တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ယာဥ္ယႏၱရားတင္သြင္းခြင့္ျပဳလိုက္သည့္ တစ္လအတြင္း လယ္ထြန္စက္(၄)စီးသာ တင္သြင္း

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ယာဥ္ယႏၱရားတင္သြင္းခြင့္ျပဳလိုက္သည့္ တစ္လအတြင္း လယ္ထြန္စက္(၄)စီးသာ တင္သြင္း
ဇွန် 17, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၇)ရက္
စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ ယာဥ္ယႏၱရားမ်ား တင္သြင္းခြင့္အား  ေမလ(၂၃)ရက္ေန႔က စတင္ခြင့္ျပဳလို္က္ေသာ္လည္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရး စခန္းမွ ဇြန္လပထမပတ္အထိ လယ္ထြန္စက္(၄)စီးသာ ထိုင္းႏုိင္ငံမွ တင္သြင္းေၾကာင္း သိရသည္။

"စတင္တင္သြင္းခြင့္ျပဳကတည္းက ကုန္သည္ေတြက အရင္သြင္းခြင့္ရထားတဲ့ ယာဥ္ေတြကို သြင္းကုန္ လိုင္စင္လာတိုးတာပဲ ရွိတယ္။ ဒါလည္း တစ္ေယာက္ႏွစ္ေယာက္ပါ။ အခုထိ တင္သြင္းလာတာတာဆိုလို႔ လယ္ထြန္စက္(၄)စီးပဲ ရွိေသးတယ္။ ဟိုဘက္မွာ ပစၥည္း၀ယ္ေနတာတို႔ မွာယူေနရလို႔ ၾကာေနတာလည္း ျဖစ္ရင္ျဖစ္မွာပါ"ဟု  တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္း ညႊန္ၾကားေရးမွဴး ဦးစိုးလြင္က ေျပာသည္။

၀န္ႀကီးဌာနမွ ယႏၱရားမ်ား တင္သြင္းခြင့္အား  ေမလ(၂၃)ရက္ေန႔တြင္ တရား၀င္စတင္ တင္သြင္းခြင့္ျပဳခဲ့ၿပီး တင္သြင္းခြင့္ရရွိေသာ ယာဥ္ႏွင့္ ယႏၱရားမ်ားတြင္ လုပ္ငန္းသံုးယာဥ္မ်ားသာပါ၀င္ၿပီး Pick Up အမ်ိဳးအစား ယာဥ္မ်ား ပါ၀င္မႈမရွိသျဖင့္ တင္သြင္းသူနည္းပါးျခင္းျဖစ္ႏိုင္ေၾကာင္း ၎ကဆိုသည္။

ယခုလက္ရွိ တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ တင္သြင္းခြင့္ လိုင္စင္လာေလွ်ာက္သူမ်ားႏွင့္ ယခင္ ခြင့္ျပဳၿပီး တင္သြင္းျခင္းမျပဳရေသးေသာ ယာဥ္ႏွင့္ ယႏၱရားမ်ားအား သက္တမ္းတိုး လုိင္စင္လာေရာက္ လုပ္ကိုင္သူ လုပ္ငန္းရွင္မ်ားသာ မ်ားျပားေၾကာင္း သိရသည္။

"ခြင့္ျပဳခဲ့ေပမဲ့ ကုန္သည္ေတြမွာလည္း တစ္ဘက္ႏိုင္ငံကို ပစၥည္းမွာယူတဲ့ေနရာမွာ ၾကာေနတာနဲ႔တူတယ္။ ဒါလည္း သူတို႔ဘက္က အေၾကာင္းတစ္ခုခုေတာ့ ရွိလို႔ပါ။ အခုေလာေလာဆယ္ေတာ့ တျခား လုပ္ငန္းသံုးယာဥ္ေတြ မပါေသးပါဘူး"ဟု ညႊန္ၾကားေရးမွဴး  ဦးစိုးလြင္က ေျပာသည္။

ကခ်င္ျပည္နယ္၊ နယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္သည့္ ကန္ပိုက္တီး နယ္စပ္ကုန္သြယ္ေရးစခန္းမွ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာ လ အတြင္း ဖားကန္႔၊ လံုးခင္းေဒသတြင္ ေက်ာက္စိမ္းတူးေဖာ္ရန္ ယာဥ္ႏွင့္ ယႏၱရားမ်ား တင္သြင္းခဲ့မႈႏွင့္ပတ္သက္၍  နယ္စပ္ကုန္သြယ္ေရးစခန္း(၁၅)ခုမွ ယာဥ္ႏွင့္ ယႏၱရားတင္သြင္းခြင့္အား ပိတ္ပင္ခဲ့ျခင္းျဖစ္သည္။

