မယ္ဆိုင္၌ ျမန္မာ လုပ္ငန္းရွင္မ်ားထံမွ ထိုင္းဘတ္ေငြ (၁၈)သိန္း ေတြ႕ရွိ၍ ထိုင္းရဲမွ စစ္ေဆး၊ CNCMC မွ သြားေရာက္ ကူညီ

မယ္ဆိုင္၌ ျမန္မာ လုပ္ငန္းရွင္မ်ားထံမွ ထိုင္းဘတ္ေငြ (၁၈)သိန္း ေတြ႕ရွိ၍ ထိုင္းရဲမွ စစ္ေဆး၊ CNCMC မွ သြားေရာက္ ကူညီ
ဇွန် 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၄)
ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ တာခ်ီလိတ္မွ လုပ္ငန္းရွင္တစ္စုက ေရသန္႔စက္ပစၥည္းမ်ားအတြက္ က်သင့္ေငြမ်ား သြားေရာက္ေပးေခ်ရန္ သယ္ေဆာင္သြားသည့္ ေငြေၾကးပမာဏမွာ မ်ားျပားေနသျဖင့္ ထိုင္းရဲတပ္ဖြဲ႔မွ စစ္ေဆးရာမွ CNCMC ေကာ္မတီက သြားေရာက္ေျဖရွင္းေပးခ့ဲၿပီးေနာက္ အေထာက္အထားမ်ား ျပည့္စံုစြာ ျပသႏိုင္၍ ေငြမ်ားအားလံုးကို ထိုင္းရဲမွ ပိုင္ရွင္ထံ ျပန္အပ္လိုက္ေၾကာင္း သိရသည္။

ဆမ္က်န္ခမ္း ေသာက္ေရသန္႔လုပ္ငန္းအတြက္ ကိုအိုက္ပြန္းႏွင့္ လုပ္ငန္းရွင္တစ္စုသည္ ယေန႔ ဇြန္လ(၂၄)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္က တာခ်ီလိတ္မွ တစ္ဆင့္ မယ္ဆိုင္သို႔ ထိုင္းဘတ္ေငြ (၁၈)သိန္းအား သယ္ေဆာင္သြားၿပီး အဆိုပါ စက္ပစၥည္းမ်ားအတြက္ သြားေရာက္ ေငြေပးေခ်ရန္ေဆာင္ရြက္စဥ္ ထိုင္းရဲတပ္ဖြဲ႔မွ ေတြ႕ရွိသြားၿပီး အဆိုပါ ေငြမ်ားမွာ တရား၀င္ေငြေၾကး ဟုတ္မဟုတ္ သိလို၍ ေခၚယူစစ္ေဆးျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုင္းရဲမွ အဆိုပါ ေငြေၾကးကိစၥမ်ားႏွင့္ ပတ္သက္၍ ေခၚယူ စစ္ေဆးမႈေၾကာင့္ လုပ္ငန္းရွင္မ်ား၏ အသိမိတ္ေဆြ တစ္ဦးမွ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ ( CNCMC ) သို႔ ဆက္သြယ္အကူအညီေတာင္းခံမွဳေႀကာင့္ သြားေရာက္ ညႇိႏႈိင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း CNCMC မွ သိရသည္။

"အခုလို ဘတ္(၁၈)သိန္း နဲ႔ ပတ္သက္ၿပီး စစ္ေဆးခံေနရေတာ့ သူတို႔အသိထဲက တစ္ေယာက္က ဖုန္းဆက္ၿပီး အကူအညီေတာင္းတာနဲ႔ သြားေရာက္ ညႇိႏႈိင္းေဆာင္ရြက္ေပးခဲ့ပါတယ္။ သူတို႔ဘက္က ပစၥည္း၀ယ္တဲ့ အေထာက္အထားေတြ၊ အခ်က္အလက္ေတြ ျပသႏိုင္လို႔ ထိုင္းရဲဘက္က ျပန္ေပးလာတာပါ။ ေနာက္တစ္ခုက ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးကို ေရွ႕ရႈတာလည္း ပါတာေပါ့၊ အခ်က္အလက္ေတြသာ မျပႏိုင္ရင္ ဒီေငြေတြကို ထိုင္းရဲက ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းႏိုင္ပါတယ္၊ အရင္ကလည္း အေထာက္အထား မျပႏိုင္တဲ့ ေငြေၾကးေတြကို ထိုင္းက ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းတာေတြလည္းရွိပါတယ္၊ အခုက အေထာက္အထားျပႏိုင္ေတာ့ သူတို႔အတြက္ ကံေကာင္းတယ္လို႔ ေျပာလို႕ရႏိုင္ပါတယ္။"ဟု ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ ( CNCMC )၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးစည္သူေမာင္က ေျပာသည္။

