တာချီလိတ်၌ ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုစာရင်းထုတ်ပေးရန် စာရင်းကောက်မှု စတင်
တာချီလိတ်၌ ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုစာရင်းထုတ်ပေးရန် စာရင်းကောက်မှု စတင်
ဇှနျ 13, 2016
By Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၁၃)ရက်
ရွှေ့ပြောင်းနေထိုင်သူများ နှင့် အလုပ်သမားများအား တာချီလိတ်မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာနမှ ရက်(၁၀၀) သစ္စာစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းပြုလုပ်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် စာရင်းကောက်ခံခြင်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများ အနေဖြင့် အိမ်ထောင်စုစာရင်းပြုလုပ်ရန် စာရင်းလာရောက် သွင်းရာတွင် အိမ်ခန်းငှားနေထိုင်သူများမှ အိမ်ငှားစာချုပ်ပါရှိရမည်ဖြစ်ပြီး စာချုပ်မပါလျှင် အိမ်ရှင်ကို ခေါ်ဆောင်လာ၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း အမြို့မြို့အနယ်နယ် မှ ရွှေ့ပြောင်းအလုပ်သမား (၁၀,၀၀၀)ကျော်ရှိသော်လည်း ရက်(၁၀၀) သစ္စာစီမံချက် အနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးရန် (၃၀၀၀) ဦး မှ (၅၀၀၀)ဦးထိ  ခန့်မှန်းထားကြောင်း တာချီလိတ်မြို့နယ်အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ သိရသည်။
သတင်း။  ။ ဇောင်းညီ
.............
တာချီလိတ်၊ ဇွန်လ(၁၃)ရက်
ရွှေ့ပြောင်းနေထိုင်သူများ နှင့် အလုပ်သမားများအား တာချီလိတ်မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာနမှ ရက်(၁၀၀) သစ္စာစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းပြုလုပ်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် စာရင်းကောက်ခံခြင်းများ စတင်နပြေီဖြစ်ကြောင်း သိရသည်။
“ဝမ်ကောင်းရပ်ကွက်မှာတော့ အခုလောလောဆယ် (၄၆)ယောက်လောက် စာရင်းလာသွင်းပြီးသွားပြီ။ အဓိက ကတော့ ရွေ့ပြောင်းနေထိုင်သူတွေ၊ အလုပ်လာလုပ်ကိုင်သူတွေက အိမ်ထောင်စုစာရင်း ပြောင်းတာရယ်၊ အသစ်လာလုပ်တာတွေရယ်ပေါ့။ ရပ်ကွက်တိုင်းမှာတော့ စာရင်း ကောက်ခံမှုတွေ ပြုလုပ်နပြေီ။”ဟု ဝမ်ကောင်းရပ်ကွက်ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများ အနဖြေင့် အိမ်ထောင်စုစာရင်းပြုလုပ်ရန် စာရင်းလာရောက် သွင်းရာတွင် အိမ်ခန်းငှါးနေထိုင်သူများမှ အိမ်ငှါးစာချုပ်ပါရှိရမည်ဖြစ်ပြီး စာချုပ်မပါလျှင် အိမ်ရှင်ကို ခေါ်ဆောင်လာ၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း အမြို့မြို့အနယ်နယ် မှ ရွှေ့ပြောင်းအလုပ်သမား (၁၀,ဝဝဝ)ကျော်ရှိသော်လည်း ရက်(၁၀၀) သစ္စာစီမံချက် အနဖြေင့် ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးရန် (၃၀၀၀) ဦး မှ (၅၀၀၀)ဦးထိ ခန့်မှန်းထားကြောင်း တာချီလိတ်မြို့နယ်အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ သိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~