ကြမ္းယာဆိုင္မ်ားအား အတင္းအဓမၼပိတ္သိမ္းရန္ ႏိုင္ငံေတာ္မွ ညႊန္ၾကားထားျခင္း မရိွ

ကြမ္းယာဆိုင္မ်ားအား အတင္းအဓမၼပိတ္သိမ္းရန္ ႏိုင္ငံေတာ္မွ ညႊန္ၾကားထားျခင္း မရိွ
ဇွန် 14, 2016
By Tachileik News Agency

ေနျပည္ေတာ္၊ ဇြန္လ(၁၄)
ကြမ္းယာဆိုင္မ်ားအား အတင္းအဓမၼပိတ္သိမ္းရန္ ညႊန္ၾကားထားျခင္းမရိွဘဲ ျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈရရိွရန္၊ ပညာေပးစည္းရံုးရန္ႏွင့္ ဥပေဒႏွင့္အညီ ေဆာင္ရြက္ရန္သာ ညႊန္ၾကားထားျခင္းျဖစ္သည္ဟု တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားထံ ညႊန္ၾကားခ်က္ကို ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

ကြမ္းယာဆိုင္မ်ား ေရာင္းခ်ျခင္းကို ပိတ္ပင္ေနသည့္ လုပ္ေဆာင္ခ်က္မ်ားႏွင့္ ပတ္သက္၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားထံလိပ္မူ၍ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၏ လမ္းညႊန္မႈအရ ျပည္ေထာင္စု အစိုးရအဖြဲ႕ရံုးမွ ညႊန္ၾကားခ်က္တစ္ေစာင္ကို ဇြန္လ (၁၄) ရက္ေန႔စြဲျဖင့္ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

“ျပည္သူလူထုအား အခြင့္အာဏာအသံုးခ်၍ ၿခိမ္းေျခာက္ျခင္း အႏုိင္အထက္ျပဳမူျခင္းမ်ားသည္ ျပည္သူလူထုက ေရြးေကာက္တင္ေျမွာက္ထားေသာ ဒီမိုကေရစီအစိုးရမ်ား၏ လုပ္ကိုင္ေဆာင္ရြက္မႈ နည္းလမ္းမဟုတ္သည့္အျပင္ ဥပေဒစိုးမိုးေရးကို ကရုဏာအားျဖင့္ ယွဥ္၍ လုပ္ကိုင္ေဆာင္ရြက္ၾကရန္ လမ္းညႊန္ခ်က္ႏွင့္ ဆန္႔က်င္ေနပါသည္”ဟု အဆိုပါ ညႊန္ၾကားခ်က္တြင္ အုပ္ခ်ဳပ္ေရးတာဝန္ရိွသူမ်ားအား သတိေပးထားသည္ကို ေတြ႔ရသည္။

အဆိုပါညႊန္ၾကားခ်က္တြင္ “ကြမ္းစားသံုးျခင္းသည္ ျပည္သူတစ္ရပ္လံုး၏ က်န္းမာေရးအတြက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာ ျဖစ္ေပၚေစႏုိင္သည့္အျပင္ စည္းကမ္းမဲ့ကြမ္းတံေတြးေထြးမႈမ်ားေၾကာင့္ ပတ္ဝန္းက်င္ညစ္ညမ္းမႈကို ျဖစ္ေပၚေစသျဖင့္ ကြမ္းစားသံုးမႈ က်ဆင္း ပေပ်ာက္ေရးအတြက္ အျမန္အေကာင္အထည္ေဖာ္ရမည့္အခ်က္မ်ားကို အေၾကာင္းၾကားခဲ့ပါသည္”ဟု ေဖာ္ျပပါရိွသည္ကို ေတြ႔ရသည္။

ကြမ္းယာဆိုင္မ်ားဖြင့္လွစ္ျခင္းႏွင့္ပတ္သက္၍ လုပ္ငန္းလုိင္စင္ထုတ္ေပးျခင္း သို႔မဟုတ္ ခြင့္ျပဳျခင္းဆိုင္ရာ ျပဌာန္းခ်က္မရိွေသာ္လည္း ကြမ္းစားသံုးမႈ က်ဆင္းပေပ်ာက္ေရး ေဆာင္ရြက္သည့္အေနျဖင့္ ကြမ္းေရာင္းခ်သည့္ဆုိင္မ်ားအား အတင္းအဓမၼပိတ္သိမ္းခိုင္းျခင္းသည္ ဥပေဒျဖင့္မညီသည့္အျပင္ လမ္းညႊန္ခ်က္ႏွင့္ ဆန္႔က်င္ေနပါသည္ဟု သတိေပးထားသည္ကို ေတြ႔ရသည္။

.....................

နပြေည်တော်၊ ဇွန်လ(၁၄)
ကွမ်းယာဆိုင်များအား အတင်းအဓမ္မပိတ်သိမ်းရန် ညွှန်ကြားထားခြင်းမရှိဘဲ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုရရှိရန်၊ ပညာပေးစည်းရုံးရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်သာ ညွှန်ကြားထားခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များထံ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ကွမ်းယာဆိုင်များ ရောင်းချခြင်းကို ပိတ်ပင်နေသည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များထံလိပ်မူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုအရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်တစ်စောင်ကို ဇွန်လ (၁၄) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ပြည်သူလူထုအား အခွင့်အာဏာအသုံးချ၍ ခြိမ်းခြောက်ခြင်း အနိုင်အထက်ပြုမူခြင်းများသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရများ၏ လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်းမဟုတ်သည့်အပြင် ဥပဒေစိုးမိုးရေးကို ကရုဏာအားဖြင့် ယှဉ်၍ လုပ်ကိုင်ဆောင်ရွက်ကြရန် လမ်းညွှန်ချက်နှင့် ဆန့်ကျင်နေပါသည်”ဟု အဆိုပါ ညွှန်ကြားချက်တွင် အုပ်ချုပ်ရေးတာဝန်ရှိသူများအား သတိပေးထားသည်ကို တွေ့ရသည်။

အဆိုပါညွှန်ကြားချက်တွင် “ကွမ်းစားသုံးခြင်းသည် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်သည့်အပြင် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှုများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသဖြင့် ကွမ်းစားသုံးမှု ကျဆင်း ပပျောက်ရေးအတွက် အမြန်အကောင်အထည်ဖော်ရမည့်အချက်များကို အကြောင်းကြားခဲ့ပါသည်”ဟု ဖော်ပြပါရှိသည်ကို တွေ့ရသည်။

ကွမ်းယာဆိုင်များဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ခွင့်ပြုခြင်းဆိုင်ရာ ပြဌာန်းချက်မရှိသော်လည်း ကွမ်းစားသုံးမှု ကျဆင်းပပျောက်ရေး ဆောင်ရွက်သည့်အနဖြေင့် ကွမ်းရောင်းချသည့်ဆိုင်များအား အတင်းအဓမ္မပိတ်သိမ်းခိုင်းခြင်းသည် ဥပဒဖြေင့်မညီသည့်အပြင် လမ်းညွှန်ချက်နှင့် ဆန့်ကျင်နေပါသည်ဟု သတိပေးထားသည်ကို တွေ့ရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~