လက်ရှိအစိုးရ လက်ထက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် အခွန်စည်းကြပ်မည်
လက်ရှိအစိုးရ လက်ထက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် အခွန်စည်းကြပ်မည်
ဇှနျ 6, 2016
By Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၆)ရက်
"ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဖက်ဒရယ်မူကို အခြေခံမှာဖြစ်တဲ့ အတွက် ဗဟိုအစိုးရနဲ့ ပြည်နယ် အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် ခွဲဝေတဲ့ ဇယား(၁)နဲ့(၂)ကို ချဲ့လိုက်ပါတယ်။ ဒါကြောင့်  
လက်ရှိ တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်တွင် ရှမ်းပြည်နယ်အစိုးရ၏ တစ်နိုင်တစ်ပိုင် တင်သွင်းမှုအပေါ် (၃)ရာခိုင်နှုန်း အခွန်ကောက်ခံမှုအခန်းကဏ္ဍက ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပြီး ထို့အတူ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များအား အခွန်ကောက်ခံနိုင်ရန် ဗဟိုအစိုးရမှ ပေါ်လစီများချမှတ်  ဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကောက်ခံရရှိသော အခွန်ငွေများအား ဗဟိုအစိုးရသို့ မည်သို့ ခွဲဝေပေးသွင်းရမည်ဟု  ညွှန်ကြားချက်များ မရှိသေးကြောင်း ၎င်းမှ ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နှစ်စဉ် လျာထားချက် သတ်မှတ်ထားခြင်း မရှိသော်လည်း မြန်မာ -ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁)မှ ဒေသခံများ နေ့စဉ်  တစ်နိုင်တစ်ပိုင် ကုန်စည်တင်သွင်းမှုအပေါ် ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်သော အခွန်အကောက်ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်အစိုးရအဖွဲ့မှ  ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။  ။ စောလှမင်း
.....................
တာချီလိတ်၊ ဇွန်လ(၆)ရက်
လက်ရှိ အစိုးရသစ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား(၁)နှင့် (၂)အတွင်းရှိ ပြည်နယ် အစိုးရများ၏ လုပ်ပိုင်ခွင့် အာဏာများအား ချဲ့ထွင်လုပ်ကိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် အခွန်စည်းကြပ်ကောက်ခံမှုများ ပြုလုပ်ရန် အစီအစဉ်များရှိကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနမှ သိရသည်။
"ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဖက်ဒရယ်မူကို အခြေခံမှာဖြစ်တဲ့ အတွက် ဗဟိုအစိုးရနဲ့ ပြည်နယ် အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် ခွေဲဝတဲ့ ဇယား(၁)နဲ့(၂)ကို ချဲ့လိုက်ပါတယ်။ ဒါကြောင့် 
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အစိုးရ လုပ်ပိုင်ခွင့်တွေ ပိုပေးလာတော့မှာပါ သိပ်တော့ မကြာတော့ပါဘူး။ ဒါကြောင့် အခွန်ကောက်ခံတဲ့ စနစ်က ချက်ချင်းတော့ မဆုံးဖြတ်နိုင်ပေမဲ့ ဗဟိုအစိုးရက ပေါ်လစီချမှတ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ အစီအစဉ်နဲ့ အခွန်ကောက်ခံမှုတွေ လုပ်တော့မှာပါ"ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တာချီလိတ်ခရီးစဉ်၌ ဖြကြေားလာသည်။
လက်ရှိ တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်တွင် ရှမ်းပြည်နယ်အစိုးရ၏ တစ်နိုင်တစ်ပိုင် တင်သွင်းမှုအပေါ် (၃)ရာခိုင်နှုန်း အခွန်ကောက်ခံမှုအခန်းကဏ္ဍက ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေအရ ဖြစ်ပြီး ထို့အတူ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များအား အခွန်ကောက်ခံနိုင်ရန် ဗဟိုအစိုးရမှ ပေါ်လစီများချမှတ် ဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကောက်ခံရရှိသော အခွန်ငွေများအား ဗဟိုအစိုးရသို့ မည်သို့ ခွေဲဝပေးသွင်းရမည်ဟု ညွှန်ကြားချက်များမရှိသေးကြောင်း၎င်းမှ ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နှစ်စဉ် လျာထားချက် သတ်မှတ်ထားခြင်း မရှိသော်လည်း မြန်မာ -ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁)မှ ဒေသခံများ နေ့စဉ် တစ်နိုင်တစ်ပိုင် ကုန်စည်တင်သွင်းမှုအပေါ် ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်သော အခွန်အကောက်ဆိုင်ရာ ညှိနှိုင်း အစည်းအေဝးဆုံးဖြတ်ချက်အရ ပြည်နယ်အစိုးရအဖွဲ့မှ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရများ၏ အခွန်ကောက်ခံမှုမှာ ရှမ်းပြည်နယ် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင်သာ ကောက်ခံလျှက်ရှိပြီး ရှမ်းပြည်နယ်အတွင်း ခြားနယ်စပ်ဂိတ်များတွင်မှု ကောက်ခံခြင်း မရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရ အစီအစဉ်ဖြင့် မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်မှ (၃)ရာခိုင်နှုန်းအခွန် ကောက်ခံမှု အခြေအနေမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကျပ်သိန်းပေါင်း (၆၂၄၀)ကျော်ရရှိခဲ့သည်ဟု တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
သတင်း။ စောလှမင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~