လဲခ်ားၿမိဳ႕တြင္ အားကစားနည္း (၅)မ်ဳိးပါ၀င္သည့္ ၿပိဳင္ပြဲ စတင္က်င္းပ

လဲခ်ားၿမိဳ႕တြင္ အားကစားနည္း (၅)မ်ဳိးပါ၀င္သည့္ ၿပိဳင္ပြဲ စတင္က်င္းပ
ဇွန် 10, 2016
By Tachileik News Agency

လဲခ်ား၊ ဇြန္လ (၁၀) ရက္
ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသ လိြဳင္လင္ခရိုင္ လဲခ်ားၿမိဳ႕နယ္၌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အားကစား
(၅)မ်ိဳးၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္း တက္ေရာက္ဖြင့္လွစ္ေၾကာင္း သိရသည္။

“ေဒသတြင္းၿပိဳင္ပြဲေတြကေန အဆင့္မီအားကစားသမားမ်ား ေမြးထုတ္ရမွာျဖစ္ပါတယ္။ လူတစ္စု အားကစားမွ လူထုအားကစားျဖစ္လာေစရန္ ေဒသခံျပည္သူမ်ား ပါ၀င္လက္တြဲၾကရန္လိုပါတယ္။”ဟု ရွမ္းျပည္နယ္ အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ  ဒု-ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသက္လြင္က အဖြင့္အမွာစကားေျပာႀကားခဲ့သည္။

လဲခ်ားၿမိဳ႕နယ္ ၿမိဳ႕မအားကစားကြင္း၌ ဇြန္  လ (၁၀)ရက္ေန႔ ေန႔လည္(၂)နာရီတြင္ ေဘာလုံး ၊ ပိုက္ေက်ာ္ျခင္း ၊ မီနီမာရသြန္ ၊ ဘိလိယက္ႏွင့္ ျမန္မာ့သိုင္း ၿပိဳင္ပြဲအား ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠဌ ဒု-ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသက္လြင္ႏွင့္ အဖြဲ႕လာေရာက္ ဖြင့္လွစ္ေပးျခင္းျဖစ္သည္။

“အရင္က ဒီလိုပြဲမ်ိဳး မရွိခဲ့ဘူး။ လူငယ္ေတြအတြက္ အမ်ားၾကီးေကာင္းတယ္။ ကၽြန္ေတာ္တို႔ျဖစ္ေစခ်င္တဲ့ ကိစၥထဲမွာလည္းပါတယ္။ ၿပီးေတာ့ မူးယစ္ေဆး၀ါးေတြပေပ်ာက္ဖို႕ အားကစားကိုအစားထိုးလိုက္တဲ့ သေဘာရွိတယ္။ ႏွစ္တိုင္းလုပ္ေပးသင့္တယ္” ဟု  လဲခ်ား မဲဆႏၵနယ္ (၁)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္ေဇယ် (ခ) ဦးစိုင္းယဥ္က ဆိုသည္။

ေဘာလုံးအသင္းေပါင္း (၁၈)သင္း၊ ပိုက္ေက်ာ္ျခင္း (၁၆)သင္း၊ မီနီမာရသြန္ၿပိဳင္ပြဲဝင္ (၁၅၀)ဦး၊ ဘိလိယက္(၂၄)ဦး၊ ျမန္မာ့သိုင္း (၂၉)ဦး၊ ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္တယ္လို႔ လဲခ်ားၿမိဳ႕နယ္ အား/ကာဦးစီးမွဴး ဦးထိန္လင္းထံမွ သိရသည္။

“ ဒီလိုပြဲေတြလုပ္ေပးတာ ေပ်ာ္တယ္။ ၾကိဳးစားခ်င္စိတ္ေတြျဖစ္ေပၚလာတယ္။ ခရိုင္/ျပည္နယ္ႏွင့္ ႏိုင္ငံအဆင့္ထိေရာက္ေအာင္ ေဘာလုံးကန္ခ်င္တယ္။ အားကစားလုပ္ျခင္းေၾကာင့္ လူငယ္ေတြ စိတ္ေလလြင့္ၿပီး မူးယစ္ေဆးသုံးစြဲလိုစိတ္ ပေပ်ာက္ေစတယ္” ဟု ေဘာလံုးသမားတစ္ဦးျဖစ္တဲ့ ကိုသူရဟိန္းက ေျပာသည္။

သတင္း/ဓာတ္ပံု။  ။ ဟံႏိိုင္(လဲခ်ား)

.....................

လဲချား၊ ဇွန်လ (၁၀) ရက်
ရှမ်းပြည်နယ် တောင်ပိုင်းဒေသ လွိုင်လင်ခရိုင် လဲချားမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အားကစား
(၅)မျိုးပြိုင်ပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ဖွင့်လှစ်ကြောင်း သိရသည်။

“ဒေသတွင်းပြိုင်ပွဲတွေကနေ အဆင့်မီအားကစားသမားများ မွေးထုတ်ရမှာဖြစ်ပါတယ်။ လူတစ်စု အားကစားမှ လူထုအားကစားဖြစ်လာစေရန် ဒေသခံပြည်သူများ ပါဝင်လက်တွဲကြရန်လိုပါတယ်။”ဟု ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

လဲချားမြို့နယ် မြို့မအားကစားကွင်း၌ ဇွန် လ (၁၀)ရက်နေ့ နေ့လည်(၂)နာရီတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန်၊ ဘိလိယက်နှင့် မြန်မာ့သိုင်း ပြိုင်ပွဲအား ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်နှင့် အဖွဲ့လာရောက်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

“အရင်က ဒီလိုပွဲမျိုး မရှိခဲ့ဘူး။ လူငယ်တွေအတွက် အများကြီးကောင်းတယ်။ ကျွန်တော်တို့ဖြစ်စေချင်တဲ့ ကိစ္စထဲမှာလည်းပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါးတွေပပျောက်ဖို့ အားကစားကိုအစားထိုးလိုက်တဲ့ သဘောရှိတယ်။ နှစ်တိုင်းလုပ်ပေးသင့်တယ်” ဟု လဲချား မဲဆန္ဒနယ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျ (ခ) ဦးစိုင်းယဉ်က ဆိုသည်။

ဘောလုံးအသင်းပေါင်း (၁၈)သင်း၊ ပိုက်ကျော်ခြင်း (၁၆)သင်း၊ မီနီမာရသွန်ပြိုင်ပွဲဝင် (၁၅၀)ဦး၊ ဘိလိယက်(၂၄)ဦး၊ မြန်မာ့သိုင်း (၂၉)ဦး၊ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ လဲချားမြို့နယ် အား/ကာဦးစီးမှူး ဦးထိန်လင်းထံမှ သိရသည်။

“ ဒီလိုပွဲတွေလုပ်ပေးတာ ပျော်တယ်။ ကြိုးစားချင်စိတ်တွဖြေစ်ပေါ်လာတယ်။ ခရိုင်/ပြည်နယ်နှင့် နိုင်ငံအဆင့်ထိရောက်အောင် ဘောလုံးကန်ချင်တယ်။ အားကစားလုပ်ခြင်းကြောင့် လူငယ်တွေ စိတ်လေလွင့်ပြီး မူးယစ်ဆေးသုံးစွဲလိုစိတ် ပပျောက်စေတယ်” ဟု ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ကိုသူရဟိန်းက ပြောသည်။

သတင်း/ဓာတ်ပုံ။ ဟံနိုင်(လဲချား)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~