အိႏၵိယမွ အဝယ္ရပ္ဆုိင္းျခင္းႏွင့္ ကြမ္းစားသံုးမႈဆိုင္ရာ စည္းကမ္းခ်က္ သတင္းမ်ားေၾကာင့္ ကြမ္းသီးေစ်းကြက္ ေအးေန

အိႏၵိယမွ အဝယ္ရပ္ဆုိင္းျခင္းႏွင့္ ကြမ္းစားသံုးမႈဆိုင္ရာ စည္းကမ္းခ်က္ သတင္းမ်ားေၾကာင့္ ကြမ္းသီးေစ်းကြက္ ေအးေန
ဇွန် 7, 2016
By Tachileik News Agency

မႏၱေလး၊ ဇြန္လ (၇)ရက္
အိႏၵိယအဝယ္မရိွသည့္အျပင္ ကြမ္းစားသံုးသူမ်ား၊ ေရာင္းခ်သူမ်ားႏွင့္ပတ္သက္ေသာ စည္းကမ္းခ်က္မ်ား၊ ေရာင္းခ်ခြင့္မ်ားႏွင့္ ပတ္သက္၍ ေကာလာဟလမ်ား ထြက္ေပၚေနသျဖင့္ ကြမ္းသီးေစ်းကြက္ ေအးေနေၾကာင္း သိရသည္။

“လက္ရွိကြမ္းသီး အေရာင္းအ၀ယ္ေစ်းကြက္က ေအးတာကို မဟုတ္ဘူး။ ပ်က္တဲ့ အေနအထားမွာကို ရွိေနတယ္။ နယ္၀ယ္လက္ေတြကလည္း မမွာဘူး။ အိႏိၵယႏိုင္ငံကလည္း မ၀ယ္ဘူး။ ကြမ္းယာဆိုင္ဖြင့္တဲ့ သူတခ်ိဳ႕လည္း ဆိုင္ပိတ္ကုန္ၾကတယ္။ နယ္စပ္ဂိတ္ေတြလည္း ပိတ္ထားေတာ့ အ၀င္လည္းမရွိဘူး။ ျပည္တြင္းေစ်းကြက္လည္း မေကာင္းဘူး။”ဟု ရန္ကုန္မွ ကြမ္းသီးေရာင္း၀ယ္ေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သူ ကိုလြင္ေအာင္ၿဖိဳးက ဆိုသည္။

ယမန္ႏွစ္ ကြမ္းသီးေပၚခ်ိန္တြင္ ကေလး၊တမူးဘက္မွ တစ္ဆင့္အိႏိၵယႏိုင္ငံသို႕အဓိက ကြမ္းသီးတင္ပုိ႔ ေသာ္လည္း ယခုနွစ္တြင္ အိႏၵိယႏိုင္ငံမွအ၀ယ္ရပ္ဆိုင္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြမ္းစားတာနဲ႔ပတ္သက္ၿပီး စည္းကမ္းခ်က္ထုတ္တယ္ဆိုရင္လည္း တိတိက်က်ထုတ္တာ မဟုတ္ဘူး။ အခုဟာက ဟိုၿမိဳ႕ကတစ္မ်ိဳး ဒီမ်ိဳးကတစ္မ်ိဳးနဲ႔ ေကာလာဟလေတြၾကားေနရေတာ့ မႏၱေလးက ကြမ္းဆိုင္တခ်ိဳ႕လည္း ဖမ္းမွာစိုးလို႕ ပိတ္ကုန္တယ္။ အရင္က အိႏၵိယက တစ္လကို အေမရိကန္ေဒၚလာ (၂)သန္းဖိုးေလာက္၀ယ္တယ္။ အခုအ၀ယ္ရပ္လိုက္တယ္။ ကြမ္းသီးေရာင္းတဲ့သူေတြလည္း ပစၥည္းေတြက ျပည္ပလည္းမထြက္၊ ျပည္တြင္းလည္း မေရာင္းရနဲ႔ ဘာလုပ္ရမွန္းကို မသိေတာ့ဘူး။”ဟု မႏၱေလး ၾကယ္စင္ထြန္းကြမ္းသီးေရာင္း၀ယ္ေရးမွ ကိုဖက္တီးက ဆိုသည္။

ယခုႏွစ္ ကြမ္းသီးေပၚခ်ိန္တြင္ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ကြမ္းသီးအထြက္နႈန္းမွာလည္း ေလ်ာ့က်သြားေၾကာင္း ကြမ္းစိုက္ေတာင္သူမ်ားထံမွ သိရသည္။

“ဒီႏွစ္က ကြမ္းပင္အပြင့္ ပြင့္ခ်ိန္မွာ ေနက တအားပူေတာ့ အပြင့္ေတြေသတယ္။ အပင္ေတြလည္း ေသတယ္။ အရင္ႏွစ္ထက္ေတာ့ အထြက္ႏႈန္းကနည္းသြားတယ္။ ထြက္ႏႈန္းကလည္း နည္းတယ္ ။ ျပည္ပကလည္း မဝယ္ဘူးဆိုေပမဲ့ ေစ်းကေတာ့က်မသြားဘူး။ အေရာင္းကေတာ့ အရမ္းပါးတယ္။ ကြမ္းသီးရွားေတာ့ အခ်ိဳ႕ကြမ္းျခံရွင္ေတြကလည္း ကြမ္းသီးအျပင္ မထုတ္ခ်င္ၾကဘူး။”ဟု ကြမ္းျခံလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

မႏၱေလးကြမ္းသီးေစ်းကြက္အတြင္း ၿမိတ္ကြမ္းသီး တစ္ပိႆာလွ်င္ က်ပ္ (၅၃၀၀)ႏွင့္ ထား၀ယ္ကြမ္းသီးမွာ က်ပ္ (၅၀၀၀)ခန္႔အထိရွိၿပီး ကြမ္းသီးစိပ္ တစ္ပိႆာလွ်င္ က်ပ္ (၆၀၀၀) မွ က်ပ္ (၈၀၀၀) အထိရွိေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္
.............

