ရက္ (၁၀၀)စီမံခ်က္ျဖင့္ လူငယ္ေရးရာမူဝါဒေရးဆြဲေရးအား အခ်ိန္ထပ္တိုးေပးရန္ ေတာင္းဆိုထား

ရက္ (၁၀၀)စီမံခ်က္ျဖင့္ လူငယ္ေရးရာမူဝါဒေရးဆြဲေရးအား အခ်ိန္ထပ္တိုးေပးရန္ ေတာင္းဆိုထား
ဇွန် 25, 2016
By Tachileik News Agency

ေတာင္ႀကီး၊ ဇြန္လ(၂၅)ရက္
အစိုးရ၏ ရက္ (၁၀၀) စီမံခ်က္ျဖင့္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ အေကာင္အထည္ေဖာ္မည့္ အမ်ိဳးသားအဆင့္ လူငယ္ေရးရာ မူဝါဒေရးဆြဲရာတြင္ လူငယ္အားလံုး၏ သေဘာထား ပါဝင္ေရးအတြက္ (၃)လထပ္မံအခ်ိန္ေပးရန္ လူငယ္ကြန္ရက္ အခ်ိဳ႕က ေတာင္းဆိုထားေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔က ရက္ေပါင္း(၁၀၀)အတြင္းမွာ ဒီေပၚလစီတစ္ခုလံုးကို ၿပီးစီးေအာင္ေရးဆြဲဖို႔ဆိုရင္ မျဖစ္ႏိုင္တဲ့ အတြက္ (၃)လအခ်ိန္ ေတာင္းထားတယ္။ ေဆြးေႏြးရမယ့္ အေၾကာင္းအရာေတြက ျပည္နယ္ေတြမွာဆို ပိုၿပီးမ်ားတယ္။ တိုင္းရင္းသားေတြမ်ားတဲ့ အတြက္ေၾကာင့္ပါ။”ဟု ရွမ္းျပည္နယ္ ေတာင္ပိုင္းလူငယ္ကြန္ရက္မွ စိုင္းေသာင္းထြဋ္စိုးက ေျပာသည္။

အမ်ိဳးသားအဆင့္ လူငယ္ေရးရာမူဝါဒတစ္ခု ပံုေဖာ္ခ်မွတ္ႏိုင္ေရးအတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အသီးသီးမွ ဆယ္ေက်ာ္သက္လူငယ္ (၄၀၀) ေက်ာ္ ပါဝင္သည့္ ေဆြးေႏြးပြဲတစ္ခုကို ယခုႏွစ္ ေမလ (၁၈) ရက္ႏွင့္ (၁၉) ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။

မူဝါဒေရးဆြဲေရးတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တစ္ခုစီမွ လူငယ္ကိုယ္စားျပဳ ကိုယ္စားလွယ္ႏွစ္ဦးစီ ပါဝင္ ေရးဆြဲရန္ ဆံုးျဖတ္ခဲ့ၾကေသာ္လည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ ကိုယ္စားျပဳ ကိုယ္စားလွယ္ အေရအတြက္ တန္းတူ ခြင့္ျပဳျခင္းမွာ မွ်တမႈမရိွေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း လူငယ္ကြန္ရက္အဖြဲ႕မွ ေထာက္ျပေျပာဆိုလုိက္သည္။

“ေနာက္တစ္ခုက မူဝါဒေရးဆြဲတဲ့ေနရာမွာ ျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြကို လူဦးေရ တန္းတူထားၿပီး ဖိတ္ေခၚေဆြးေႏြးမယ္ဆိုေတာ့ လံုး၀မျဖစ္ႏိုင္ဘူး။ ကၽြန္ေတာ္တို႔မွာလည္း အရည္အခ်င္းေတြလိုေသးတယ္။ ကၽြန္ေတာ္တို႔ထက္ အရည္အခ်င္းရွိတဲ့ အဖြဲ႕အစည္းေတြလည္း ရွိေသးတယ္။"ဟု စိုင္းေသာင္းထြဋ္စိုးက ဆိုသည္။

ျပည္နယ္မ်ား အေနျဖင့္ တိုင္းရင္းသားလူမ်ိဳးမ်ားသျဖင့္ မူဝါဒေရးဆြဲေရးတြင္ ကုိယ္စားျပဳ လူငယ္အေရအတြက္ကို ပိုမိုခြင့္ျပဳသင့္သည္ဟု ရွမ္းျပည္ေတာင္ပိုင္း၊ ရွမ္းျပည္ေရွ႕ပိုင္း၊ ရွမ္းျပည္ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္မွ စသည္တို႔မွ လူငယ္ကြန္ရက္အဖြဲ႔မ်ားက  ေတာင္းဆိုထားေၾကာင္း ရွမ္းျပည္ေတာင္ပိုင္းလူငယ္ကြန္ရက္မွ စိုင္းေသာင္းထြဋ္စိုးထံမွ သိရသည္။

