မိုင္းျဖတ္မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လႊတ္ေတာ္အေတြ႕အႀကဳံ ရွင္းလင္း

မိုင္းျဖတ္မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လႊတ္ေတာ္အေတြ႕အႀကဳံ ရွင္းလင္း
ဇွန် 23, 2016
By Tachileik News Agency

မိုင္းျဖတ္ ၊ ဇြန္လ (၂၃)
ရွမ္းျပည္နယ္(အေရွ႔ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အစည္းအေဝးခန္းမ၌ ဇြန္လ (၂၂)ရက္ နံနက္ (၉)နာရီက လႊတ္ေတာ္အေတြ႔အႀကဳံရွင္းလင္းပြဲ ျပဳလုပ္က်င္းပရာ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလွဳိင္ႏွင့္ ဌာနဆိုင္ရာမ်ား၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီဝင္မ်ား တက္ေရာက္ ေၾကာင္းသိရသည္။

ေရွးဦးစြာ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းက လႊတ္ေတာ္အေတြ႕အႀကံဳဆိုင္ရာ၊ ေဒသဖြံ႕ၿဖိဳးတိုတက္ေရး လုပ္ငန္းေဆာင္ရြက္ျခင္းႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးရံပုံေငြမ်ားကို စနစ္တက် သုံးစြဲႏိုင္ေရး ႀကီးၾကပ္ေဆာင္ရြက္ရန္၊ ဌာနဆိုင္ရာမ်ား၏ ရက္ ၁၀၀ စီမံခ်က္လုပ္ငန္းမ်ားကို အေကာင္ အထည္ေဖာ္ ေဆာင္ရြက္ႏိုင္ေရးႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားသည္။

ထို႔ေနာက္ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလွဳိင္ႏွင့္ ဌာနဆိုင္ရာမ်ားက ဌာနအလိုက္ ရက္ ၁၀၀ စီမံခ်က္လုပ္ငန္းေဆာင္ရြက္ႏိုင္မႈႏွင့္ ဆက္လက္ ေဆာင္ရြက္သြားမည့္ လုပ္ငန္းစဥ္မ်ားကို အသီးသီးေဆြးေႏြးတင္ျပၾကသည္။

ဆက္လက္၍ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းက ဌာနဆိုင္ရာမ်ား၏ တင္ျပခ်က္မ်ားကို ေပါင္းစပ္ညႇိႏႈိင္းေဆာင္ရြက္ေပးၿပီး ျပည္သူကိုမ်က္ႏွာျပဳေသာ ျပည္သူ႔အက်ိဳးျပဳ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားႏွင့္ ဌာနဆိုင္ရာမ်ား၏ ရက္ ၁၀၀ စီမံခ်က္လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ ေဖာ္ေဆာင္ရြက္ႏိုင္ရန္ ေပါင္းစပ္ညွိႏႈိင္းေဆာင္ရြက္ သြားၾကရမည္ျဖစ္ေၾကာင္း ျပန္လည္ေဆြးေႏြးသည္။

ယင္းေနာက္ ၿမိဳ႕နယ္ျပန္ၾကားေရးႏွင့္ျပည္သူ႕ဆက္ေရးဦးဌာန၊ ႐ုံးဝန္ထမ္းမ်ားက ရွင္းလင္းပြဲသို႔တက္ ေရာက္လာသူမ်ားအား အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈတုိက္ဖ်က္ ေရးေန႔အထိမ္းအမွတ္ “ သတင္းစကား” လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝေပးခဲ့ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု။  ။ ေရွာလမြန္

.................

မိုင်းဖြတ်၊ ဇွန်လ (၂၃)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇွန်လ (၂၂)ရက် နံနက် (၉)နာရီက လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ တက်ရောက် ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက လွှတ်တော်အတွေ့အကြုံဆိုင်ရာ၊ ဒေသဖွံ့ဖြိုးတိုတက်ရေး လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေများကို စနစ်တကျ သုံးစွဲနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ၏ ရက် ၁၀၀ စီမံချက်လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာများက ဌာနအလိုက် ရက် ၁၀၀ စီမံချက်လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ဌာနဆိုင်ရာများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူကိုမျက်နှာပြုသော ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာများ၏ ရက် ၁၀၀ စီမံချက်လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးဌာန၊ ရုံးဝန်ထမ်းများက ရှင်းလင်းပွဲသို့တက် ရောက်လာသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် “ သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ။ ရှောလမွန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~