လားရိႈးတြင္ လမ္းနယ္ေျမအထိ က်ဴးေက်ာ္ေနသည့္ ေစ်းဆိုင္မ်ားအား ရွင္းလင္းဖယ္ရွား

လားရိႈးတြင္ လမ္းနယ္ေျမအထိ က်ဴးေက်ာ္ေနသည့္ ေစ်းဆိုင္မ်ားအား ရွင္းလင္းဖယ္ရွား
ဇွန် 2, 2016
By Tachileik News Agency

လားရွိဳး၊ ဇြန္လ(၂)ရက္
ရွမ္းျပည္နယ္( ေျမာက္ပိုင္း )လားရိႈးၿမိဳ႕တြင္ လမ္းမမ်ားေပၚအထိ က်ဴးေက်ာ္ေစ်းေရာင္းခ်ေနသူမ်ားအား လားရွိဳးၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ လိုက္လံ ဖယ္ရွားလွ်က္ရွိၿပီး လိုက္နာမႈမရွိဘဲ ထပ္မံ၍ စည္းကမ္းမဲ့ေရာင္းခ်လွ်င္ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

"မ်ားေသာအားျဖင့္က ဖုန္းဆိုင္ေတြပါ။ ဖုန္းဆိုင္ေတြကဆိုင္ေရွ႕ ပလက္ေဖာင္းေပၚမွာ ေလးေထာင့္ ထီးေတြနဲ႔ ေရာင္းခ်တာေတြကို ဖယ္ရွားဖို႔ သတိေပးတာပါ။ ျပစ္ဒဏ္ေပးမႈေတာ့ မရွိေသးပါဘူး။ လိုက္နာမႈမရွိဘဲ ဆက္လက္ ခင္းက်င္းေရာင္းခ်တာေတြ ေတြ႔ရရင္ေတာ့ အေရးယူသြားမွာပါ"ဟု  လားရွိဳးၿမိဳ႕နယ္ စည္ပင္သာယာ ဦစီးဌာနမွ  ဦးစီးအရာရွိ ဦးျမတ္သူက ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း )လားရွိဳးၿမိဳ႕ေပၚရွိ  လူစည္ကားရာ သုခလမ္းေပၚမွ ဆိုင္ခန္းမ်ားသည္ လူသြားလမ္း ပလက္ေဖာင္းေပၚတြင္ ထီးအမိုးမ်ားခ်၍ ေၾကာ္ျငာဘုတ္မ်ား ခင္းက်င္းေရာင္းခ်ေနမႈအား ၿမိဳ႕နယ္စည္ပင္သာယာေရး ၀န္ထမ္းမ်ားက ေမလ(၂၇)ရက္ေန႔မွကစၿပီး လိုက္လံ ဖယ္ရွားေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆိုင္ေရွ႕မွာရွိတဲ့ အမိုးေတြ၊ ေၾကာ္ျငာ ဆိုင္းဘုတ္ေတြကို ဖယ္ရွားရွင္းလင္းသြားတာပါ။ ဒီေန႔ေတာ့ ပလက္ေဖာင္းေပၚမွာ ေရာင္းခ်တာမ်ိဳးမေတြ႔ရပါဘူး။ ကၽြန္မတို႔ မရွိဆင္းရဲသားေတြက ဒီပလက္ေဖာင္းပဲ အသံုးျပဳရတာပါ။ သူတို႔က ပလက္ေဖာင္းအထိ ခင္းက်င္းထားေတာ့ လမ္းမေပၚက သြားရတယ္။ အဲဒီေနရာ တစ္လမ္းလံုးက အျမဲတမ္းကားေတြ ဆိုင္ကယ္ေတြနဲ႔ ပိတ္ေနတာ။ အဲဒီေတာ့ စိုးရိမ္စရာေပါ့။ ခုေတာ့အႏၲရာယ္ကင္းကင္းနဲ႔သြားလာနိုင္ပါျပီ''ဟု လားရွိၿမိဳ႕ ေဒသခံ တစ္ဦးက ေျပာသည္။

သုခလမ္းသည္ ညေစ်းႏွင့္နီးသည့္အတြက္ လမ္းအသံုးျပဳသူမ်ားျပားျပီး လမ္းပိတ္ဆို႔မႈမ်ား မၾကာခဏျဖစ္တတ္၍ အႏၲရာယ္ကင္းရွင္းေစရန္သတိေပးတားျမစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕နယ္ စည္ပင္သာယာေရးဦးစီးဌာနအေနျဖင့္ သုခလမ္းတြင္ လမ္းပလက္ေဖာင္းမ်ားအထိ က်ဴးေက်ာ္ေနသည့္ ဆုိင္ခန္းမ်ားအား စတင္ဖယ္ရွားေနျခင္းျဖစ္ၿပီး ၿမိဳ႕သာယာေရးအတြက္ ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေအာင္ျပည့္(လားရႈိး)
.............

