မယ္ဆိုင္၌ မ်က္ေစ့လည္ လမ္းမွားကာ မိသားစုႏွင့္ အဆက္သြယ္ျပတ္ေနသည့္ က်ဳိင္းတံုမွ အမ်ဳိးသမီးငယ္ မိသားစုႏွင့္ ျပန္ဆံု

မယ္ဆိုင္၌ မ်က္ေစ့လည္ လမ္းမွားကာ မိသားစုႏွင့္ အဆက္သြယ္ျပတ္ေနသည့္ က်ဳိင္းတံုမွ အမ်ဳိးသမီးငယ္ မိသားစုႏွင့္ ျပန္ဆံု
ဇွန် 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၈)
ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ အသက္(၁၆)ႏွစ္အရြယ္  ျမန္မာႏိုင္ငံသား မိန္းကေလးတစ္ဦးႏွင့္ ပတ္သက္၍ ဇြန္လ(၆)ရက္ေန႔က "ထိုင္းႏုိင္ငံ မယ္ဆိုင္တြင္ က်ဳိင္းတံုမွ အမ်ဳိးသမီးငယ္တစ္ဦး မိသားစုႏွင့္ အဆက္သြယ္ျပတ္ေန" သတင္းအား တာခ်ီလိတ္သတင္းေအဂ်င္စီတြင္ ေဖာ္ျပထားလိုက္ၿပီးေနာက္ ယေန႔ ဇြန္လ(၈)ရက္ေန႔တြင္ ၎၏ မိသားစု၀င္မ်ားမွ  သိရွိသြားၿပီး က်ိဳင္းတံုၿမိဳ႕သို႔ ျပန္လည္ေခၚေဆာင္သြားရန္ ျပင္ဆင္ေနေၾကာင္း CNCMC ေကာ္မတီမွ သိရသည္။

"တာခ်ီလိတ္သတင္းေအဂ်င္စီမွာ ေဖာ္ျပထားတဲ့ သတင္းေတြ႕ေတာ့ ကေလးမေလးရဲ႕ မိခင္ဘက္က အမ်ိဳးေတြနဲ႔ ဖခင္ဘက္က အေဒၚေတြေရာက္လာတယ္၊  ေကာင္မေလးကို ေခၚထားတာဟုတ္ပါတယ္တဲ့ ပညာသင္ေပးမလို႔ပါတဲ့ အေဒၚျဖစ္သူက ဆံပင္ညႇပ္ဆိုင္ဖြင့္ထားေတာ့ ကေလးမေလးကို အိမ္ေသာ့ ေပးထားၿပီး ဆိုင္ထြက္တာ ကေလးမေလးက မုန္႔ထြက္၀ယ္ရင္း မျပန္တတ္ဘဲ ေပ်ာက္သြားတာတဲ့ မနက္ျဖန္ေတာ့ က်ဳိင္းတံုကေန သူ႔အေမက ျပန္လာေခၚမယ္လို႔ေျပာတယ္"ဟု အဆိုပါ မိန္းကေလးငယ္ကိစၥတြင္ လိုက္ပါကူညီေပးသူ CNCMC မွ မယ္ဆိုင္ၿမိဳ႕တာ၀န္ခံ ဦးထြန္း(မယ္ဆိုင္)ကေျပာသည္။

"ကေလးမေလးရဲ႕ အေမဘက္က ညီမမ်ားကလည္း တာခ်ီလိတ္သတင္းေအဂ်င္စီမွာ ေဖာ္ျပေပးထားတဲ့ ကြ်န္ေတာ့္ဖုန္းနံပါတ္အတိုင္း ဆက္သြယ္လာလို႔ သြားေရာက္ကူညီေပးခဲ့ပါတယ္။ အခုေတာ့ ေအးေဆးျဖစ္သြားပါၿပီ"ဟု ၎မွ ဆက္လက္ေျပာျပသည္။

