ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ၿပီးခဲ့သည့္ ဘ႑ာႏွစ္သံုးႏွစ္အတြင္း လယ္ယာထြက္ကုန္ အမ်ားဆံုး တင္ပို႔

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ၿပီးခဲ့သည့္ ဘ႑ာႏွစ္သံုးႏွစ္အတြင္း လယ္ယာထြက္ကုန္ အမ်ားဆံုး တင္ပို႔
ဇွန် 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၈)ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ထုိင္းႏိုင္ငံသို႔ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ (၃)ႏွစ္အတြင္း ပို႔ကုန္တင္ပို႔မႈတြင္ ေဒသတြင္းမွ လယ္ယာထြက္ကုန္ပစၥည္းသာ အမ်ားဆံုးတင္ပို႔ႏိုင္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၏ စာရင္းအရ သိရသည္။

"အရင္တုန္းက ရွမ္း(အေရွ႕)ကထြက္တဲ့ ကၽြန္းသစ္တို႔၊ မဂၢနီဒိုင္ေအာက္ဆိုဒ္တို႔ေတြကို တင္ပို႔ႏိုင္ခဲ့ေတာ့ ပို႔ကုန္စာရင္းမွာ ကုန္သြယ္မႈတန္ဖိုးျမႇင့္တက္ခဲ့တယ္။ အခုေနာက္ပိုင္း ကၽြန္းသစ္ကလည္း အစိုးရရဲ႕မူ၀ါဒ ေျပာင္းလဲလိုက္ေတာ့ သစ္ေတြ ႏိုင္ငံျခားကို ပို႔လို႔မရဘူး။ မဂၢနီဒိုင္ေအာက္ဆိုဒ္ကလည္း ကမာၻ႔သတၱဳ ေစ်းကြက္မွာကိုက ေစ်းႏွဳန္းေတြ က်ေနတယ္ဆိုေတာ့ တူးေဖၚၿပီး ပံုထားရတယ္။ အခုေလာေလာဆယ္ ဘာေတြ တင္ပို႔သလဲဆိုရင္ ေဒသထြက္ ေထာပတ္သီးတို႔၊ ပင္စိမ္းသီးတို႔ ၾကက္သြန္ျဖဴတို႔နဲ႔ တစ္ျခားလယ္ယာထြက္ပစၥည္းေတြ တင္ပို႔ေနရတယ္"ဟု တာခ်ီလိတ္ နယ္စပ္ကုန္သည္မ်ားအသင္း ဒု ဥကၠဌ ဦးေဌးေအာင္က ေျပာသည္။

သစ္ေခါက္ထုတ္လုပ္မွဳမွာ သစ္ပင္မွထြက္ရွိေသာ အေခါက္မ်ားအား ႏွစ္စဥ္ ရာသီခ်ိန္တြင္ခြါယူၿပီး ထုိင္းႏိုင္ငံသို႔ တင္ပို႔ျခင္းျဖစ္ေၾကာင္းႏွင့္ သစ္ေခါက္မ်ားအား အ၀တ္အထည္ ခ်ည္မွ်င္ျပဳလုပ္ရာတြင္ အမ်ားဆံုး အသံုးျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း ထြက္ကုန္မ်ားအား တာခ်ီလိတ္ၿမိဳ႕နယ္မွတဆင့္ ႏိုင္ငံျခားတင္ပို႔ရာတြင္ ကုန္းတြင္းပို႔ကုန္အေနႏွင့္ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)အား အသံုးျပဳ၍ သတၱဳကုန္ၾကမ္းမ်ားျဖစ္ေသာ မဂၢနီဒိုင္ေအာက္ဆိုဒ္ႏွင့္ မိုင္းတံု၊ မိုင္းဆတ္ၿမိဳ႕နယ္မွ ထြက္ရွိေသာ ကၽြန္းသစ္မ်ားအား မဲေခါင္ျမစ္ေၾကာင္း အသံုးျပဳ၍ တရုတ္ႏိုင္ငံသို႔ ထိ္ုင္းႏိုင္ငံမွ တဆင့္ တင္ပို႔ခဲ့ရေၾကာင္း ေဒသခံ လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"တရုတ္ႏိုင္ငံကို ကုန္ပစၥည္းပို႔ခ်င္ရင္ ျမန္မာပိုင္နယ္နိမိတ္ထဲမွာ ဆိပ္ကမ္းမရွိေတာ့ ထုိင္းကေနတဆင့္ ပို႔ရတယ္။ အဲဒီေတာ့ ထုိင္းႏိုင္ငံက တဆင့္ခံ ကုန္သြယ္ခ ထပ္ရတာေပါ့။ ျမန္မာက တိုက္ရိုက္ပို႔လို႔မရေတာ့ နစ္နာမႈေတြရွိခဲ့တယ္။ ကၽြန္းသစ္ပို႔တုန္းကလည္း ဒီလိုပဲ။ မဂၢနီဒိုင္ေအာက္ဆိုဒ္ပို႔တုန္းကလည္း ဒီလိုပဲ။ အခု လာအို - ျမန္မာခ်စ္ၾကည္ေရးတံတားကို က်ိဳင္းလပ္ၿမိဳ႕မွာ ေဆာက္လုပ္ၿပီးၿပီဆိုေတာ့ တရုတ္ႏိုင္ငံနဲ႔ ကုန္သြယ္ဖို႔ အခြင့္အေရးေတြ ပိုရလာႏိုင္တယ္"ဟု သတၱဳထုတ္လုပ္ေရးကုမၸဏီတစ္ခုမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံမွ ထုိင္းႏိုင္ငံသို႔ ပို႔ကုန္တင္ပို႔မႈ အေျခအေနမွာ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၏ စာရင္းမ်ားအရ ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာသန္းေပါင္း(၁၃.၅၄၅)ရွိခဲ့ရာမွ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ ပို႔ကုန္က်ဆင္းလာကာ အေမရိကန္ေဒၚလာ (၈.၄၄၅)သန္းသာရွိခဲ့ၿပီး ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၉.၆၆၀)သန္းအထိ တိုးတက္ခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