လားရှိုး၊ ဇွန်လ(၂)ရက်
ရှမ်းပြည်နယ်( မြောက်ပိုင်း )လားရှိုးမြို့တွင် လမ်းမများပေါ်အထိ ကျူးကျော်ဈေးရောင်းချနေသူများအား လားရှိုးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ လိုက်လံ ဖယ်ရှားလျှက်ရှိပြီး လိုက်နာမှုမရှိဘဲ ထပ်မံ၍ စည်းကမ်းမဲ့ရောင်းချလျှင် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"များသောအားဖြင့်က ဖုန်းဆိုင်တွေပါ။ ဖုန်းဆိုင်တွေကဆိုင်ရှေ့ ပလက်ဖောင်းပေါ်မှာ လေးထောင့် ထီးတွေနဲ့ ရောင်းချတာတွေကို ဖယ်ရှားဖို့ သတိပေးတာပါ။ ပြစ်ဒဏ်ပေးမှုတော့ မရှိသေးပါဘူး။ လိုက်နာမှုမရှိဘဲ ဆက်လက် ခင်းကျင်းရောင်းချတာတွေ တွေ့ရရင်တော့ အရေးယူသွားမှာပါ"ဟု လားရှိုးမြို့နယ် စည်ပင်သာယာ ဦစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သူက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း )လားရှိုးမြို့ပေါ်ရှိ လူစည်ကားရာ သုခလမ်းပေါ်မှ ဆိုင်ခန်းများသည် လူသွားလမ်း ပလက်ဖောင်းပေါ်တွင် ထီးအမိုးများချ၍ ကြော်ငြာဘုတ်များ ခင်းကျင်းရောင်းချနေမှုအား မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက မေလ(၂၇)ရက်နေ့မှကစပြီး လိုက်လံ ဖယ်ရှားနခြေင်းဖြစ်ကြောင်း သိရသည်။

"ဆိုင်ရှေ့မှာရှိတဲ့ အမိုးတွေ၊ ကြော်ငြာ ဆိုင်းဘုတ်တွေကို ဖယ်ရှားရှင်းလင်းသွားတာပါ။ ဒီနေ့တော့ ပလက်ဖောင်းပေါ်မှာ ရောင်းချတာမျိုးမတွေ့ရပါဘူး။ ကျွန်မတို့ မရှိဆင်းရဲသားတွေက ဒီပလက်ဖောင်းပဲ အသုံးပြုရတာပါ။ သူတို့က ပလက်ဖောင်းအထိ ခင်းကျင်းထားတော့ လမ်းမပေါ်က သွားရတယ်။ အဲဒီနေရာ တစ်လမ်းလုံးက အမြဲတမ်းကားတွေ ဆိုင်ကယ်တွေနဲ့ ပိတ်နေတာ။ အဲဒီတော့ စိုးရိမ်စရာပေါ့။ ခုတော့အန္တရာယ်ကင်းကင်းနဲ့သွားလာနိုင်ပါပြီ''ဟု လားရှိမြို့ ဒေသခံ တစ်ဦးက ပြောသည်။

သုခလမ်းသည် ညဈေးနှင့်နီးသည့်အတွက် လမ်းအသုံးပြုသူများပြားပြီး လမ်းပိတ်ဆို့မှုများ မကြာခဏဖြစ်တတ်၍ အန္တရာယ်ကင်းရှင်းစေရန်သတိပေးတားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနအနဖြေင့် သုခလမ်းတွင် လမ်းပလက်ဖောင်းများအထိ ကျူးကျော်နေသည့် ဆိုင်ခန်းများအား စတင်ဖယ်ရှားနခြေင်းဖြစ်ပြီး မြို့သာယာရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ အောင်ပြည့်(လားရှိုး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~