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မွ ရွမ္းတိုင္းရင္းသားအမ်ားစုသည္ ေဒသတြင္းထက္ ေစ်းႏႈန္း သက္သာသည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ အိမ္ျခံေျမမ်ား၀ယ္ယူကာ သြားေရာက္ေနထိုင္သူ မ်ားလာေၾကာင္း အိမ္ျခံေျမအေရာင္း၀ယ္လုပ္ကိုင္သူမ်ားထံမွ သိရသည္။

“အဓိက ဟိုဘက္ကို သြားေနထိုင္ၾကတာက ပထမအခ်က္အေနနဲ႔ သူတို႔ဖက္မွာ ေျမကြက္တစ္ကြက္ အနည္းဆုံး (၆၀-၈၀) အကြက္ႀကီးရိုက္တယ္။ တခါတေလ ေပ (၁၀၀)ပတ္လည္အထိရိုက္တယ္။ ဒုတိယအခ်က္က ေစ်းႏႈန္းက ေခါက္ခ်ိဳးေလာက္ကြာတယ္။ ဒါေတာင္ တခ်ိဳ႕ အိမ္တစ္ထပ္တိုက္လည္း ပါတယ္။ ေနာက္တစ္ခ်က္က အေဆာက္အဦးက ခိုင္ခံသပ္ရပ္တယ္။ ၀ယ္မယ္ဆိုရင္ အရစ္က်စနစ္နဲ႔လည္း ေပးတယ္။ အဲဒီအခ်က္သုံးခ်က္ေၾကာင့္ ဟိုဘက္မွာ သြားေနထိုင္ၾကတယ္။”ဟု တာခ်ီလိတ္မွ အိမ္ျခံေျမေရာင္း၀ယ္ လုပ္ကိုင္သူ ကိုဆန္း၀င္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၏ ေျမကြက္ေပါက္ေစ်းႏႈန္းမ်ားမွာ ေပ(၄၀- ၆၀) တစ္ကြက္လွ်င္ ဘတ္(၂၅)သိန္း၀န္းက်င္မွ ေနရာအလိုက္ ေစ်းႏႈန္းကြာဟမႈရိွၿပီး ထိုင္းႏိ္ုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ေပ(၄၀-၆၀)တစ္ကြက္ အိမ္တစ္ထပ္တိုက္ အပါအဝင္ ဘတ္(၂၀)သိန္း၀န္းက်င္သာရွိေၾကာင္းႏွင့္ လုံးခ်င္းအိမ္အေသး ဘတ္(၂)သိန္းရွိေၾကာင္း သိရသည္။

“ဟိုဘက္မွာက ေစ်းသက္သာလို႔ သြား၀ယ္ၿပီးေနၾကတာ။ (၄၀ - ၆၀)တစ္ကြက္ကို တစ္ထပ္တိုက္အိမ္အပါ သိန္း(၂၀)ဘတ္ေက်ာ္ပဲ ရွိတယ္။ အမ်ားအားျဖင့္ကေတာ့ အဲဒီဖက္မွာ ၀ယ္မယ္ဆိုရင္ စာရြက္စာတမ္း အျပည့္စုံပါတာပဲ ၀ယ္ၾကပါတယ္။ အဲဒီဖက္မွာ အမ်ားဆုံး အိမ္ျခံေျမ၀ယ္တာကေတာ့ ရွမ္းတုိင္းရင္သားေတြက ပိုမ်ားပါတယ္။”ဟု တာခ်ီလိတ္မွ မနန္းႏြံက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နွင့္ အနီးဆုံးနယ္စပ္ၿမိဳ႕ျဖစ္သည့္ မယ္ဆိုင္ၿမိဳ႕အျပင္ ခ်င္းရိုင္း၊ ခ်င္းမိုင္ေဒသမ်ားတြင္ပါ အိမ္ၿခံေျမဝယ္ယူေနထုိင္ၾကသည့္ ရွမ္းတိုင္းရင္းသားမ်ားရိွေၾကာင္း အိမ္ျခံေျမေရာင္း၀ယ္သူမ်ားထံမွ သိရသည္။

သတင္း။  ။ ေဇာင္းညီ
..........

