ထိုင္းႏိုင္ငံတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား၏ ကေလးမ်ားအတြက္ အခမဲ့ ေက်ာင္းတက္ခြင့္ရရန္ ေဆာင္ရြက္ေန

ထိုင္းႏိုင္ငံတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား၏ ကေလးမ်ားအတြက္ အခမဲ့ ေက်ာင္းတက္ခြင့္ရရန္ ေဆာင္ရြက္ေန
ဇွန် 2, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂)ရက္
ထိုင္းႏိုင္ငံအတြင္းရွိ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ား၏ ကေလးငယ္မ်ားအား ထုိင္းအစိုးရ စာသင္ေက်ာင္းတြင္ အခမဲ့ ပညာသင္ၾကားေပးႏိုင္ရန္ ေဆာင္ရြက္ေပးလွ်က္ရွိေၾကာင္း ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ကူညီေစာင့္ေရွာက္သူမ်ားထံမွ သိရသည္။

"အခု ဘန္ေကာက္မွာ အလုပ္သမားေတြရဲ႕ ကေလး(၄၀၀)ေက်ာ္ကို ေက်ာင္းေနႏိုင္ေအာင္ လုပ္ထားေပးပါတယ္။ အကုန္အခမဲ့ပါ။ အဓိက ကေလးေတြ လမ္းေပၚမွာ အခ်ိန္ကုန္တာ၊ ပုဇြန္ခြာ၊ ငါးေရြးတာေတြ မလုပ္ရေအာင္ ထိုင္းအစိုးရနဲ႔ ညွိႏွိဳင္းၿပီး ေက်ာင္းထားေပးတာပါ။ ဘာပဲေျပာေျပာ ကေလးေတြ စာတတ္သြားေတာ့ သူတို႔လမ္းေၾကာင္း သူတို႔ေရြးလို႔ရၿပီေပါ့"ဟု ျမန္မာသံရံုးအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ (AAC)မဟာမိတ္မွ ကိုရဲမင္းက ေျပာသည္။

ထိုင္းအစိုးရမွ အခမဲ့ပညာသင္ေပးေသာ္လည္း ျမန္မာစာ ျမန္မာစကား ပါ၀င္ျခင္းမရွိသည့္အတြက္ ကေလးမ်ားမွာ ျမန္မာႏို္င္ငံသားစိတ္ဓာတ္ေပ်ာက္ၿပီး ထိုင္းႏိုင္ငံသားစိတ္ဓာတ္မ်ားျဖစ္သြားၾကေသာ္လည္း ေရရွည္ဘ၀ရပ္တည္ေရး အတြက္ စီစဥ္ေပးထားရျခင္းျဖစ္ေၾကာင္း ၎ထံမွသိရသည္။

ထုိင္းႏိုင္ငံအစိုးရေက်ာင္းတြင္ ပညာသင္ၾကားမည့္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ား၏ ကေလးမ်ားအေနျဖင့္ တကၠသိုလ္ေအာင္ျမင္သည္အထိ ေက်ာင္းတက္ေရာက္ခြင့္ရရိွမည္ျဖစ္ၿပီး ထုိင္းႏိုင္ငံသား မွတ္ပံုတင္မ်ား ရရွိသြားမည္ျဖစ္ေၾကာင္း ျမန္မာေရႊ႕ေျပာင္းအလုပ္သမားအေရးလုပ္ကိုင္ေနသူမ်ားထံမွ သိရသည္။

"တာခ်ီလိတ္မွာလည္းရွိတယ္။ မယ္ဆိုင္မွာ ေက်ာင္းသြားတက္တဲ့ကေလးေတြနဲ႔ မယ္ဆိုင္ထဲမွာ ႏွစ္ေပါင္းမ်ားစြာ အလုပ္လုပ္ေနတဲ့ ျမန္မာေတြရဲ႕ ကေလးေတြ ထိုင္းႏိုင္ငံေက်ာင္းမွာေနတာ အမ်ားစုက ထိုင္းႏိုင္ငံသား စိတ္ေပါက္သြားတာ။ ထုိင္းႏုိင္ငံကို အထင္ႀကီးသြားၾကတာမ်ားတယ္။ အဲဒါမ်ိဳးဆိုရင္ ျပႆနာက ဘာလဲဆိုေတာ့ မ်ိဳးခ်စ္စိတ္ေပ်ာက္သြားတာေတြဗ်။ ဒါေတြ ေရရွည္ဆိုရင္ တစ္ႏိုင္ငံလံုးက အလုပ္သြားလုပ္တဲ့ အလုပ္သမားဦးေရနဲ႔ စဥ္းစားလိုက္ရင္ မေတြးရဲစရာပဲ"ဟု မယ္ဆိုင္ၿမိဳ႕တြင္ ေနထုိင္သူ ဦးထြန္းႏိုင္က ေျပာသည္။

ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံမွ သြားေရာက္အလုပ္လုပ္ကိုင္ေနသူမ်ားမွာ ၂၀၁၄ ခုႏွစ္ စစ္တမ္းအရ (၆)သန္းခန္႔ရွိသည္ဟုသိရၿပီး ရွမ္းျပည္နယ္အတြင္း တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန္ခြာ၍ ထိုင္းႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္သူမ်ား ပိုမိုမ်ားျပားလာေၾကာင္း ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားအား ကူညီေစာင့္ေရွာက္ေနေသာ အသင္းအဖြဲ႕မ်ား၏ စာရင္းမ်ားအရသိရသည္။

သတင္း။  ။ ကိုဇက္

..................

တာချီလိတ်၊ ဇွန်လ(၂)ရက်
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ ကလေးငယ်များအား ထိုင်းအစိုးရ စာသင်ကျောင်းတွင် အခမဲ့ ပညာသင်ကြားပေးနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်သူများထံမှ သိရသည်။

"အခု ဘန်ကောက်မှာ အလုပ်သမားတွေရဲ့ ကလေး(၄၀၀)ကျော်ကို ကျောင်းနေနိုင်အောင် လုပ်ထားပေးပါတယ်။ အကုန်အခမဲ့ပါ။ အဓိက ကလေးတွေ လမ်းပေါ်မှာ အချိန်ကုန်တာ၊ ပုဇွန်ခွာ၊ ငါးရွေးတာတွေ မလုပ်ရအောင် ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး ကျောင်းထားပေးတာပါ။ ဘာပဲပြောပြော ကလေးတွေ စာတတ်သွားတော့ သူတို့လမ်းကြောင်း သူတို့ရွေးလို့ရပြီပေါ့"ဟု မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီ (AAC)မဟာမိတ်မှ ကိုရဲမင်းက ပြောသည်။

ထိုင်းအစိုးရမှ အခမဲ့ပညာသင်ပေးသော်လည်း မြန်မာစာ မြန်မာစကား ပါဝင်ခြင်းမရှိသည့်အတွက် ကလေးများမှာ မြန်မာနို်င်ငံသားစိတ်ဓာတ်ပျောက်ပြီး ထိုင်းနိုင်ငံသားစိတ်ဓာတ်များဖြစ်သွားကြသော်လည်း ရေရှည်ဘဝရပ်တည်ရေး အတွက် စီစဉ်ပေးထားရခြင်းဖြစ်ကြောင်း၎င်းထံမှသိရသည်။

ထိုင်းနိုင်ငံအစိုးရကျောင်းတွင် ပညာသင်ကြားမည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ ကလေးများအနဖြေင့် တက္ကသိုလ်အောင်မြင်သည်အထိ ကျောင်းတက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံသား မှတ်ပုံတင်များ ရရှိသွားမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

"တာချီလိတ်မှာလည်းရှိတယ်။ မယ်ဆိုင်မှာ ကျောင်းသွားတက်တဲ့ကလေးတွေနဲ့ မယ်ဆိုင်ထဲမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်နေတဲ့ မြန်မာတွေရဲ့ ကလေးတွေ ထိုင်းနိုင်ငံကျောင်းမှာနေတာ အများစုက ထိုင်းနိုင်ငံသား စိတ်ပေါက်သွားတာ။ ထိုင်းနိုင်ငံကို အထင်ကြီးသွားကြတာများတယ်။ အဲဒါမျိုးဆိုရင် ပြဿနာက ဘာလဲဆိုတော့ မျိုးချစ်စိတ်ပျောက်သွားတာတွေဗျ။ ဒါတွေ ရေရှည်ဆိုရင် တစ်နိုင်ငံလုံးက အလုပ်သွားလုပ်တဲ့ အလုပ်သမားဦးရေနဲ့ စဉ်းစားလိုက်ရင် မတွေးရဲစရာပဲ"ဟု မယ်ဆိုင်မြို့တွင် နေထိုင်သူ ဦးထွန်းနိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်နေသူများမှာ ၂၀၁၄ ခုနှစ် စစ်တမ်းအရ (၆)သန်းခန့်ရှိသည်ဟုသိရပြီး ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန်ခွာ၍ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သူများ ပိုမိုများပြားလာကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်နေသော အသင်းအဖွဲ့များ၏ စာရင်းများအရသိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~