ဓမၼစကူးလ္ေက်ာင္းေတာ္ အထက(တာခ်ီလိတ္)၏ ၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္ သင္ယူၿပီးေျမာက္ေၾကာင္း အခမ္းအနားျပဳလုပ္

ဓမၼစကူးလ္ေက်ာင္းေတာ္ အထက(တာခ်ီလိတ္)၏ ၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္ သင္ယူၿပီးေျမာက္ေၾကာင္း အခမ္းအနားျပဳလုပ္
ဇွန် 25, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ (၂၅) ရက္
တာခ်ီလိတ္ၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ ၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္ တတိယအၾကိမ္ေျမာက္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ျခင္းႏွင့္ ေမာင္မယ္သစ္လြင္မ်ား ၾကိဳဆိုျခင္းကို ဇြန္လ(၂၅)ရက္ မြန္းလြဲပိုင္းက က်င္းပျပဳလုပ္သည္။

အဆိုပါအခမ္းအနားကို မကာဟိုခမ္းရပ္ကြက္ရွိ ဟုတ္တက္မဂၤလာခန္းမတြင္က်င္းပ ျပဳလုပ္ရာ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်)တာခ်ီလိတ္၊ စစ္ဗ်ဴဟာမွဴးႏွင့္ ေဒသ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ရဟန္းသံဃာမ်ား၊ ေက်ာင္းသားမိဘမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

“အဓိကကေတာ့ ဗုဒၶရဲ႕အဆုံးအမကို ကေလးငယ္ေတြကို သင္ၾကားေပးၿပီး၊ ဒီေက်ာင္းေတာ္ၾကီးကေန လူေကာင္းလူမြန္ေလးေတြ ထြက္ေပၚလာေစၿပီး ကေလးငယ္ေတြ လိမၼာယဥ္ေက်းေအာင္ သင္ၾကားေပးျခင္း ျဖစ္ပါတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္လံုးဆိုင္ရာ ဓမၼစကူးလ္ေက်ာင္းေတာ္ ဥကၠဌ ဆရာေတာ္၊ ေ၀ဠဳ၀န္ေက်ာင္းတုိက္ဆရာေတာ္ ဘဒၵ ႏၱ နႏၵိမာ၀ံသ( ဓမၼာစရိယ)က မိန္႔သည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ဓမၼစကူးလ္ကို၂၀၁၃ ခုႏွစ္ ၾသဂုတ္လ(၁၈) ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး၊ ဓမၼစကူးလ္ေက်ာင္းေပါင္း(၂၂)ေက်ာင္းအထိ ရိွလာၿပီျဖစ္ၿပီး တက္ေရာက္သည့္ ေက်ာင္းသား၊ ေက်ာင္းသူစုစုေပါင္း (၃၅၀၀)ခန္႔ႏွင့္ ဓမၼစကူးလ္သင္ၾကားသည့္ ဆရာ၊ ဆရာမ စုစုေပါင္း (၁၂၄)ဦး ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ေဇာင္းညီ
.............

တာချီလိတ်၊ ဇွန်လ (၂၅) ရက်
တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တတိယအကြိမ်မြောက် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်းနှင့် မောင်မယ်သစ်လွင်များ ကြိုဆိုခြင်းကို ဇွန်လ(၂၅)ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက်မင်္ဂလာခန်းမတွင်ကျင်းပ ပြုလုပ်ရာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူးနှင့် ဒေသ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ရဟန်းသံဃာများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

“အဓိကကတော့ ဗုဒ္ဓရဲ့အဆုံးအမကို ကလေးငယ်တွေကို သင်ကြားပေးပြီး၊ ဒီကျောင်းတော်ကြီးကနေ လူကောင်းလူမွန်လေးတွေ ထွက်ပေါ်လာစပြေီး ကလေးငယ်တွေ လိမ္မာယဉ်ကျေးအောင် သင်ကြားပေးခြင်း ဖြစ်ပါတယ်။”ဟု တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် ဥက္ကဌ ဆရာတော်၊ေဝဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တ နန္ဒိမာဝံသ( ဓမ္မာစရိယ)က မိန့်သည်။

တာချီလိတ်မြို့နယ်တွင် ဓမ္မစကူးလ်ကို၂၀၁၃ ခုနှစ် သြဂုတ်လ(၁၈) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ဓမ္မစကူးလ်ကျောင်းပေါင်း(၂၂)ကျောင်းအထိ ရှိလာပြီဖြစ်ပြီး တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၅၀၀)ခန့်နှင့် ဓမ္မစကူးလ်သင်ကြားသည့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၂၄)ဦး ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net