"ကၽြန္မတို႔က သူတို႔ ပထမစီစဥ္ထားတဲ့ ပံုစံအတိုင္းဆို မျဖစ္ႏိုင္ဘူး။ ျပည္နယ္ေတြက လူငယ္ေတြပါ၀င္ဖို႔ ေဆြးေႏြးပြဲေတြ လုပ္ရမယ္။ တစ္ျပည္နယ္(၂)ေယာက္ႏွဳန္းနဲ႔ေတာ့ မရႏိုင္ဘူးဆိုၿပီး အခ်ိန္(၃)လ ထပ္ေတာင္းခဲ့တာပါ။ "ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္းလူငယ္ကြန္ရက္မွ မေမဇာျခည္လင္းက ေျပာသည္။

ေနျပည္ေတာ္တြင္ က်င္းပခဲ့သည့္ ပထမဦးဆံုးအႀကိမ္ ဆယ္ေက်ာ္သက္လူငယ္မ်ား၏ အမ်ိဳးသားအဆင့္ ႏွစ္ရက္တာ ညီလာခံတြင္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊   ActionAid Myanmar ယူနီဆက္ျမန္မာစသည့္ ႏိုင္ငံတကာႏွင့္ အမ်ိဳးသား အဖြဲ႔အစည္းမ်ား၊ ေငြေၾကးေထာက္ပံ့သူ အလွဴရွင္မ်ားလည္း ပါဝင္ခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ ညီလာခံအၿပီးတြင္ စာသင္ေက်ာင္းမ်ား၌ အားကစားဆိုင္ရာေနရာမ်ား၊ က်န္းမာေရးႏွင့္ ညီညြတ္ေသာ အစားအစာမ်ား၊ သန္႔ရွင္းေသာ ေသာက္သံုးေရ၊ တစ္ကိုယ္ေရႏွင့္ ပတ္ဝန္းက်င္သန္႔ရွင္းေရး အေထာက္အကူျပဳ ပစၥည္းမ်ားႏွင့္ လိင္ပိုင္းဆိုင္ရာ ပညာေပးဗဟုသုတမ်ား စီစဥ္ထည့္သြင္းေပးရန္၊ ဆယ္ေက်ာ္သက္ လူငယ္မ်ားအတြက္ အလုပ္အကိုင္အခြင့္အေရးမ်ား ပိုမိုတိုးပြားလာေစရန္ႏွင့္ လုပ္ငန္းခြင္တြင္ ေခါင္းပံုျဖတ္အသံုးခ်ျခင္းမွ ကာကြယ္ႏိုင္ရန္၊ အသံုးဝင္ေသာ နည္းပညာႏွင့္ အသက္ေမြးမႈဆိုင္ရာ ပညာေပးသင္တန္းမ်ားအား လက္လွမ္းမီႏိုင္ရန္ လိုအပ္ေသာ ကူညီေပးရန္အျပင္ အျခားေသာ အေၾကာင္းအရာမ်ားအား ညီလာခံတက္ေရာက္ခဲ့သည့္လူငယ္မ်ားက ေတာင္းဆိုခဲ့ၾကေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
................

တာချီလိတ်၊ ဇွန်လ(၂၅)ရက်
အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်မည့် အမျိုးသားအဆင့် လူငယ်ရေးရာ မူဝါဒရေးဆွဲရာတွင် လူငယ်အားလုံး၏ သဘောထား ပါဝင်ရေးအတွက် (၃)လထပ်မံအချိန်ပေးရန် လူငယ်ကွန်ရက် အချို့က တောင်းဆိုထားကြောင်း သိရသည်။

"ကျွန်တော်တို့က ရက်ပေါင်း(၁၀၀)အတွင်းမှာ ဒီပေါ်လစီတစ်ခုလုံးကို ပြီးစီးအောင်ရေးဆွဲဖို့ဆိုရင် မဖြစ်နိုင်တဲ့ အတွက် (၃)လအချိန် တောင်းထားတယ်။ ဆွေးနွေးရမယ့် အကြောင်းအရာတွေက ပြည်နယ်တွေမှာဆို ပိုပြီးများတယ်။ တိုင်းရင်းသားတွေများတဲ့ အတွက်ကြောင့်ပါ။”ဟု ရှမ်းပြည်နယ် တောင်ပိုင်းလူငယ်ကွန်ရက်မှ စိုင်းသောင်းထွဋ်စိုးက ပြောသည်။