တာချီလိတ်၊ ဇွန်လ (၁) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ရှမ်းတိုင်းရင်းသားအများစုသည် ဒေသတွင်းထက် ဈေးနှုန်း သက်သာသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အိမ်ခြံမြေများဝယ်ယူကာ သွားရောက်နေထိုင်သူ များလာကြောင်း အိမ်ခြံမြေအရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရသည်။

“အဓိက ဟိုဘက်ကို သွားနေထိုင်ကြတာက ပထမအချက်အနေနဲ့ သူတို့ဖက်မှာ မြေကွက်တစ်ကွက် အနည်းဆုံး (၆၀-၈၀) အကွက်ကြီးရိုက်တယ်။ တခါတလေ ပေ (၁၀၀)ပတ်လည်အထိရိုက်တယ်။ ဒုတိယအချက်က ဈေးနှုန်းက ခေါက်ချိုးလောက်ကွာတယ်။ ဒါတောင် တချို့ အိမ်တစ်ထပ်တိုက်လည်း ပါတယ်။ နောက်တစ်ချက်က အဆောက်အဦးက ခိုင်ခံသပ်ရပ်တယ်။ ဝယ်မယ်ဆိုရင် အရစ်ကျစနစ်နဲ့လည်း ပေးတယ်။ အဲဒီအချက်သုံးချက်ကြောင့် ဟိုဘက်မှာ သွားနေထိုင်ကြတယ်။”ဟု တာချီလိတ်မှ အိမ်ခြံမြေရောင်းဝယ် လုပ်ကိုင်သူ ကိုဆန်းဝင်းက ပြောသည်။

တာချီလိတ်မြို့၏ မြေကွက်ပေါက်ဈေးနှုန်းများမှာ ပေ(၄၀- ၆၀) တစ်ကွက်လျှင် ဘတ်(၂၅)သိန်းဝန်းကျင်မှ နေရာအလိုက် ဈေးနှုန်းကွာဟမှုရှိပြီး ထိုင်းနို်င်ငံ မယ်ဆိုင်မြို့တွင် ပေ(၄၀-၆၀)တစ်ကွက် အိမ်တစ်ထပ်တိုက် အပါအဝင် ဘတ်(၂၀)သိန်းဝန်းကျင်သာရှိကြောင်းနှင့် လုံးချင်းအိမ်အသေး ဘတ်(၂)သိန်းရှိကြောင်း သိရသည်။

“ဟိုဘက်မှာက ဈေးသက်သာလို့ သွားဝယ်ပြီးနကြေတာ။ (၄၀ - ၆၀)တစ်ကွက်ကို တစ်ထပ်တိုက်အိမ်အပါ သိန်း(၂၀)ဘတ်ကျော်ပဲ ရှိတယ်။ အများအားဖြင့်ကတော့ အဲဒီဖက်မှာ ဝယ်မယ်ဆိုရင် စာရွက်စာတမ်း အပြည့်စုံပါတာပဲ ဝယ်ကြပါတယ်။ အဲဒီဖက်မှာ အများဆုံး အိမ်ခြံမြေဝယ်တာကတော့ ရှမ်းတိုင်းရင်သားတွေက ပိုများပါတယ်။”ဟု တာချီလိတ်မှ မနန်းနွံက ပြောသည်။

တာချီလိတ်မြို့နှင့် အနီးဆုံးနယ်စပ်မြို့ဖြစ်သည့် မယ်ဆိုင်မြို့အပြင် ချင်းရိုင်း၊ ချင်းမိုင်ဒေသများတွင်ပါ အိမ်ခြံမြေဝယ်ယူနေထိုင်ကြသည့် ရှမ်းတိုင်းရင်းသားများရှိကြောင်း အိမ်ခြံမြေရောင်းဝယ်သူများထံမှ သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~