အေကာက္ခြန္လုပ္ငန္းဆိုင္ရာ ဝန္ေဆာင္မႈေအဂ်င္စီ လက္မွတ္အတြက္ Deposit ေပးသြင္းရမည့္ ေငြပမာဏမ်ား၍ အခက္ေတြ႕သူမ်ားရွိေန

အေကာက္ခြန္လုပ္ငန္းဆိုင္ရာ ဝန္ေဆာင္မႈေအဂ်င္စီ လက္မွတ္အတြက္ Deposit ေပးသြင္းရမည့္ ေငြပမာဏမ်ား၍ အခက္ေတြ႕သူမ်ားရွိေန
ဇွန် 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၀)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အေကာက္ခြန္ဆိုင္ရာလုပ္ငန္းမ်ားအား ၀န္ေဆာင္မႈ ေပးေနသည့္ ေအဂ်င္စီ(၁၁)ဖြဲ႔က တရား၀င္မွတ္ပံုတင္ရန္ ေလွ်ာက္ထားရာတြင္ တစ္ဖြဲ႔လွ်င္ က်ပ္သိန္း(၃၀)အစိုးရကို Deposit ေပးသြင္းရမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ အေကာက္ခြန္၀န္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္း (MCBA)မွ သိရသည္။

"အခု တာခ်ီလိတ္မွာ မွတ္ပံုတင္ဖို႔ ေလွ်ာက္ထားတာ (၁၁)ခုေလာက္ရွိတယ္။ ေအဂ်င္စီတစ္ခုကို က်ပ္ေငြသိန္း(၃၀) အစိုးရကို Deposit တင္ရတယ္။ တာခ်ီလိတ္မွာေတာ့ ေအဂ်င္စီလုပ္ကိုင္တဲ့သူေတြကို အ၀ါေရာင္ကတ္ေတြ ထုတ္ေပးမယ္။ ပန္းေရာင္ကတ္ေတြကေတာ့ ေအဂ်င္စီက ဝန္ထမ္းေတြအတြက္ေပါ့။ ဘယ္ေတာ့ တရား၀င္ ခြင့္ျပဳမလဲေတာ့ မသိေသးဘူး။ အခု တံတားေပၚမွာလုပ္ေနတာ အေကာက္ခြန္က သင္တန္းေပးထားတဲ့ သူေတြပါပဲ။ ေအးဂ်င့္တစ္ခုကို လူ(၃-၄)ဦးေလာက္ပါတယ္"ဟု တာခ်ီလိတ္ အေကာက္ခြန္၀န္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္း (MCBA)မွ ဥကၠဌ ဦးမင္းေဇာ္ဟိန္းက ေျပာသည္။

လုပ္ငန္းရွင္မ်ား အေကာက္ခြန္ လုပ္ထံုးလုပ္နည္းမ်ားေဆာင္ရြက္ရာတြင္ အဆင္ေျပလြယ္ကူေစရန္ ရံုးလုပ္ငန္းမ်ားတြင္ ၀င္ေရာက္ေဆာင္ရြက္ခြင့္အား ၀န္ေဆာင္မႈေပးရန္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕တြင္ ေအဂ်င္စီလုပ္ကိုင္ခြင့္ ေလွ်ာက္ထားေသာ အဖြဲ႕(၁၁)ဖြဲ႕ရွိၿပီး တစ္ဖြဲ႕လွ်င္ က်ပ္သိန္း(၃၀)ျဖင့္ အစိုးရသို႔ Deposit တင္ရမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

အေကာက္ခြန္ဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံအေကာက္ခြန္၀န္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းတုိ႔ ေမလ (၁၉)ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီး နယ္စပ္ေဒသမ်ားမွ အေကာက္ခြန္ဆိုင္ရာလုပ္ငန္းမ်ားအား ၀န္ေဆာင္မႈေပးေနသည့္ ေအဂ်င္စီမ်ားကို တည္ေထာင္ခြင့္ေပးရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ၿပီး နယ္စပ္တြင္ ေအဂ်င္စီေပါင္း(၃၉)ဖြဲ႕အား ဖြဲ႕စည္းတည္ေထာင္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

