လိုင္စင္မဲ့ယာဥ္မ်ား ဖမ္းဆီးမႈေၾကာင့္ ရွမ္းျပည္ေတာင္ပိုင္း လိုင္စင္မဲ့ကားေစ်းကြက္ၿငိမ္ေန

လိုင္စင္မဲ့ယာဥ္မ်ား ဖမ္းဆီးမႈေၾကာင့္ ရွမ္းျပည္ေတာင္ပိုင္း လိုင္စင္မဲ့ကားေစ်းကြက္ၿငိမ္ေန
ဇွန် 28, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၈)ရက္
မႏၱေလးႏွင့္ အခ်ိဳ႕ၿမိဳ႕မ်ားတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးေနျခင္းေၾကာင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ကားေစ်းကြက္အတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေစ်းကြက္ ၿငိမ္ေနေသာ္လည္း ေစ်းႏွဳန္းက်ဆင္းျခင္း မရွိေသးေၾကာင္း သိရသည္။

"မႏၱေလးနဲ႔ ကယားမွာ ဖမ္းတယ္ၾကားတယ္။ အဲဒါေၾကာင့္ ေစ်းကြက္ထဲမွာ အ၀ယ္မရွိဘူး ၿငိမ္ေနတယ္။ တျခားၿမိဳ႕က ေအာက္ေစ်းနဲ႔ လာေရာင္းတာေတြေတာ့ရွိတယ္။ အဲဒါကို တစ္ခ်ိဳ႕၀ယ္ေရာင္းေတြေတာ့ ျပန္ၿပီး ၀ယ္ထားတာရွိတယ္။ ေစ်းကြက္ထဲမွာေတာ့ ကားေစ်းႏွဳန္းေတြ က်သြားတာမရွိဘူး"ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕မွ ကား၀ယ္ေရာင္းလုပ္သူ ကိုစိုင္းထြန္းညႊန္႔က ေျပာသည္။

ကယားျပည္နယ္အတြင္း ဖမ္းဆီးမႈမ်ားရွိသျဖင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္း ကားေစ်းကြက္အတြင္း ဂ်ပန္ႏိုင္ငံက် လိုင္စင္မဲ့ကားမ်ား ၀င္ေရာက္မႈ နည္းပါးသြားၿပီး မဲေဆာက္ - ျမ၀တီလမ္းေၾကာင္းမွ ဝင္ေရာက္သည့္ ကားမ်ားႏွင့္ မႏၱေလး၊ ေတာင္ႀကီးဘက္မွ သိမ္းဆည္းခံရမည္စိုးသျဖင့္ လာေရာက္ေရာင္းခ်မႈ အနည္းအက်ဥ္းသာ ၀ယ္ယူမႈရွိေၾကာင္း သိရသည္။

"ကားေတြ တကယ္သိမ္းမယ္ဆို ေတာင္သူေတြ ဒုကၡေရာက္မွာ။ ဘာလို႔လဲဆိုေတာ့ သူတို႔က ကားစီးခ်င္လို႔ သီးႏွံေတြကို ႏွစ္ႏွစ္ေလာက္စိုက္ၿပီးမွ ၀ယ္စီးၾကတာ။ အကုန္သိမ္းမယ္ဆိုရင္ ႏွစ္ႏွစ္ေလာက္စိုက္ထားတဲ့ သီးႏွံအက်ိဳးအျမတ္ေတြ ဆံုးရွံဳးကုန္မွာေလ"ဟု ကြန္ဟိန္းၿမိဳ႕မွ ကား၀ယ္ေရာင္းလုပ္သူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ကားေစ်းကြက္အတြင္း Probox ဂရိတ္အနိမ့္မ်ားမွာ က်ပ္(၁၈)သိန္းမွ က်ပ္သိန္း(၂၀)ခန္႔သာရွိၿပီး Grade အျမင့္မ်ားမွာ က်ပ္သိန္း(၂၂)သိန္းပတ္၀န္းက်င္တြင္ရွိေၾကာင္း Honda Fit ကားမ်ားမွာ က်ပ္ သိန္း(၂၀)ခန္႔တြင္သာ ေပါက္ေစ်းရွိေၾကာင္း ႏွင့္ လိုင္စင္ရွိကားမ်ားမွာမူ ပံုမွန္အတိုင္းအေရာင္းအဝယ္ရွိေနေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း လိုင္စင္မဲ့ကား၀ယ္ေရာင္း အသိုင္းအ၀ိုင္းမွ သိရသည္။

သတင္း။  ။ ကိုဇက္

......................