မန္တလေး၊ ဇွန်လ (၇)ရက်

အိန္ဒိယအဝယ်မရှိသည့်အပြင် ကွမ်းစားသုံးသူများ၊ ရောင်းချသူများနှင့်ပတ်သက်သော စည်းကမ်းချက်များ၊ ရောင်းချခွင့်များနှင့် ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်နေသဖြင့် ကွမ်းသီးဈေးကွက် အေးနေကြောင်း သိရသည်။

“လက်ရှိကွမ်းသီး အရောင်းအဝယ်ဈေးကွက်က အေးတာကို မဟုတ်ဘူး။ ပျက်တဲ့ အနေအထားမှာကို ရှိနေတယ်။ နယ်ဝယ်လက်တွေကလည်း မမှာဘူး။ အိနိ္ဒယနိုင်ငံကလည်း မဝယ်ဘူး။ ကွမ်းယာဆိုင်ဖွင့်တဲ့ သူတချို့လည်း ဆိုင်ပိတ်ကုန်ကြတယ်။ နယ်စပ်ဂိတ်တွေလည်း ပိတ်ထားတော့ အဝင်လည်းမရှိဘူး။ ပြည်တွင်းဈေးကွက်လည်း မကောင်းဘူး။”ဟု ရန်ကုန်မှ ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုလွင်အောင်ဖြိုးက ဆိုသည်။

ယမန်နှစ် ကွမ်းသီးပေါ်ချိန်တွင် ကလေး၊တမူးဘက်မှ တစ်ဆင့်အိနိ္ဒယနိုင်ငံသို့အဓိက ကွမ်းသီးတင်ပို့ သော်လည်း ယခုနှစ်တွင် အိန္ဒိယနိုင်ငံမှအဝယ်ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

“ကွမ်းစားတာနဲ့ပတ်သက်ပြီး စည်းကမ်းချက်ထုတ်တယ်ဆိုရင်လည်း တိတိကျကျထုတ်တာ မဟုတ်ဘူး။ အခုဟာက ဟိုမြို့ကတစ်မျိုး ဒီမျိုးကတစ်မျိုးနဲ့ ကောလာဟလတွကြေားနေရတော့ မန္တလေးက ကွမ်းဆိုင်တချို့လည်း ဖမ်းမှာစိုးလို့ ပိတ်ကုန်တယ်။ အရင်က အိန္ဒိယက တစ်လကို အမေရိကန်ဒေါ်လာ (၂)သန်းဖိုးလောက်ဝယ်တယ်။ အခုအဝယ်ရပ်လိုက်တယ်။ ကွမ်းသီးရောင်းတဲ့သူတွေလည်း ပစ္စည်းတွေက ပြည်ပလည်းမထွက်၊ ပြည်တွင်းလည်း မရောင်းရနဲ့ ဘာလုပ်ရမှန်းကို မသိတော့ဘူး။”ဟု မန္တလေး ကြယ်စင်ထွန်းကွမ်းသီးရောင်းဝယ်ရေးမှ ကိုဖက်တီးက ဆိုသည်။

ယခုနှစ် ကွမ်းသီးပေါ်ချိန်တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ကွမ်းသီးအထွက်နှုန်းမှာလည်း လျော့ကျသွားကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

“ဒီနှစ်က ကွမ်းပင်အပွင့် ပွင့်ချိန်မှာ နေက တအားပူတော့ အပွင့်တွေသေတယ်။ အပင်တွေလည်း သေတယ်။ အရင်နှစ်ထက်တော့ အထွက်နှုန်းကနည်းသွားတယ်။ ထွက်နှုန်းကလည်း နည်းတယ်။ ပြည်ပကလည်း မဝယ်ဘူးဆိုပေမဲ့ ဈေးကတော့ကျမသွားဘူး။ အရောင်းကတော့ အရမ်းပါးတယ်။ ကွမ်းသီးရှားတော့ အချို့ကွမ်းခြံရှင်တွေကလည်း ကွမ်းသီးအပြင် မထုတ်ချင်ကြဘူး။”ဟု ကွမ်းခြံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးကွမ်းသီးဈေးကွက်အတွင်း မြိတ်ကွမ်းသီး တစ်ပိဿါလျှင် ကျပ် (၅၃၀၀)နှင့် ထားဝယ်ကွမ်းသီးမှာ ကျပ် (၅၀၀၀)ခန့်အထိရှိပြီး ကွမ်းသီးစိပ် တစ်ပိဿါလျှင် ကျပ် (၆၀၀၀) မှ ကျပ် (၈၀၀၀) အထိရှိကြောင်း သိရသည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~