"ကြ်န္မတို႔က ဒီအလုပ္ပဲ အၿမဲလုပ္ေနမွာ မဟုတ္ဘူး။ အခုက က်ပ္သိန္း(၃၀)သြင္းရမယ္ဆိုေတာ့ အဆင္မေျပဘူး၊  တစ္ဖြဲ႔မွာ (၃-၄)ေယာက္ရွိတာေတာင္မွ တစ္ေယာက္ကို (၇)သိန္းခြဲေလာက္ ေပးဆိုရင္ေတာင္ အဆင္မေျပဘူးျဖစ္ေနတယ္။ အစက တစ္ဖြဲ႔လံုးကို က်ပ္(၁၀)သိန္းဆိုေတာ့ ဘယ္လိုျဖစ္ျဖစ္ အဆင္ေျပတယ္လို႔ ထင္ထားတာ၊ အခုေတာ့ မ်ားလို႔ ျဖစ္ႏိုင္ရင္ မေလွ်ာက္ ခ်င္ေတာ့ဘူး၊ တစ္ခ်ဳိ႕ မေလွ်ာက္ေတာ့ဘူးလို႔ ေျပာေနတာေတြလည္းရွိတယ္"ဟု ေလွ်ာက္ထားရာတြင္ ပါ၀င္သည့္ အမ်ဳိးသမီးတစ္ဦးက ဆိုသည္။

"အခုေလာေလာဆယ္ေတာ့ မသြင္းခ်င္တဲ့ လူေတြလည္းရွိတယ္လို႔ သိရတယ္။ ဒီ(၂)ရက္(၃)ရက္အတြင္း စိတ္ျပန္လည္လာမလား၊ ဘယ္လိုဆံုးျဖတ္မလဲေတာ့ မသိေသးပါဘူး၊ ဒါက သူတို႔ရဲ႕ သေဘာပါ"ဟု ဦးမင္းေဇာ္ဟိန္းက ေျပာသည္။

မွတ္ပံုတင္ရန္ေလွ်ာက္ထားသည့္ အေကာက္ခြန္ဆိုင္ရာလုပ္ငန္းဆိုင္ရာ ဝန္ေဆာင္မႈေပးသည့္ ေအဂ်င္စီမ်ားတြင္ Black List စာရင္းတြင္ ပါ၀င္ေနသူမရိွေစေရး အထူးစစ္ေဆးခြင့္ ျပဳသြားမည္ျဖစ္ေၾကာင္းႏွင့္ Smart Card မ်ားကို ျပန္လည္စီစစ္လွ်က္ရွိၿပီး အေကာက္ခြန္ရုံးအတြင္းသို႔ ၀င္ေရာက္ေဆာင္ရြက္ခြင့္အား ေနရာအကန္႔အသတ္ျဖင့္သာ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ အေကာက္ခြန္ ၀န္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

သတင္း။  ။ #ေစာလွမင္း
................................

တာချီလိတ်၊ ဇွန်လ(၁၀)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အကောက်ခွန်ဆိုင်ရာလုပ်ငန်းများအား ဝန်ဆောင်မှု ပေးနေသည့် အေဂျင်စီ(၁၁)ဖွဲ့က တရားဝင်မှတ်ပုံတင်ရန် လျှောက်ထားရာတွင် တစ်ဖွဲ့လျှင် ကျပ်သိန်း(၃၀)အစိုးရကို Deposit ပေးသွင်းရမည်ဖြစ်ကြောင်း တာချီလိတ် အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MCBA)မှ သိရသည်။