အဆိုပါ ေငြေၾကးမ်ားႏွင့္ ပတ္သက္၍ အမွတ္(၂)လွည့္ကင္းအဖြဲ႔ေခါင္းေဆာင္ ရဲမွဴး Tom Surinpao ႏွင့္ တာ၀န္ရွိသူမ်ား၊ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ ( CNCMC )၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးစည္သူေမာင္ ႏွင့္ အဆိုပါ လုပ္ငန္းရွင္တို႔ ေတြ႕ဆံုကာ ညႇိႏႈိင္းရာ ထိုင္းဘက္တာ၀န္ရွိသူမ်ားက ဘတ္ေငြ(၁၈)သိန္းအား လက္၀ယ္အေရာက္ ျပန္လည္ ေပးအပ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ CNCMC က လက္လွမ္းမီသေလာက္ ကိုယ့္ျမန္မာႏိုင္ငံသားအေရးကိစၥေတြကို သက္ဆိုင္ရာနဲ႔ ညႇိႏႈိင္းေဆာင္ရြက္ေပးေနလွ်က္ရွိပါတယ္၊ အဲ့လို ကူညီေပးမႈနဲ႔ ပတ္သက္ၿပီး ေငြေၾကးတစ္စံုတစ္ရာ လက္ခံျခင္း မရွိပါဘူး။ ေကာ္မတီ၀င္ေတြ အားလံုး မိမိတို႔ရဲ႕ အခ်ိန္ကို ဖဲ့ၿပီး ေဆာင္ရြက္ေနၾကတာပါ။ အခုလို အေရးအေၾကာင္းႀကံဳလာရင္ အခ်ိန္မေရြး ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္ပါတယ္"ဟု ဦးစည္သူေမာင္က ေျပာသည္။
..............

တာချီလိတ်၊ ဇွန်လ(၂၄)
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ်မှ လုပ်ငန်းရှင်တစ်စုက ရေသန့်စက်ပစ္စည်းများအတွက် ကျသင့်ငွေများ သွားရောက်ပေးချေရန် သယ်ဆောင်သွားသည့် ငွေကြေးပမာဏမှာ များပြားနေသဖြင့် ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးရာမှ CNCMC ကော်မတီက သွားရောက်ဖြေရှင်းပေးခဲ့ပြီးနောက် အထောက်အထားများ ပြည့်စုံစွာ ပြသနိုင်၍ ငွေများအားလုံးကို ထိုင်းရဲမှ ပိုင်ရှင်ထံ ပြန်အပ်လိုက်ကြောင်း သိရသည်။

ဆမ်ကျန်ခမ်း သောက်ရေသန့်လုပ်ငန်းအတွက် ကိုအိုက်ပွန်းနှင့် လုပ်ငန်းရှင်တစ်စုသည် ယနေ့ ဇွန်လ(၂၄)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က တာချီလိတ်မှ တစ်ဆင့် မယ်ဆိုင်သို့ ထိုင်းဘတ်ငွေ (၁၈)သိန်းအား သယ်ဆောင်သွားပြီး အဆိုပါ စက်ပစ္စည်းများအတွက် သွားရောက် ငွေပေးချေရန်ဆောင်ရွက်စဉ် ထိုင်းရဲတပ်ဖွဲ့မှ တွေ့ရှိသွားပြီး အဆိုပါ ငွေများမှာ တရားဝင်ငွေကြေး ဟုတ်မဟုတ် သိလို၍ ခေါ်ယူစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းရဲမှ အဆိုပါ ငွေကြေးကိစ္စများနှင့် ပတ်သက်၍ ခေါ်ယူ စစ်ဆေးမှုကြောင့် လုပ်ငန်းရှင်များ၏ အသိမိတ်ဆွေ တစ်ဦးမှ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC ) သို့ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် သွားရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း CNCMC မှ သိရသည်။

"အခုလို ဘတ်(၁၈)သိန်း နဲ့ ပတ်သက်ပြီး စစ်ဆေးခံနေရတော့ သူတို့အသိထဲက တစ်ယောက်က ဖုန်းဆက်ပြီး အကူအညီတောင်းတာနဲ့ သွားရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ သူတို့ဘက်က ပစ္စည်းဝယ်တဲ့ အထောက်အထားတွေ၊ အချက်အလက်တွေ ပြသနိုင်လို့ ထိုင်းရဲဘက်က ပြန်ပေးလာတာပါ။ နောက်တစ်ခုက နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေ့ရှုတာလည်း ပါတာပေါ့၊ အချက်အလက်တွေသာ မပြနိုင်ရင် ဒီငွေတွေကို ထိုင်းရဲက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းနိုင်ပါတယ်၊ အရင်ကလည်း အထောက်အထား မပြနိုင်တဲ့ ငွေကြေးတွေကို ထိုင်းက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းတာတွေလည်းရှိပါတယ်၊ အခုက အထောက်အထားပြနိုင်တော့ သူတို့အတွက် ကံကောင်းတယ်လို့ ပြောလို့ရနိုင်ပါတယ်။"ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC )၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။

အဆိုပါ ငွေကြေးများနှင့် ပတ်သက်၍ အမှတ်(၂)လှည့်ကင်းအဖွဲ့ခေါင်းဆောင် ရဲမှူး Tom Surinpao နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC )၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင် နှင့် အဆိုပါ လုပ်ငန်းရှင်တို့ တွေ့ဆုံကာ ညှိနှိုင်းရာ ထိုင်းဘက်တာဝန်ရှိသူများက ဘတ်ငွေ(၁၈)သိန်းအား လက်ဝယ်အရောက် ပြန်လည် ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ CNCMC က လက်လှမ်းမီသလောက် ကိုယ့်မြန်မာနိုင်ငံသားအရေးကိစ္စတွေကို သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေလျှက်ရှိပါတယ်၊ အဲ့လို ကူညီပေးမှုနဲ့ ပတ်သက်ပြီး ငွေကြေးတစ်စုံတစ်ရာ လက်ခံခြင်း မရှိပါဘူး။ ကော်မတီဝင်တွေ အားလုံး မိမိတို့ရဲ့ အချိန်ကို ဖဲ့ပြီး ဆောင်ရွက်နကြေတာပါ။ အခုလို အရေးအကြောင်းကြုံလာရင် အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါတယ်"ဟု ဦးစည်သူမောင်က ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~