တာခ်ီလိတ္ခရိုင္ ႏွင့္ ေက်ာက္မဲခရိုင္ ေဘာလံုးၿပိဳင္ပြဲ၌ (၁)ဂိုးစီ သေရက်

တာခ်ီလိတ္ခရိုင္ ႏွင့္ ေက်ာက္မဲခရိုင္ ေဘာလံုးၿပိဳင္ပြဲ၌ (၁)ဂိုးစီ သေရက်
ဇွန် 21, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၁)
ရွမ္းျပည္နယ္ၿမိဳ႕ေတာ္၊ ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၆ခုႏွစ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဖလား ခရိုင္အလိုက္ အသက္ ၂၃ ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲကို ဇြန္လ(၁၅)ရက္ေန႔က စတင္က်င္းပျပဳလုပ္ေနလွ်က္ရွိရာ ယေန႔ ဇြန္လ(၂၁)ရက္ေန႔ တြင္ တာခ်ီလိတ္ခရိုင္ ႏွင့္ ေက်ာက္မဲခရိုင္ ေဘာလံုးအသင္းတို႔ ယွဥ္ၿပိဳင္ ကစားႀကရာတြင္ (၁)ဂိုးစီျဖင့္ သေရက်သြားေၾကာင္း သိရသည္။

"ႀကိဳးစားၿပီး ကန္ေပမဲ့ တစ္ဂိုးစီ သေရက်သြားတယ္၊ အုပ္စုေတာ့ တက္သြားပါတယ္။ (၂၃)ရက္ေန႔က်ရင္ လိြဳင္လင္ခရိုင္နဲ႔ ကန္ရမွာပါ၊ အုပ္စုဗိုလ္လုတဲ့ ပြဲပါ"ဟု တာခ်ီလိတ္ခရိုင္ ေဘာလံုးအသင္းမွ ကိုခန္႔မင္းလြင္က ေျပာသည္။

အဆိုပါခရိုင္အလိုက္ ဝန္ႀကီးခ်ဳပ္ဖလား (၂၃)ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲတြင္ ေတာင္ႀကီး၊ လြိဳင္လင္၊ လင္းေခး၊ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ မိုင္းဆတ္၊ လားရွိဳး၊ ေက်ာက္မဲ၊ မူဆယ္ စသည့္ (၉)ခရိုင္တို႔မွ ပါဝင္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ျပီး အႀကိဳဗိုလ္လုပဲြကို ဇြန္လ(၂၇)ရက္ေန႔တြင္လည္းေကာင္း၊ ဗိုလ္လုပြဲအား ဇြန္လ(၂၉)ရက္ေန႔တြင္ လည္းေကာင္း က်င္းပျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရို္င္ ေဘာလံုးအသင္းအေနျဖင့္ ပြဲဦးထြက္ပြဲစဥ္အျဖစ္ ဇြန္လ(၁၅)ရက္ေန႔က ကစားရာ မူဆယ္ခရိုင္ကို (၃-၁)ျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း၊ ဆက္လက္၍ ဇြန္လ (၁၈)ရက္ေန႔က မိုင္းဆတ္ခရိုင္ႏွင့္ ယွဥ္ၿပိဳင္ကစားရာ (၉)ဂိုး (၀)ဂိုးျဖစ္ ဆက္လက္ အႏိုင္ရရွိခဲ့ၿပီး ယေန႔ ဇြန္လ(၂၁)ရက္ေန႔တြင္ ေက်ာက္မဲခရိုင္ႏွင့္ ယွဥ္ၿပိဳင္ကစားရာ (၁)ဂိုးစီျဖင့္ သေရက်သြားေႀကာင္း သိရသည္။

..........................
တာချီလိတ်၊ ဇွန်လ(၂၁)
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ၂၀၁၆ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် ၂၃ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ(၁၅)ရက်နေ့က စတင်ကျင်းပပြုလုပ်နေလျှက်ရှိရာ ယနေ့ ဇွန်လ(၂၁)ရက်နေ့ တွင် တာချီလိတ်ခရိုင် နှင့် ကျောက်မဲခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာတွင် (၁)ဂိုးစီဖြင့် သရေကျသွားကြောင်း သိရသည်။

"ကြိုးစားပြီး ကန်ပေမဲ့ တစ်ဂိုးစီ သရေကျသွားတယ်၊ အုပ်စုတော့ တက်သွားပါတယ်။ (၂၃)ရက်နေ့ကျရင် လွိုင်လင်ခရိုင်နဲ့ ကန်ရမှာပါ၊ အုပ်စုဗိုလ်လုတဲ့ ပွဲပါ"ဟု တာချီလိတ်ခရိုင် ဘောလုံးအသင်းမှ ကိုခန့်မင်းလွင်က ပြောသည်။

အဆိုပါခရိုင်အလိုက် ဝန်ကြီးချုပ်ဖလား (၂၃)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ် စသည့် (၉)ခရိုင်တို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို ဇွန်လ(၂၇)ရက်နေ့တွင်လည်းကောင်း၊ ဗိုလ်လုပွဲအား ဇွန်လ(၂၉)ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရို်င် ဘောလုံးအသင်းအနဖြေင့် ပွဲဦးထွက်ပွဲစဉ်အဖြစ် ဇွန်လ(၁၅)ရက်နေ့က ကစားရာ မူဆယ်ခရိုင်ကို (၃-၁)ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ဆက်လက်၍ ဇွန်လ (၁၈)ရက်နေ့က မိုင်းဆတ်ခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၉)ဂိုး (ဝ)ဂိုးဖြစ် ဆက်လက် အနိုင်ရရှိခဲ့ပြီး ယနေ့ ဇွန်လ(၂၁)ရက်နေ့တွင် ကျောက်မဲခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၁)ဂိုးစီဖြင့် သရေကျသွားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~