တာခ်ီလိတ္၌ စကားမ်ားရာမွ ေသနတ္ျဖင့္ပစ္၍ ထြက္ေျပးတိမ္းေရွာင္

တာခ်ီလိတ္၌ စကားမ်ားရာမွ ေသနတ္ျဖင့္ပစ္၍ ထြက္ေျပးတိမ္းေရွာင္
ဇွန် 2, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂)
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ေပါင္ႏွံသည့္ ကိစၥျဖင့္ စကားမ်ားရာမွ မေက်နပ္သျဖင့္ ေသနတ္ျဖင့္ ပစ္ခတ္၍ ထြက္ေျပးတိမ္းေရွာင္မႈတစ္ခု ဇြန္လ(၂)ရက္ေန႔ ေန႔လယ္ပိုင္းက ျဖစ္ပြားသြားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"ဆိုင္ကယ္ေပါင္တဲ့ ကိစၥစကားေျပာေနတာကေန စိတ္ဆိုးၿပီး မေက်နပ္လို႔ အိမ္ထဲက ေျခာက္လံုးျပဴး ေသနတ္ယူၿပီး ပစ္ၿပီးထြက္ေျပးသြားတယ္လို႔ သိရတယ္။ လူကေတာ့ မစိုးရိမ္ရပါဘူး။"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္(၉)လမ္းတြင္ ငွါးရမ္းေနထုိင္သူ အားဂါမွ ေလာ္ယာဆိုသူႏွင့္ ဆိုင္ကယ္ေပါင္ႏွံသည့္ကိစၥ စကားေျပာရာမွ အဆင္မေျပသျဖင့္ စိတ္ဆိုးၿပီး ေနအိမ္မွ ေျခာက္လံုးျပဴး ေသနတ္ယူ၍ (၁)ခ်က္ ပစ္ခတ္သျဖင့္ အတူလိုက္ပါလာသူ သက္ဟိန္းစိုး၏ ၀ဲဘက္နံရိုး ေဘးတြင္ ထိမွန္သြားေၾကာင္း သိရသည္။

ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရရွိသူမွာ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးကုသမႈခံယူလွ်က္ရွိၿပီး ထြက္ေျပး တိမ္းေရွာင္သြားသူ အားဂါအား ဖမ္းဆီးရမိႏိုင္ေရး လိုက္လံစံုစမ္းရွာေဖြလွ်က္ရွိၿပီး၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၁၃/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၀၇ ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

................

တာချီလိတ်၊ ဇွန်လ(၂)
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်ပေါင်နှံသည့် ကိစ္စဖြင့် စကားများရာမှ မကျေနပ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးတိမ်းရှောင်မှုတစ်ခု ဇွန်လ(၂)ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားသွားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"ဆိုင်ကယ်ပေါင်တဲ့ ကိစ္စစကားပြောနေတာကနေ စိတ်ဆိုးပြီး မကျေနပ်လို့ အိမ်ထဲက ခြောက်လုံးပြူး သေနတ်ယူပြီး ပစ်ပြီးထွက်ပြေးသွားတယ်လို့ သိရတယ်။ လူကတော့ မစိုးရိမ်ရပါဘူး။"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်(၉)လမ်းတွင် ငှါးရမ်းနေထိုင်သူ အားဂါမှ လော်ယာဆိုသူနှင့် ဆိုင်ကယ်ပေါင်နှံသည့်ကိစ္စ စကားပြောရာမှ အဆင်မပြေသဖြင့် စိတ်ဆိုးပြီး နေအိမ်မှ ခြောက်လုံးပြူး သေနတ်ယူ၍ (၁)ချက် ပစ်ခတ်သဖြင့် အတူလိုက်ပါလာသူ သက်ဟိန်းစိုး၏ ဝဲဘက်နံရိုး ဘေးတွင် ထိမှန်သွားကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူမှာ တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး ထွက်ပြေး တိမ်းရှောင်သွားသူ အားဂါအား ဖမ်းဆီးရမိနိုင်ရေး လိုက်လံစုံစမ်းရှာဖွေလျှက်ရှိပြီး၊ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၁၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~