လွ်ပ္စစ္မီးျပဳျပင္ရာမွ အမ်ဳိးသားတစ္ဦး ဓာတ္လိုက္ေသဆံုး

လွ်ပ္စစ္မီးျပဳျပင္ရာမွ အမ်ဳိးသားတစ္ဦး ဓာတ္လိုက္ေသဆံုး
ဇွန် 28, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၈)
လွ်ပ္စစ္မီးလိုင္း ျပဳျပင္သူတစ္ဦး တာခ်ီလိတ္ရွိ စားေသာက္ဆိုင္ တစ္ဆိုင္တြင္ ဇြန္လ(၂၈)ရက္ေန႔၊ ညေန(၃)နာရီ၀န္းက်င္က မီးလိုင္းမ်ား ျပန္လည္ျပဳျပင္စဥ္ လွ်ပ္စစ္ဓာတ္လိုက္၍ ေသဆံုးမႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ရွိ Club7 စားေသာက္ဆိုင္အား ျပန္လည္ဖြင့္လွစ္ရန္အတြက္ ဆိုင္တြင္းရွိ လွ်ပ္စစ္မီးလိုင္းမ်ားအား ျပဳျပင္ရန္ မီးလိုင္းျပဳျပင္ေရးအလုပ္သမား (၂)ဦးမွ ျပဳျပင္စဥ္ စိုင္း၀မ္းဆိုသူမွာ ဆိုင္အ၀င္ မ်က္ႏွာက်က္အေပၚမွ လွ်ပ္စစ္မီးႀကိဳးအား ကိုင္တြယ္မိသျဖင့္ ဓာတ္လိုက္၍ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္မီးလိုင္းမ်ား ျပဳျပင္စဥ္တြင္ မီးမိန္းခလုတ္ခ်၍ မီးျဖတ္ေတာက္ျခင္း မျပဳဘဲ ျပဳျပင္ရာမွ ဓာတ္လိုက္ေသဆံုးသြားျခင္း ျဖစ္ေၾကာင္းႏွင့္ ဓာတ္လိုက္ခံရၿပီးေနာက္၊ ၎အား တာခ်ီလိတ္နာေရး ကူညီမႈအသင္းမွ ေဆးရံုသို႔ ပို႔ေဆာင္စဥ္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းမွ သိရသည္။

ဓာတ္လိုက္ေသဆံုးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္(၁၀/၂၀၁၆ )ျဖင့္ ေသမႈေသခင္း ဖြင့္လွစ္ထားရွိေၾကာင္း ႏွင့္ မီးလိုင္းမ်ားျပဳျပင္ရင္း ေသဆံုးသြားသူ စိုင္း၀မ္းမွာ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ေနထုိင္သူျဖစ္ၿပီး ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
ဓာတ္ပံု။  ။ တာခ်ီလိတ္နာေရးကူညီမႈအသင္း

...................

တာချီလိတ်၊ ဇွန်လ(၂၈)
လျှပ်စစ်မီးလိုင်း ပြုပြင်သူတစ်ဦး တာချီလိတ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဇွန်လ(၂၈)ရက်နေ့၊ ညနေ(၃)နာရီဝန်းကျင်က မီးလိုင်းများ ပြန်လည်ပြုပြင်စဉ် လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ Club7 စားသောက်ဆိုင်အား ပြန်လည်ဖွင့်လှစ်ရန်အတွက် ဆိုင်တွင်းရှိ လျှပ်စစ်မီးလိုင်းများအား ပြုပြင်ရန် မီးလိုင်းပြုပြင်ရေးအလုပ်သမား (၂)ဦးမှ ပြုပြင်စဉ် စိုင်းဝမ်းဆိုသူမှာ ဆိုင်အဝင် မျက်နှာကျက်အပေါ်မှ လျှပ်စစ်မီးကြိုးအား ကိုင်တွယ်မိသဖြင့် ဓာတ်လိုက်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးလိုင်းများ ပြုပြင်စဉ်တွင် မီးမိန်းခလုတ်ချ၍ မီးဖြတ်တောက်ခြင်း မပြုဘဲ ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်းနှင့် ဓာတ်လိုက်ခံရပြီးနောက်၊၎င်းအား တာချီလိတ်နာရေး ကူညီမှုအသင်းမှ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။

ဓာတ်လိုက်သေဆုံးမှုအား တာချီလိတ်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၁၀/၂၀၁၆ )ဖြင့် သေမှုသေခင်း ဖွင့်လှစ်ထားရှိကြောင်း နှင့် မီးလိုင်းများပြုပြင်ရင်း သေဆုံးသွားသူ စိုင်းဝမ်းမှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ကြောင်း သိရသည်။

သတင်း။ ကိုဇက်
ဓာတ်ပုံ။ တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~