၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်

၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်
ဇွန် 10, 2016
By Tachileik News Agency

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဆိုရှယ်နက်ဝေါ့တစ်ခုဖြစ်သည့် Facebook ပေါ်တွင် ဖော်ပြပေးသွားရန်အတွက် ပညာရေးဝန်ကြီးဌာနမှ စီစဉ်ထားကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ မြို့နယ်အသီးသီး၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တရားဝင် Facebook ပေါ်တွင် Album များဖြင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများအလိုက် ပြုလုပ်ပေးထားပြီး
အောင်စာရင်းထုတ်ပြန်မည့်နေ့ဖြစ်သည့်  ဇွန် လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင်
ဖြည့်စွက်ဖော်ပြပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

အောက်ဖော်ပြပါ Link များသည် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကြည့်ရှုနိုင်မည့် စာရင်းများဖြစ်ပြီး ထိုမှတစ်ဆင့် မိမိတို့နှင့် သက်ဆိုင်သည့် မြို့နယ်အလိုက် အမည်စာရင်းများကို ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်းသိရသည်။

ထို့နည်းတူ http://www.myanmarexam.org တွင်လည်း ဖော်ပြပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~