"အခု တာချီလိတ်မှာ မှတ်ပုံတင်ဖို့ လျှောက်ထားတာ (၁၁)ခုလောက်ရှိတယ်။ အေဂျင်စီတစ်ခုကို ကျပ်ငွေသိန်း(၃၀) အစိုးရကို Deposit တင်ရတယ်။ တာချီလိတ်မှာတော့ အေဂျင်စီလုပ်ကိုင်တဲ့သူတွေကို အဝါရောင်ကတ်တွေ ထုတ်ပေးမယ်။ ပန်းရောင်ကတ်တွေကတော့ အေဂျင်စီက ဝန်ထမ်းတွေအတွက်ပေါ့။ ဘယ်တော့ တရားဝင် ခွင့်ပြုမလဲတော့ မသိသေးဘူး။ အခု တံတားပေါ်မှာလုပ်နေတာ အကောက်ခွန်က သင်တန်းပေးထားတဲ့ သူတွေပါပဲ။ အေးဂျင့်တစ်ခုကို လူ(၃-၄)ဦးလောက်ပါတယ်"ဟု တာချီလိတ် အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MCBA)မှ ဥက္ကဌ ဦးမင်းဇော်ဟိန်းက ပြောသည်။

လုပ်ငန်းရှင်များ အကောက်ခွန် လုပ်ထုံးလုပ်နည်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန် ရုံးလုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက်ခွင့်အား ဝန်ဆောင်မှုပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းနှင့် တာချီလိတ်မြို့တွင် အေဂျင်စီလုပ်ကိုင်ခွင့် လျှောက်ထားသော အဖွဲ့(၁၁)ဖွဲ့ရှိပြီး တစ်ဖွဲ့လျှင် ကျပ်သိန်း(၃၀)ဖြင့် အစိုးရသို့ Deposit တင်ရမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့ မေလ (၁၉)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်စပ်ဒေသများမှ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများအား ဝန်ဆောင်မှုပေးနေသည့် အေဂျင်စီများကို တည်ထောင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်တွင် အေဂျင်စီပေါင်း(၃၉)ဖွဲ့အား ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

"ကျွန်မတို့က ဒီအလုပ်ပဲ အမြဲလုပ်နေမှာ မဟုတ်ဘူး။ အခုက ကျပ်သိန်း(၃၀)သွင်းရမယ်ဆိုတော့ အဆင်မပြေဘူး၊ တစ်ဖွဲ့မှာ (၃-၄)ယောက်ရှိတာတောင်မှ တစ်ယောက်ကို (၇)သိန်းခွဲလောက် ပေးဆိုရင်တောင် အဆင်မပြေဘူးဖြစ်နေတယ်။ အစက တစ်ဖွဲ့လုံးကို ကျပ်(၁၀)သိန်းဆိုတော့ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်လို့ ထင်ထားတာ၊ အခုတော့ များလို့ ဖြစ်နိုင်ရင် မလျှောက် ချင်တော့ဘူး၊ တစ်ချို့ မလျှောက်တော့ဘူးလို့ ပြောနေတာတွေလည်းရှိတယ်"ဟု လျှောက်ထားရာတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

"အခုလောလောဆယ်တော့ မသွင်းချင်တဲ့ လူတွေလည်းရှိတယ်လို့ သိရတယ်။ ဒီ(၂)ရက်(၃)ရက်အတွင်း စိတ်ပြန်လည်လာမလား၊ ဘယ်လိုဆုံးဖြတ်မလဲတော့ မသိသေးပါဘူး၊ ဒါက သူတို့ရဲ့ သဘောပါ"ဟု ဦးမင်းဇော်ဟိန်းက ပြောသည်။

မှတ်ပုံတင်ရန်လျှောက်ထားသည့် အကောက်ခွန်ဆိုင်ရာလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် အေဂျင်စီများတွင် Black List စာရင်းတွင် ပါဝင်နေသူမရှိစေရေး အထူးစစ်ဆေးခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် Smart Card များကို ပြန်လည်စီစစ်လျှက်ရှိပြီး အကောက်ခွန်ရုံးအတွင်းသို့ ဝင်ရောက်ဆောင်ရွက်ခွင့်အား နေရာအကန့်အသတ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

သတင်း။ #စောလှမင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~