မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရးေန႔ အႀကဳိအျဖစ္ ေက်ာင္းတြင္ အသိပညာေပး

မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရးေန႔ အႀကဳိအျဖစ္ ေက်ာင္းတြင္ အသိပညာေပး
ဇွန် 16, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ (၁၆)
၂၀၁၆ခုႏွစ္၊ ဇြန္လ(၂၆)ရက္ေန႔တြင္ က်ေရာက္မည့္ အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆး၀ါးအလဲြသံုးမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈ တုိက္ဖ်က္ေရးေန႔ အႀကဳိအျဖစ္ အသိပညာေပးေဟာေျပာပဲြ၊ နံရံကပ္စာေစာင္ ႏွင့္ ဓာတ္ပံုျပပဲြကုိ ယေန႔ ဇြန္လ(၁၆)ရက္၊ နံနက္ (၉)နာရီခဲြအခ်ိန္က တာခ်ီလိတ္ၿမဳိ႕၊ အေျခခံ ပညာအထက္တန္းေက်ာင္းခဲြ (ပုန္းထြန္)ရွိ ခန္းမေဆာင္တြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

ေဟာေျပာပဲြတြင္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚတင္ေဌးရီက အဖြင့္အမွာ စကားေျပာၾကားၿပီး၊ ခရုိင္မူးယစ္ ေဆး၀ါးဆန္႔က်င္ေရးအသင္း မွ အတြင္းေရးမွဴး ဦးသိန္းထြန္း က မူးယစ္ေဆး၀ါးမ်ား၏ သမုိင္းေၾကာင္းႏွင့္ မူးယစ္ ေဆး၀ါးဆန္႔က်င္ေရးလုပ္ငန္းမ်ားကို လည္းေကာင္း၊ မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စု(၃၀) တာခ်ီလိတ္မွ ရဲအုပ္ ၀င္းေက်ာ္ေက်ာ္က မူးယစ္းေဆး၀ါးအႏၱရာယ္ ဆုိးက်ဳိးမ်ား ႏွင့္ တားဆီးႏွိမ္ နင္းေရး ေဆာင္ရြက္ေနမႈမ်ားကုိလည္းေကာင္း၊ ခရုိင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာနမွ ခရုိင္ဦးစီးအရာရွိ ဦးလွေဌး က ေက်ာင္းသား လူငယ္ႏွင့္စာေပ အေၾကာင္း ကုိလည္းေကာင္း အသီးသီး အသိပညာေပးေဟာေျပာသည္။

ယင္းေနာက္ ၿမဳိ႕နယ္ပညာေရးမွဴး ေဒၚမာမာဦး က အသိပညာေပးေဟာေျပာပဲြက်င္းပ ေဆာင္ရြက္ေပးမႈႏွင့္စပ္လ်ဥ္းၿပီး ေက်းဇူူးတင္ စကားေျပာၾကားသည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္က အမ်ဳိးသားေရးတာ၀န္တစ္ရပ္အေနျဖင့္ မူးယစ္ေဆး၀ါးပေပ်ာက္ေရးေဆာင္ရြက္ ေနမႈမ်ား၊ မူးယစ္ေဆး၀ါး ဆုိးက်ဳိးမ်ား၊ ျပစ္မႈျပစ္ဒဏ္မ်ား ပါ၀င္သည့္ အသိပညာေပးနံရံကပ္စာေစာင္၊ ဓာတ္ပံုျပ ဘုတ္မ်ား ႏွင့္ ခင္းက်င္းျပသထားသည့္ စာအုပ္စာေစာင္မ်ားအား ေက်ာင္းသား ေက်ာင္းသူမ်ားက စိတ္၀င္တစား ၾကည့္ရႈေလ့လာမွတ္သားၾကၿပီး၊ ေက်ာင္းသားေက်ာင္းသူမ်ားအား မူးယစ္ေဆး၀ါးအႏၱရာယ္ အသိပညာေပး လက္ ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ေပးခဲ့ေၾကာင္းသိရသည္။

သတင္း။  ။ ေ၀ယံလင္း
ဓာတ္ပံု။  ။ ယာေဆး
....................

တာချီလိတ်၊ ဇွန်လ (၁၆)
၂၀၁၆ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် ဓာတ်ပုံပြပွဲကို ယနေ့ ဇွန်လ(၁၆)ရက်၊ နံနက် (၉)နာရီခွဲအချိန်က တာချီလိတ်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲ (ပုန်းထွန်)ရှိ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဌေးရီက အဖွင့်အမှာ စကားပြောကြားပြီး၊ ခရိုင်မူးယစ် ဆေးဝါးဆန့်ကျင်ရေးအသင်း မှ အတွင်းရေးမှူး ဦးသိန်းထွန်း က မူးယစ်ဆေးဝါးများ၏ သမိုင်းကြောင်းနှင့် မူးယစ် ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းများကို လည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ် ဝင်းကျော်ကျော်က မူးယစ်းဆေးဝါးအန္တရာယ် ဆိုးကျိုးများ နှင့် တားဆီးနှိမ် နင်းရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေး က ကျောင်းသား လူငယ်နှင့်စာပေ အကြောင်း ကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောသည်။

ယင်းနောက် မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦး က အသိပညာပေးဟောပြောပွဲကျင်းပ ဆောင်ရွက်ပေးမှုနှင့်စပ်လျဉ်းပြီး ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အနဖြေင့် မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက် နေမှုများ၊ မူးယစ်ဆေးဝါး ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ ပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြ ဘုတ်များ နှင့် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာမှတ်သားကြပြီး၊ ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက် ကမ်းစာစောင်များ ဖြနေ့်ဝပေးခဲ့ကြောင်းသိရသည်။

သတင်း။ေဝယံလင်း
ဓာတ်ပုံ။ ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net