...................
တာချီလိတ်၊ ဇွန်လ(၈)ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၃)နှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် ဒေသတွင်းမှ လယ်ယာထွက်ကုန်ပစ္စည်းသာ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။
"အရင်တုန်းက ရှမ်း(အရှေ့)ကထွက်တဲ့ ကျွန်းသစ်တို့၊ မဂ္ဂနီဒိုင်အောက်ဆိုဒ်တို့တွေကို တင်ပို့နိုင်ခဲ့တော့ ပို့ကုန်စာရင်းမှာ ကုန်သွယ်မှုတန်ဖိုးမြှင့်တက်ခဲ့တယ်။ အခုနောက်ပိုင်း ကျွန်းသစ်ကလည်း အစိုးရရဲ့မူဝါဒ ပြောင်းလဲလိုက်တော့ သစ်တွေ နိုင်ငံခြားကို ပို့လို့မရဘူး။ မဂ္ဂနီဒိုင်အောက်ဆိုဒ်ကလည်း ကမာ္ဘ့သတ္တု ဈေးကွက်မှာကိုက ဈေးနှုန်းတွေ ကျနေတယ်ဆိုတော့ တူးဖော်ပြီး ပုံထားရတယ်။ အခုလောလောဆယ် ဘာတွေ တင်ပို့သလဲဆိုရင် ဒေသထွက် ထောပတ်သီးတို့၊ ပင်စိမ်းသီးတို့ ကြက်သွန်ဖြူတို့နဲ့ တစ်ခြားလယ်ယာထွက်ပစ္စည်းတွေ တင်ပို့နေရတယ်"ဟု တာချီလိတ် နယ်စပ်ကုန်သည်များအသင်း ဒု ဥက္ကဌ ဦးဌေးအောင်က ပြောသည်။
သစ်ခေါက်ထုတ်လုပ်မှုမှာ သစ်ပင်မှထွက်ရှိသော အခေါက်များအား နှစ်စဉ် ရာသီချိန်တွင်ခွာယူပြီး ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်းနှင့် သစ်ခေါါက်များအား အဝတ်အထည် ချည်မျှည်ပြုလုပ်ရာတွင် အများဆုံး အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ထွက်ကုန်များအား တာချီလိတ်မြို့နယ်မှတဆင့် နိုင်ငံခြားတင်ပို့ရာတွင် ကုန်းတွင်းပို့ကုန်အနေနှင့် ချစ်ကြည်ရေးတံတားအမှတ်(၂)အား အသုံးပြု၍ သတ္တုကုန်ကြမ်းများဖြစ်သော မဂ္ဂနီဒိုင်အောက်ဆိုဒ်နှင့် မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်မှ ထွက်ရှိသော ကျွန်းသစ်များအား မဲခေါင်မြစ်ကြောင်း အသုံးပြု၍ တရုတ်နိုင်ငံသို့ ထို်င်းနိုင်ငံမှ တဆင့် တင်ပို့ခဲ့ရကြောင်း ဒေသခံ လုပ်ငန်းရှင်များထံမှ သိရသည်။
"တရုတ်နိုင်ငံကို ကုန်ပစ္စည်းပို့ချင်ရင် မြန်မာပိုင်နယ်နိမိတ်ထဲမှာ ဆိပ်ကမ်းမရှိတော့ ထိုင်းကနေတဆင့် ပို့ရတယ်။ အဲဒီတော့ ထိုင်းနိုင်ငံက တဆင့်ခံ ကုန်သွယ်ခ ထပ်ရတာပေါ့။ မြန်မာက တိုက်ရိုက်ပို့လို့မရတော့ နစ်နာမှုတွေရှိခဲ့တယ်။ ကျွန်းသစ်ပို့တုန်းကလည်း ဒီလိုပဲ။ မဂ္ဂနီဒိုင်အောက်ဆိုဒ်ပို့တုန်းကလည်း ဒီလိုပဲ။ အခု လာအို - မြန်မာချစ်ကြည်ရေးတံတားကို ကျိုင်းလပ်မြို့မှာ ဆောက်လုပ်ပြီးပြီဆိုတော့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဖို့ အခွင့်အရေးတွေ ပိုရလာနိုင်တယ်"ဟု သတ္တုထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှု အခြေအနေမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်းပေါင်း(၁၃.၅၄၅)ရှိခဲ့ရာမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကျဆင်းလာကာ အမေရိကန်ဒေါ်လာ (၈.၄၄၅)သန်းသာရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၉.၆၆၀)သန်းအထိ တိုးတက်ခဲ့ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~