အမ်ိဳးသမီးငယ္မွာ ဇြန္လ(၆)ရက္ေန႔က အိမ္အျပန္လမ္းေပ်ာက္သြားရာမွ ထိုင္းရဲတပ္ဖြဲ႔ႏွင့္ တာ၀န္ရွိသူမ်ား ေတြ႕ရွိသြားၿပီး ျမန္မာဘက္ ( TBC ) ႏွင့္ CNCMC သို႔ အေၾကာင္းၾကားကာ ျမန္မာတိုင္းရင္းသား ကေလးငယ္မ်ား မိဘမဲ့ေဂဟာသို႔ ပို႔ေဆာင္ေပးထားျခင္းျဖစ္ၿပီး ယခုအခါ အုပ္ထိန္းသူမ်ားေရာက္ရွိလာ၍ က်ဳိင္းတံုသို႔ ျပန္လည္ေခၚင္ေဆာင္သြားရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
...........

တာချီလိတ်၊ ဇွန်လ(၈)
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် အသက်(၁၆)နှစ်အရွယ် မြန်မာနိုင်ငံသား မိန်းကလေးတစ်ဦးနှင့် ပတ်သက်၍ ဇွန်လ(၆)ရက်နေ့က "ထိုင်းနိုင်ငံ မယ်ဆိုင်တွင် ကျိုင်းတုံမှ အမျိုးသမီးငယ်တစ်ဦး မိသားစုနှင့် အဆက်သွယ်ပြတ်နေ" သတင်းအား တာချီလိတ်သတင်းအေဂျင်စီတွင် ဖော်ပြထားလိုက်ပြီးနောက် ယနေ့ ဇွန်လ(၈)ရက်နေ့တွင်၎င်း၏ မိသားစုဝင်များမှ သိရှိသွားပြီး ကျိုင်းတုံမြို့သို့ ပြန်လည်ခေါ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း CNCMC ကော်မတီမှ သိရသည်။

"တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားတဲ့ သတင်းတွေ့တော့ ကလေးမလေးရဲ့ မိခင်ဘက်က အမျိုးတွေနဲ့ ဖခင်ဘက်က အဒေါ်တွေရောက်လာတယ်၊ ကောင်မလေးကို ခေါ်ထားတာဟုတ်ပါတယ်တဲ့ ပညာသင်ပေးမလို့ပါတဲ့ အဒေါ်ဖြစ်သူက ဆံပင်ညှပ်ဆိုင်ဖွင့်ထားတော့ ကလေးမလေးကို အိမ်သော့ ပေးထားပြီး ဆိုင်ထွက်တာ ကလေးမလေးက မုန့်ထွက်ဝယ်ရင်း မပြန်တတ်ဘဲ ပျောက်သွားတာတဲ့ မနက်ဖြန်တော့ ကျိုင်းတုံကနေ သူ့အမေက ပြန်လာခေါ်မယ်လို့ပြောတယ်"ဟု အဆိုပါ မိန်းကလေးငယ်ကိစ္စတွင် လိုက်ပါကူညီပေးသူ CNCMC မှ မယ်ဆိုင်မြို့တာဝန်ခံ ဦးထွန်း(မယ်ဆိုင်)ကပြောသည်။

"ကလေးမလေးရဲ့ အမေဘက်က ညီမများကလည်း တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြပေးထားတဲ့ ကျွန်တော့်ဖုန်းနံပါတ်အတိုင်း ဆက်သွယ်လာလို့ သွားရောက်ကူညီပေးခဲ့ပါတယ်။ အခုတော့ အေးဆေးဖြစ်သွားပါပြီ"ဟု၎င်းမှ ဆက်လက်ပြောပြသည်။

အမျိုးသမီးငယ်မှာ ဇွန်လ(၆)ရက်နေ့က အိမ်ပြန်လမ်းပျောက်သွားရာမှ ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ တွေ့ရှိသွားပြီး မြန်မာဘက် ( TBC ) နှင့် CNCMC သို့ အကြောင်းကြားကာ မြန်မာတိုင်းရင်းသား ကလေးငယ်များ မိဘမဲ့ဂေဟာသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ပြီး ယခုအခါ အုပ်ထိန်းသူများရောက်ရှိလာ၍ ကျိုင်းတုံသို့ ပြန်လည်ခေါင်ဆောင်သွားရန် ပြင်ဆင်နပြေီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~