ကျိုင်းတုံ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် လျှောက်ထားသူဦးရေ နည်းပါးနေသေးသည့် အတွက် လျှောက်လွှာများကို ဇွန်လ(၁၂)ရက်နေ့အထိ ထုတ်ယူနိုင်
ကျိုင်းတုံ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် လျှောက်ထားသူဦးရေ နည်းပါးနေသေးသည့် အတွက် လျှောက်လွှာများကို ဇွန်လ(၁၂)ရက်နေ့အထိ ထုတ်ယူနိုင်
ဇှနျ 2, 2016
By Tachileik News Agency
ကျိုင်းတုံ၊ ဇွန်လ(၂)ရက်
တက်ရောက်နိုင်ရန် လျှောက်လွှာလာရောက်ထုတ်ယူသူ နည်းနေသေးသည့်အတွက် လျှောက်လွှာများအား သတ်မှတ်ကာလထက် ဇွန်လ(၁၂)ရက်နေ့အထိ ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ကျိုင်းတုံအစိုးရနည်းပညာ အထက်တန်းကျောင်းမှသိရသည်။
အဆိုပါ ကျောင်းတက်ရောက်ခွင့်အတွက် မေလ(၁၁)ရက်နေ့မှ မေလ(၂၄)ရက်အထိ လျှောက်လွှာများ ထုတ်ယူနိုင်ရန်သတ်မှတ်ထားခဲ့ပြီး  ဇွန်လ(၁)ရက်နေ့ မှ (၁၂)ရက်အထိ ကျောင်းအပ်လက်ခံရန် ဖြစ်သော်လည်း ကျောင်းမှလက်ခံနိုင်သည့် လူဦးရေပြည့်မီခြင်း မရှိသည့်အတွက် ဇွန်လ(၁၂)ရက်အထိ လျှောက်လွှာများ ဆက်လက်ထုတ်ဝေပေးကာ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယနှစ်သင်တန်းကို အောင်မြင်သည်ဖြစ်စေ ၊ ကျရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ပြင်ပဖြေအနေဖြင့် ၀င်ရောက်ဖြေကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း။  ။ ဇွဲမြတ်
......................
ကျိုင်းတုံ၊ ဇွန်လ(၂)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စတင်ဖွင့်လှစ်မည့် အစိုးရနည်းပညာအထက်တန်းကျောင်း
တက်ရောက်နို်င်ရန် လျှောက်လွှာလာရောက်ထုတ်ယူသူ နည်းနေသေးသည့်အတွက် လျှောက်လွှာများအား သတ်မှတ်ကာလထက် ဇွန်လ(၁၂)ရက်နေ့အထိ ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ကျိုင်းတုံအစိုးရနည်းပညာ အထက်တန်းကျောင်းမှသိရသည်။
"ကျွန်တော်တို့ကျောင်းက လူဦးရေ(၈၀)ထိ လက်ခံဖို့ရှိတယ်။ ဒါပေမဲ့ အခုချိန်ထိ ကျောင်းတက်နို်င်ဖို့ လျှောက်လွှာလာထုတ်တာက အယောက်(၂၀)ပဲ ရှိသေးတယ်။ အခုလို နည်းနေတာဟာ ဒီက ဒေသခံတွေက ကျောင်းအကြောင်းကို မသိသေးလို့ ဖြစ်မှာပါ။"ဟု ကျိုင်းတုံအစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးတေဇာထွန်းက ပြောသည်။
အဆိုပါ ကျောင်းတက်ရောက်ခွင့်အတွက် မေလ(၁၁)ရက်နေ့မှ မေလ(၂၄)ရက်အထိ လျှောက်လွှာများ ထုတ်ယူနိုင်ရန်သတ်မှတ်ထားခဲ့ပြီး ဇွန်လ(၁)ရက်နေ့မှ (၁၂)ရက်အထိ ကျောင်းအပ်လက်ခံရန် ဖြစ်သော်လည်း ကျောင်းမှလက်ခံနို်င်သည့် လူဦးရပြေည့်မီခြင်း မရှိသည့်အတွက် ဇွန်လ(၁၂)ရက်အထိ လျှောက်လွှာများ ဆက်လက်ထုတေ်ဝပေးကာ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့နိုင်ငံက နောက်ဆို အလုပ်အကို်င် အခွင့်အလမ်းတွေ အများကြီးရလာမှာဖြစ်တဲ့အတွက် (၈)တန်းပဲ အောင်ထားပေမဲ့ ဒီကျောင်းမှာ (၂)နှစ် သင်တန်းပြီးသွားပြီဆိုရင် ကျွမ်းကျင်လုပ်သား လက်မှတ်ရမှာဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ လက်မှတ်ရ လုပ်သားအဖြစ်နဲ့ အလုပ် လုပ်နိုင်မှာဖြစ်သလို ဒီသင်တန်းမှာ ထူးချွန်မယ်ဆိုရင် အစိုးရ စက်မှုလက်မှုသိပ္ပံရဲ့ပထမနှစ်တန်းကို ဆက်လက်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။"ဟု ကျောင်းအုပ်ကြီး ဦးတေဇာထွန်းက ပြောသည်။
အဆိုပါ ကျောင်းကို တက်ရောက်လိုပါက မည်သည့်နှစ်တွင်မဆို အခြေခံပညာအလယ်တန်း(အဌမတန်း) အောင်မြင်ထားသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ကိုယ်လက်အင်္ဂါသန်စွမ်းကျမ်းမာသူ ဖြစ်ရမည်ဖြစ်ပြီး သင်တန်းကာလ (၂)နှစ်တက်ရောက်ရမည်ဖြစ်သည်။
ဒုတိယနှစ်သင်တန်းကို အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ပြင်ပဖြေအနဖြေင့် ဝင်ရောက်ဖြကြေားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~