အမျိုးသားအဆင့် လူငယ်ရေးရာမူဝါဒတစ်ခု ပုံဖော်ချမှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဆယ်ကျော်သက်လူငယ် (၄၀၀) ကျော် ပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကို ယခုနှစ် မေလ (၁၈) ရက်နှင့် (၁၉) ရက်က နပြေည်တော်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မူဝါဒရေးဆွဲရေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီမှ လူငယ်ကိုယ်စားပြု ကိုယ်စားလှယ်နှစ်ဦးစီ ပါဝင် ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြု ကိုယ်စားလှယ် အရေအတွက် တန်းတူ ခွင့်ပြုခြင်းမှာ မျှတမှုမရှိကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ကွန်ရက်အဖွဲ့မှ ထောက်ပြပြောဆိုလိုက်သည်။

“နောက်တစ်ခုက မူဝါဒရေးဆွဲတဲ့နေရာမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို လူဦးရေ တန်းတူထားပြီး ဖိတ်ခေါ်ဆွေးနွေးမယ်ဆိုတော့ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့မှာလည်း အရည်အချင်းတွေလိုသေးတယ်။ ကျွန်တော်တို့ထက် အရည်အချင်းရှိတဲ့ အဖွဲ့အစည်းတွေလည်း ရှိသေးတယ်။"ဟု စိုင်းသောင်းထွဋ်စိုးက ဆိုသည်။

ပြည်နယ်များ အနဖြေင့် တိုင်းရင်းသားလူမျိုးများသဖြင့် မူဝါဒရေးဆွဲရေးတွင် ကိုယ်စားပြု လူငယ်အရေအတွက်ကို ပိုမိုခွင့်ပြုသင့်သည်ဟု ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်ရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ စသည်တို့မှ လူငယ်ကွန်ရက်အဖွဲ့များက တောင်းဆိုထားကြောင်း ရှမ်းပြည်တောင်ပိုင်းလူငယ်ကွန်ရက်မှ စိုင်းသောင်းထွဋ်စိုးထံမှ သိရသည်။

"ကျွန်မတို့က သူတို့ ပထမစီစဉ်ထားတဲ့ ပုံစံအတိုင်းဆို မဖြစ်နိုင်ဘူး။ ပြည်နယ်တွေက လူငယ်တွေပါဝင်ဖို့ ဆွေးနွေးပွဲတွေ လုပ်ရမယ်။ တစ်ပြည်နယ်(၂)ယောက်နှုန်းနဲ့တော့ မရနိုင်ဘူးဆိုပြီး အချိန်(၃)လ ထပ်တောင်းခဲ့တာပါ။"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်းလူငယ်ကွန်ရက်မှ မမေဇာခြည်လင်းက ပြောသည်။

နပြေည်တော်တွင် ကျင်းပခဲ့သည့် ပထမဦးဆုံးအကြိမ် ဆယ်ကျော်သက်လူငယ်များ၏ အမျိုးသားအဆင့် နှစ်ရက်တာ ညီလာခံတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ActionAid Myanmar ယူနီဆက်မြန်မာစသည့် နိုင်ငံတကာနှင့် အမျိုးသား အဖွဲ့အစည်းများ၊ ငွေကြေးထောက်ပံ့သူ အလှူရှင်များလည်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ညီလာခံအပြီးတွင် စာသင်ကျောင်းများ၌ အားကစားဆိုင်ရာနေရာများ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ၊ သန့်ရှင်းသော သောက်သုံးရေ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများနှင့် လိင်ပိုင်းဆိုင်ရာ ပညာပေးဗဟုသုတများ စီစဉ်ထည့်သွင်းပေးရန်၊ ဆယ်ကျော်သက် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အရေးများ ပိုမိုတိုးပွားလာစေရန်နှင့် လုပ်ငန်းခွင်တွင် ခေါင်းပုံဖြတ်အသုံးချခြင်းမှ ကာကွယ်နိုင်ရန်၊ အသုံးဝင်သော နည်းပညာနှင့် အသက်မွေးမှုဆိုင်ရာ ပညာပေးသင်တန်းများအား လက်လှမ်းမီနိုင်ရန် လိုအပ်သော ကူညီပေးရန်အပြင် အခြားသော အကြောင်းအရာများအား ညီလာခံတက်ရောက်ခဲ့သည့်လူငယ်များက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~