တာခ်ီလိတ္တြင္ ဟုိတယ္ဝန္ေဆာင္မႈပိုင္းဆိုင္ရာသင္တန္းမ်ား စတင္ဖြင့္လွစ္

တာခ်ီလိတ္တြင္ ဟုိတယ္ဝန္ေဆာင္မႈပိုင္းဆိုင္ရာသင္တန္းမ်ား စတင္ဖြင့္လွစ္
ဇွန် 6, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၆)
တာခ်ီလိတ္ၿမိဳ႕တြင္ ဟိုတယ္ႏွင့္ခရီးသြားလာေရး ၀န္ႀကီးဌာနမွ ႀကီးၾကပ္ၿပီး ဟိုတယ္ဆိုုင္ရာ လုပ္ငန္းရွင္မ်ားအသင္း (တာခ်ီလိတ္)မွ စီစဥ္သည့္ ဟိုတယ္၀န္ေဆာင္မႈဆိုင္ရာ သင္တန္းမ်ားကို ဇြန္လ(၆)ရက္ေန႔ နံနက္ပိုင္းက စတင္ ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

Platinum Star Hotel တြင္ ဖြင့္လွစ္လိုက္သည့္ အဆိုပါ သင္တန္းမ်ား၏ သင္ၾကားမႈ ကာလမွာ ဇြန္လ(၆)ရက္ေန႔မွ ဇြန္လ (၁၇)ရက္ေန႔ထိ ႏွစ္ပတ္ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။

“အဆင့္အတန္း ျပည့္မီတဲ့ ၀န္ေဆာင္မႈေကာင္းမ်ား ေပးစြမ္းႏိုင္ရန္အတြက္ အခုလို ဟိုတယ္ ၀န္ေဆာင္မႈဆိုင္ရာ သင္တန္းမ်ားကို ဖြင့္လွစ္ရျခင္း ျဖစ္ပါတယ္။”ဟု တာခ်ီလိတ္ခရိုင္ လ၀က ဦးစီးဌာနမွဴး ဦးထြန္းသိန္းက ေျပာသည္။

အဆိုပါ သင္တန္းဖြင့္ပြဲသို႔ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဳဴး ဦးထြန္း၀င္းေအာင္ ႏွင့္ တာ၀န္ရွိ ပုဂၢဳိလ္မ်ား၊ ဟိုတယ္ဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္း (တာခ်ီလိတ္)မွ အမႈေဆာင္အဖြဲ႕၀င္မ်ား၊ သင္တန္းသူ/သားမ်ား ႏွင့္ ေဒသတြင္းရွိ ဟိုတယ္မ်ားမွ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု။  ။ ေဇာင္းညီ

...................

တာချီလိတ်၊ ဇွန်လ(၆)
တာချီလိတ်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ကြီးကြပ်ပြီး ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (တာချီလိတ်)မှ စီစဉ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ဇွန်လ(၆)ရက်နေ့ နံနက်ပိုင်းက စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

Platinum Star Hotel တွင် ဖွင့်လှစ်လိုက်သည့် အဆိုပါ သင်တန်းများ၏ သင်ကြားမှု ကာလမှာ ဇွန်လ(၆)ရက်နေ့မှ ဇွန်လ (၁၇)ရက်နေ့ထိ နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

“အဆင့်အတန်း ပြည့်မီတဲ့ ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရန်အတွက် အခုလို ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။”ဟု တာချီလိတ်ခရိုင် လဝက ဦးစီးဌာနမှူး ဦးထွန်းသိန်းက ပြောသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှုူး ဦးထွန်းဝင်းအောင် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (တာချီလိတ်)မှ အမှုဆောင်အဖွဲ့ဝင်များ၊ သင်တန်းသူ/သားများ နှင့် ဒေသတွင်းရှိ ဟိုတယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~