တာခ်ီလိတ္မွ ဘန္ေကာက္ေရာက္ ျမန္မာလုပ္သားတစ္ဦး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တစ္ကိုယ္ေတာ္ စက္ဘီးစီးနင္းကာ ဂုဏ္ျပဳ

တာခ်ီလိတ္မွ ဘန္ေကာက္ေရာက္ ျမန္မာလုပ္သားတစ္ဦး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တစ္ကိုယ္ေတာ္ စက္ဘီးစီးနင္းကာ ဂုဏ္ျပဳ
ဇွန် 20, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္(၂၀)ရက္
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ဇြန္လ(၁၉)ရက္ေန႔က  ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသား အေပ်ာ္တမ္း စက္ဘီးစီးနင္းသူ တစ္ဦးက ကီလိုမီတာ (၁၂၁)ကီလိုကို တစ္ကိုယ္ေတာ္ စက္ဘီးစီးနင္းကာ ဂုဏ္ျပဳလိုက္ေၾကာင္း သိရသည္။

"အစတုန္းက ဒီဘန္ေကာက္မွာရွိတဲ့ ျမန္မာႏိုင္ငံသား စက္ဘီးစီးတဲ့သူေတြနဲ႔ အတူစီးမလို႔ပဲ။ လိုက္ေခၚတာ တစ္ေယာက္မွ မလိုက္လို႔ ကၽြန္ေတာ္တစ္ေယာက္ထဲ စီးတာပါ။ ဒီမွာ စက္ဘီးစီးတာေတာ့ ထုိင္းေတြနဲ႔ အေပ်ာ္တမ္းစီးတာပါ။ အခုလည္း ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ အမွတ္တရအေနနဲ႔ စီးတာပါ"ဟု Myanmar Bicycle Network မွ တစ္ကိုယ္ေတာ္စက္ဘီးနင္းသူ ကိုသန္႔ဇင္ဦးက ေျပာသည္။

ဘန္ေကာက္ၿမိဳ႕ေတာ္၊ ပတူနမ့္ရပ္ကြက္ရွိ လြတ္လပ္ေရးေက်ာက္တုိင္မွ ျမန္မာအမ်ားစုေနထိုင္ေသာ မဟာခ်ိဳင္နယ္ေျမ၊ စမြတ္စခြန္ၿမိဳ႕နယ္အထိ ေက်ာက္ဖယားျမစ္အား(၂)ႀကိမ္ ျဖတ္သန္းရာ အသြားအျပန္ခရီးအကြာအေ၀းမွာ (၁၂၁)ကီလိုမီတာရွိၿပီး စက္ဘီးစီးနင္းခ်ိန္ (၆)နာရီေက်ာ္ စီးနင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ကိုယ္ေတာ္စက္ဘီးစီးနင္းသူမွာ ဘန္ေကာက္ၿမိဳ႕လယ္ Novotel Hotel ေရွ႕တြင္ တူရကီ အသားလိပ္ေရာင္းခ်သူတစ္ဦးျဖစ္ေၾကာင္းႏွင့္ ၎သည္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ပုန္းထြန္ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး တာခ်ီလိတ္မွတဆင့္မွ ထုိင္းႏိုင္ငံအတြင္း သြားေရာက္အလုပ္လုပ္ကိုင္ေနသူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
................

တာချီလိတ်၊ ဇွန်(၂၀)ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇွန်လ(၁၉)ရက်နေ့က ရွှေ့ပြောင်းမြန်မာနိုင်ငံသား အပျော်တမ်း စက်ဘီးစီးနင်းသူ တစ်ဦးက ကီလိုမီတာ (၁၂၁)ကီလိုကို တစ်ကိုယ်တော် စက်ဘီးစီးနင်းကာ ဂုဏ်ပြုလိုက်ကြောင်း သိရသည်။

"အစတုန်းက ဒီဘန်ကောက်မှာရှိတဲ့ မြန်မာနိုင်ငံသား စက်ဘီးစီးတဲ့သူတွေနဲ့ အတူစီးမလို့ပဲ။ လိုက်ခေါ်တာ တစ်ယောက်မှ မလိုက်လို့ ကျွန်တော်တစ်ယောက်ထဲ စီးတာပါ။ ဒီမှာ စက်ဘီးစီးတာတော့ ထိုင်းတွေနဲ့ အပျော်တမ်းစီးတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအနေနဲ့ စီးတာပါ"ဟု Myanmar Bicycle Network မှ တစ်ကိုယ်တော်စက်ဘီးနင်းသူ ကိုသန့်ဇင်ဦးက ပြောသည်။

ဘန်ကောက်မြို့တော်၊ ပတူနမ့်ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်မှ မြန်မာအများစုနေထိုင်သော မဟာချိုင်နယ်မြေ၊ စမွတ်စခွန်မြို့နယ်အထိ ကျောက်ဖယားမြစ်အား(၂)ကြိမ် ဖြတ်သန်းရာ အသွားအပြန်ခရီးအကွာအေဝးမှာ (၁၂၁)ကီလိုမီတာရှိပြီး စက်ဘီးစီးနင်းချိန် (၆)နာရီကျော် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ကိုယ်တော်စက်ဘီးစီးနင်းသူမှာ ဘန်ကောက်မြို့လယ် Novotel Hotel ရှေ့တွင် တူရကီ အသားလိပ်ရောင်းချသူတစ်ဦးဖြစ်ကြောင်းနှင့်၎င်းသည် တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး တာချီလိတ်မှတဆင့်မှ ထိုင်းနိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net