ေက်ာက္မဲၿမိဳ႕အနီးတြင္ ဗံုးေပါက္ကြဲမႈျဖစ္ပြားေသာ္လည္း ထိခိုက္ပ်က္ဆီးမႈမရိွ

ေက်ာက္မဲၿမိဳ႕အနီးတြင္ ဗံုးေပါက္ကြဲမႈျဖစ္ပြားေသာ္လည္း ထိခိုက္ပ်က္ဆီးမႈမရိွ
ဇွန် 20, 2016
By Tachileik News Agency

ေက်ာက္မဲ၊ ဇြန္လ (၂၀) ရက္
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အမွတ္ (၇)ရပ္ကြက္တြင္ ဇြန္လ (၁၈) ရက္ည ဆယ္နာရီဝန္းက်င္က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားသြားၿပီး ထိခိုက္ပ်က္ဆီးမႈမရိွေၾကာင္း သိရသည္။

“ညက ဝုန္းဆိုၿပီး အသံေတာ့ၾကားလိုက္တယ္။ ဘယ္နားကမွန္းေတာ့ မသိေပမ့ဲလန္႔ေတာ့လန္႔တာေပါ့ “ဟု ေက်ာက္မဲၿမိဳ႕ အမွတ္ (၅ )ရပ္ကြက္မွ ကိုေဇာ္က ေျပာသည္။

အဆိုပါေပါက္ကြဲမႈ ျဖစ္ပြားရာေနရာသည္ ေက်ာက္မဲ - မိုင္းေငါ့သြားလမ္း ေက်ာက္မဲၿမိဳ႕ႏွင့္ အလွမ္းေဝးသည့္ ေနရာတြင္ ျဖစ္ေၾကာင္း သိရသည္။

“အ့ဲဒါက အသံဗံုးသေဘာမ်ိဳးပါခင္ဗ်။ ေက်ာက္မဲၿမိဳ႕ထဲမွာ မဟုတ္ပါဘူး။ မိုင္းေငါ့သြားတ့ဲ ကားလမ္းေဘးက ၾကက္ဆူပင္မွာတပ္ထားခ့ဲၿပီး ခြဲတာပါ။ အပ်က္အစီး အထိအခိုက္မရွိခ့ဲပါဘူး”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္မင္းမင္းက ေျပာသည္။

အဆိုပါ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ေက်ာက္မဲၿမိဳ႕ စကခ( ၁ )မွ အရာရွိမ်ား ၄င္းလက္ေအာက္ခံ B.E တပ္မွအရာရွိမ်ားႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔အရာရွိမ်ား သြားေရာက္ရွင္းလင္းခ့ဲေၾကာင္း သိရသည္။ အဆိုပါေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ၿမိဳ႕အဝင္အထြက္မ်ားတြင္ ပိတ္ဆို႔စစ္ေဆး ရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း။  ။ ေနၿဖဳိးျမင့္
................
ကျောက်မဲ၊ ဇွန်လ (၂၀) ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ် (၇)ရပ်ကွက်တွင် ဇွန်လ (၁၈) ရက်ည ဆယ်နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသွားပြီး ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရသည်။
“ညက ဝုန်းဆိုပြီး အသံတော့ကြားလိုက်တယ်။ ဘယ်နားကမှန်းတော့ မသိပေမဲ့လန့်တော့လန့်တာပေါ့ “ဟု ကျောက်မဲမြို့ အမှတ် (၅ )ရပ်ကွက်မှ ကိုဇော်က ပြောသည်။ 
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားရာနေရာသည် ကျောက်မဲ - မိုင်းငေါ့သွားလမ်း ကျောက်မဲမြို့နှင့် အလှမ်းဝေးသည့် နေရာတွင် ဖြစ်ကြောင်း သိရသည်။
“အဲ့ဒါက အသံဗုံးသဘောမျိုးပါခင်ဗျ။ ကျောက်မဲမြို့ထဲမှာ မဟုတ်ပါဘူး။ မိုင်းငေါ့သွားတဲ့ ကားလမ်းဘေးက ကြက်ဆူပင်မှာတပ်ထားခဲ့ပြီး ခွဲတာပါ။ အပျက်အစီး အထိအခိုက်မရှိခဲ့ပါဘူး”ဟု ကျောက်မဲမြို့ မြို့နယ်ရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းမင်းက ပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောက်မဲမြို့ စကခ( ၁ )မှ အရာရှိများ ၄င်းလက်အောက်ခံ B.E တပ်မှအရာရှိများနှင့် မြို့နယ်ရဲတပ်ဖွဲ့အရာရှိများ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့အဝင်အထွက်များတွင် ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း။ နဖြေိုးမြင့်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net