တာချီလိတ်၊ ဇွန်လ(၂၈)ရက်
မန္တလေးနှင့် အချို့မြို့များတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးနခြေင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ကားဈေးကွက်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်ဈေးကွက် ငြိမ်နေသော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးကြောင်း သိရသည်။

"မန္တလေးနဲ့ ကယားမှာ ဖမ်းတယ်ကြားတယ်။ အဲဒါကြောင့် ဈေးကွက်ထဲမှာ အဝယ်မရှိဘူး ငြိမ်နေတယ်။ တခြားမြို့က အောက်ဈေးနဲ့ လာရောင်းတာတွေတော့ရှိတယ်။ အဲဒါကို တစ်ချို့ဝယ်ရောင်းတွေတော့ ပြန်ပြီး ဝယ်ထားတာရှိတယ်။ ဈေးကွက်ထဲမှာတော့ ကားဈေးနှုန်းတွေ ကျသွားတာမရှိဘူး"ဟု ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှ ကားဝယ်ရောင်းလုပ်သူ ကိုစိုင်းထွန်းညွှန့်က ပြောသည်။

ကယားပြည်နယ်အတွင်း ဖမ်းဆီးမှုများရှိသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း ကားဈေးကွက်အတွင်း ဂျပန်နိုင်ငံကျ လိုင်စင်မဲ့ကားများ ဝင်ရောက်မှု နည်းပါးသွားပြီး မဲဆောက် - မြဝတီလမ်းကြောင်းမှ ဝင်ရောက်သည့် ကားများနှင့် မန္တလေး၊ တောင်ကြီးဘက်မှ သိမ်းဆည်းခံရမည်စိုးသဖြင့် လာရောက်ရောင်းချမှု အနည်းအကျဉ်းသာ ဝယ်ယူမှုရှိကြောင်း သိရသည်။

"ကားတွေ တကယ်သိမ်းမယ်ဆို တောင်သူတွေ ဒုက္ခရောက်မှာ။ ဘာလို့လဲဆိုတော့ သူတို့က ကားစီးချင်လို့ သီးနှံတွေကို နှစ်နှစ်လောက်စိုက်ပြီးမှ ဝယ်စီးကြတာ။ အကုန်သိမ်းမယ်ဆိုရင် နှစ်နှစ်လောက်စိုက်ထားတဲ့ သီးနှံအကျိုးအမြတ်တွေ ဆုံးရှုံးကုန်မှာလေ"ဟု ကွန်ဟိန်းမြို့မှ ကားဝယ်ရောင်းလုပ်သူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကားဈေးကွက်အတွင်း Probox ဂရိတ်အနိမ့်များမှာ ကျပ်(၁၈)သိန်းမှ ကျပ်သိန်း(၂၀)ခန့်သာရှိပြီး Grade အမြင့်များမှာ ကျပ်သိန်း(၂၂)သိန်းပတ်ဝန်းကျင်တွင်ရှိကြောင်း Honda Fit ကားများမှာ ကျပ် သိန်း(၂၀)ခန့်တွင်သာ ပေါက်ဈေးရှိကြောင်း နှင့် လိုင်စင်ရှိကားများမှာမူ ပုံမှန်အတိုင်းအရောင်းအဝယ်ရှိနေကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း လိုင်စင်မဲ့ကားဝယ်ရောင်း အသိုင်းအဝိုင်းမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~