ယာဥ္ႏွင့္ ယႏၱရားမ်ား တင္သြင္းရာတြင္ သြင္းကုန္လုိင္စင္အား ကုန္သြယ္ေရး ဦးစီးဌာန(ရံုးခ်ဳပ္)ေနျပည္ေတာ္တြင္ သြားေရာက္ေလွ်ာက္ထားရမည္ျဖစ္ၿပီး ယခင္ သြင္းကုန္လိုင္စင္ ရရွိထားေသာ ကုန္သည္မ်ားအေနျဖင့္ တာခ်ီလိတ္ကုန္သြယ္ေရးစခန္းမွ သြင္းကုန္လိုင္စင္ သက္တမ္းျပင္ဆင္ျခင္း၊ လိုင္စင္သက္တမ္းတိုးျခင္းမ်ားအား ျပဳလုပ္ေဆာင္ရြက္ေပးလွ်က္ရွိေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

.....................

တာချီလိတ်၊ ဇွန်လ(၁၇)ရက်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ယာဉ်ယန္တရားများ တင်သွင်းခွင့်အား မေလ(၂၃)ရက်နေ့က စတင်ခွင့်ပြုလို်က်သော်လည်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဇွန်လပထမပတ်အထိ လယ်ထွန်စက်(၄)စီးသာ ထိုင်းနိုင်ငံမှ တင်သွင်းကြောင်း သိရသည်။

"စတင်တင်သွင်းခွင့်ပြုကတည်းက ကုန်သည်တွေက အရင်သွင်းခွင့်ရထားတဲ့ ယာဉ်တွေကို သွင်းကုန် လိုင်စင်လာတိုးတာပဲ ရှိတယ်။ ဒါလည်း တစ်ယောက်နှစ်ယောက်ပါ။ အခုထိ တင်သွင်းလာတာတာဆိုလို့ လယ်ထွန်စက်(၄)စီးပဲ ရှိသေးတယ်။ ဟိုဘက်မှာ ပစ္စည်းဝယ်နေတာတို့ မှာယူနေရလို့ ကြာနေတာလည်း ဖြစ်ရင်ဖြစ်မှာပါ"ဟု တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောသည်။

ဝန်ကြီးဌာနမှ ယန္တရားများ တင်သွင်းခွင့်အား မေလ(၂၃)ရက်နေ့တွင် တရားဝင်စတင် တင်သွင်းခွင့်ပြုခဲ့ပြီး တင်သွင်းခွင့်ရရှိသော ယာဉ်နှင့် ယန္တရားများတွင် လုပ်ငန်းသုံးယာဉ်များသာပါဝင်ပြီး Pick Up အမျိုးအစား ယာဉ်များ ပါဝင်မှုမရှိသဖြင့် တင်သွင်းသူနည်းပါးခြင်းဖြစ်နိုင်ကြောင်း၎င်းကဆိုသည်။

ယခုလက်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းခွင့် လိုင်စင်လာလျှောက်သူများနှင့် ယခင် ခွင့်ပြုပြီး တင်သွင်းခြင်းမပြုရသေးသော ယာဉ်နှင့် ယန္တရားများအား သက်တမ်းတိုး လိုင်စင်လာရောက် လုပ်ကိုင်သူ လုပ်ငန်းရှင်များသာ များပြားကြောင်း သိရသည်။

"ခွင့်ပြုခဲ့ပေမဲ့ ကုန်သည်တွေမှာလည်း တစ်ဘက်နိုင်ငံကို ပစ္စည်းမှာယူတဲ့နေရာမှာ ကြာနေတာနဲ့တူတယ်။ ဒါလည်း သူတို့ဘက်က အကြောင်းတစ်ခုခုတော့ ရှိလို့ပါ။ အခုလောလောဆယ်တော့ တခြား လုပ်ငန်းသုံးယာဉ်တွေ မပါသေးပါဘူး"ဟု ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောသည်။

ကချင်ပြည်နယ်၊ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ လ အတွင်း ဖားကန့်၊ လုံးခင်းဒေသတွင် ကျောက်စိမ်းတူးဖော်ရန် ယာဉ်နှင့် ယန္တရားများ တင်သွင်းခဲ့မှုနှင့်ပတ်သက်၍ နယ်စပ်ကုန်သွယ်ရေးစခန်း(၁၅)ခုမှ ယာဉ်နှင့် ယန္တရားတင်သွင်းခွင့်အား ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယာဉ်နှင့် ယန္တရားများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်အား ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်)နပြေည်တော်တွင် သွားရောက်လျှောက်ထားရမည်ဖြစ်ပြီး ယခင် သွင်းကုန်လိုင်စင် ရရှိထားသော ကုန်သည်များအနဖြေင့် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်လိုင်စင် သက်တမ်းပြင်ဆင်ခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်းများအား ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~