ျပဳျပင္ရန္ ဖံုးအုပ္ထားသည့္ တာခ်ီလိတ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္ မီးေလာင္ကြ်မ္းမႈအား သက္ဆိုင္ရာမွ စံုစမ္းေန

ျပဳျပင္ရန္ ဖံုးအုပ္ထားသည့္ တာခ်ီလိတ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္ မီးေလာင္ကြ်မ္းမႈအား သက္ဆိုင္ရာမွ စံုစမ္းေန
ဇွန် 22, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၂)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕၌ ျပဳျပင္ရန္အတြက္ ႏိုင္လြန္စျဖင့္ ဖံုးအုပ္ထားသည့္ ၿမိဳ႕အ၀င္ဆိုင္းဘုတ္သည္ ဇြန္လ(၂၂)ရက္ နံနက္ပိုင္းတြင္ မီးေလာင္ကြ်မ္းထားေၾကာင္း ေတြ႕ရွိရသည္။

"ကၽြန္ေတာ္လည္း ၾကားတာဘဲရွိတယ္၊ မေတြ႕ရေသးဘူး အ၀တ္စမီးေလာင္တာက အုပ္ထားတဲ့ အစိမ္းေရာင္ အ၀တ္စက ႏိုင္လြန္စျဖစ္ေနတဲ့အျပင္ အဲ့ဒီမွာ တပ္ဆင္ထားတဲ့ ၀ါယာႀကိဳးနဲ႔ မီးေလွ်ာ့ျဖစ္တဲ့အခါ ေလာင္သြားတာျဖစ္ႏိုင္ပါတယ္၊ အခုေလာေလာဆယ္ေတာ့ ဘာေၾကာင့္ေလာင္ကၽြမ္းတယ္ဆိုတာ စံုစမ္းေနဆဲပါ"ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

"ည(၁၀)နာရီအထိေတာ့ ဆိုင္းဘုတ္မွာ အစိမ္းေရာင္အ၀တ္စ အုပ္ထားတာေတြ႕ရတုန္းပဲ၊ မနက္ေရာက္ေတာ့ အစိမ္းေရာင္ပိတ္စမရွိေတာ့ဘဲ၊ မီးေလာင္လို႔ မဲေနတာကို ေတြ႕ရတယ္တယ္၊ ဘယ္ခ်ိန္ကတည္းက ျဖစ္တာလည္းဆိုတာေတာ့ ကြ်န္မတို႔လည္း သတိမထားမိဘူး"ဟု ၿမိဳ႕အ၀င္ဆိုင္းဘုတ္အနီး ၀န္းက်င္၌ ေနထိုင္သူ အမ်ဳိးသမီး တစ္ဦးက ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕အ၀င္ မုတ္ဦးတြင္ ျမန္မာစာႏွင့္ ရွိထားၿပီး ျဖစ္သည့္အတြက္ ၿမိဳ႕အ၀င္ဆိုင္းဘုတ္အား ရွမ္းစာသီးသန္႔ျဖင့္ ေရးသားထားရာမွာ မၾကာမီကာလအတြင္းက အဆိုပါ ဆိုင္းဘုတ္အား ျပန္လည္ ျပင္ဆင္ရန္အတြက္ အစိမ္းေရာင္ ႏိုင္လြန္အ၀တ္စႏွင့္ အုပ္ထားရာမွ ယခုလို မီးေလာင္မႈ ျဖစ္ပြားျခင္း ျဖစ္ၿပီး လွ်ပ္စစ္ေလွ်ာ့ျဖစ္၍ ေလာင္ကြ်မ္းျခင္း ဟုတ္မဟုတ္ ႏွင့္ မည္သည့္ အေၾကာင္းေၾကာင့္ ေလာင္ကြ်မ္းျခင္းျဖစ္သည္ကို သက္ဆိုင္ရာမွ စံုစမ္းေနေၾကာင္း သိရွိရသည္။
 ..................

တာချီလိတ်၊ ဇွန်လ(၂၂)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့၌ ပြုပြင်ရန်အတွက် နိုင်လွန်စဖြင့် ဖုံးအုပ်ထားသည့် မြို့အဝင်ဆိုင်းဘုတ်သည် ဇွန်လ(၂၂)ရက် နံနက်ပိုင်းတွင် မီးလောင်ကျွမ်းထားကြောင်း တွေ့ရှိရသည်။

"ကျွန်တော်လည်း ကြားတာဘဲရှိတယ်၊ မတွေ့ရသေးဘူး အဝတ်စမီးလောင်တာက အုပ်ထားတဲ့ အစိမ်းရောင် အဝတ်စက နိုင်လွန်စဖြစ်နေတဲ့အပြင် အဲ့ဒီမှာ တပ်ဆင်ထားတဲ့ ဝါယာကြိုးနဲ့ မီးလျှော့ဖြစ်တဲ့အခါ လောင်သွားတာဖြစ်နိုင်ပါတယ်၊ အခုလောလောဆယ်တော့ ဘာကြောင့်လောင်ကျွမ်းတယ်ဆိုတာ စုံစမ်းနေဆဲပါ"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

"ည(၁၀)နာရီအထိတော့ ဆိုင်းဘုတ်မှာ အစိမ်းရောင်အဝတ်စ အုပ်ထားတာတွေ့ရတုန်းပဲ၊ မနက်ရောက်တော့ အစိမ်းရောင်ပိတ်စမရှိတော့ဘဲ၊ မီးလောင်လို့ မဲနေတာကို တွေ့ရတယ်တယ်၊ ဘယ်ချိန်ကတည်းက ဖြစ်တာလည်းဆိုတာတော့ ကျွန်မတို့လည်း သတိမထားမိဘူး"ဟု မြို့အဝင်ဆိုင်းဘုတ်အနီး ဝန်းကျင်၌ နေထိုင်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့အဝင် မုတ်ဦးတွင် မြန်မာစာနှင့် ရှိထားပြီး ဖြစ်သည့်အတွက် မြို့အဝင်ဆိုင်းဘုတ်အား ရှမ်းစာသီးသန့်ဖြင့် ရေးသားထားရာမှာ မကြာမီကာလအတွင်းက အဆိုပါ ဆိုင်းဘုတ်အား ပြန်လည် ပြင်ဆင်ရန်အတွက် အစိမ်းရောင် နိုင်လွန်အဝတ်စနှင့် အုပ်ထားရာမှ ယခုလို မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး လျှပ်စစ်လျှော့ဖြစ်၍ လောင်ကျွမ်းခြင်း ဟုတ်မဟုတ် နှင့် မည်သည့် အကြောင်းကြောင့် လောင်ကျွမ်းခြင်းဖြစ်သည်ကို သက်ဆိုင်ရာမှ စုံစမ်းနေကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~