Update News
(၈)တန်းနှင့် (၁၀)တန်းအတွက် ပညာဒါနအဖြစ် တာချီလိတ်ရှိ ဝေဠုဝန်ကျောင်းတိုက်မှ ကျောင်းပိတ်ရက် သင်တန်းအဖြစ် အခမဲ့ သင်ကြားပေးလျှက်ရှိ
တာချီလိတ်၊ ဇွန်လ (၂၅) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်လိုက်သည့် အခမဲ့ပညာသင်ကျောင်း၌ လက်ရှိတာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများနှင့် ပြင်ပဆရာများ ပူးပေါင်းကာ ပညာဒါနအဖြစ် သင်ကြားပေးနေကြောင်း သိရသည်။
အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းနှစ်ခုကို  အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် သင်ကြားပေးမည့်  အဆိုပါ သင်တန်းအား ဇွန်လ (၁၈) ရက်က စတင်ကာ သင်ကြားပေးနေတာဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမဲ့ သင်ကြားခြင်းကို ပထမဆုံးအကြိမ်အဖြစ်  ယခုပညာသင်နှစ်တွင် စတင်လိုက်တာဖြစ်ပြီး လာမယ့်နှစ်များ၌  အတန်းတိုးချဲ့ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် (၈)တန်း နှင့် (၁၀)တန်းကျောင်းသား၊ ကျောင်းသူများကို လက်ခံသင်ကြားပေးနေလျှက်ရှိကြောင်း သိရှိရသည်။
သင်တန်းတက်သည့် ကျောင်းသား၊ ကျောင်းသူများအား အဆိုပါ ဘုန်းတော်ကြီးကျောင်းမှ အစားအသောက်နှင့် ပတ်သက်၍ အခမဲ့ကျွေးမွေးရန်လည်း စီစဉ်ထားကြောင်း နှင့် သင်တန်းချိန်အား အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၏  နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ အချိန်ဇယားအတိုင်း သင်ကြားသွားမှာဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။  ။ ဇောင်းညီ
.................
တာချီလိတ်၊ ဇွန်လ (၂၅) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ေဝဠုဝန်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်လိုက်သည့် အခမဲ့ပညာသင်ကျောင်း၌ လက်ရှိတာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများနှင့် ပြင်ပဆရာများ ပူးပေါင်းကာ ပညာဒါနအဖြစ် သင်ကြားပေးနေကြောင်း သိရသည်။
“ဆရာမတို့ အနေနဲ့ တခြား ရယူလိုစိတ်တွေနဲ့ သင်ကြားပေးနေတာ မဟုတ်ပါဘူး။ တချို့ကတော့ ပြောနကြေတယ်။ အခုလိုသင်ကြားနေတာက ဆရာမတို့ဆီကို ကျူရှင်၊ အဆောင်တွေတက်အောင် ဆွဲဆောင်နကြေတယ်လို့ပြောကြတယ်။ အမှန်က ဆရာမတို့က တခြားမြို့နယ်တွေမှာလည်း အခုလို အခမဲ့ သင်ကြားပေးနေတာတွေ တွေ့ရတော့ ဒီမြို့မှာလည်း ဘော်ဒါဆောင်တို့ ကျူရှင်တို့ တက်ဖို့ အခက်အခဲရှိနေတဲ့ ကလေးတွေကို အားလုံးကိုအခမဲ့ သင်ကြားပေးခြင်းဖြစ်ပါတယ်။”ဟု အခမဲ့သင်ပေးနေသည့် ဆရာမတစ်ဦးက ပြောသည်။
အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းနှစ်ခုကို အပတ်စဉ် စနေနှင့် တနင်္ဂေနွနေ့များတွင် သင်ကြားပေးမည့် အဆိုပါ သင်တန်းအား ဇွန်လ (၁၈) ရက်က စတင်ကာ သင်ကြားပေးနေတာဖြစ်ကြောင်း သိရသည်။
 “အခုလောလောဆယ် အစိုးရစစ်ဖြစ်တဲ့ (၈)တန်း နှင့် (၁၀)တန်းကို အဓိကထား အခမဲ့ သင်ကြားပေးနေတာပါ။ သင်ကြားတဲ့ အခါမှာလည်း ဆရာ၊ ဆရာမတွေက ကိုယ်ရော၊စိတ်ပါ ပရဟိတ စိတ်နှင့် အခမဲ့ သင်ကြားပေးတာ တွေ့ရတယ်။ ကျောင်းစာကို အခမဲ့ သင်ကြားပေးရုံတင်မကဘူး။ နေ့လယ်စာ အဟာရကိုပါ ဘုန်းကြီးကျောင်းကနပြေီး အခမဲ့ကျွေးမွေး စောင့်ရှောက်တာပါ။”ဟုေဝဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒိမာဝံသ( ဓမ္မာစရိယ)က မိန့်သည်။
အဆိုပါ အခမဲ့ သင်ကြားခြင်းကို ပထမဆုံးအကြိမ်အဖြစ် ယခုပညာသင်နှစ်တွင် စတင်လိုက်တာဖြစ်ပြီး လာမယ့်နှစ်များ၌ အတန်းတိုးချဲ့ဖွင့်လှစ်နို်င်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် (၈)တန်း နှင့် (၁၀)တန်းကျောင်းသား၊ ကျောင်းသူများကို လက်ခံသင်ကြားပေးနေလျှက်ရှိကြောင်း သိရှိရသည်။
စာရင်းပေးသွင်းလိုသူများနှင့် အဆိုပါ ပညာရေးကိစ္စအကြောင်းအရာများနှင့် ပတ်သက်၍ 0877875898(ထိုင်း) နှင့် 095242410 (မြန်မာ ) ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်သည့် ကျောင်းသား၊ ကျောင်းသူများအား အဆိုပါ ဘုန်းတော်ကြီးကျောင်းမှ အစားအသောက်နှင့် ပတ်သက်၍ အခမဲ့ကျွေးမွေးရန်လည်း စီစဉ်ထားကြောင်း နှင့် သင်တန်းချိန်အား အပတ်စဉ် စနေ၊ တနင်္ဂေနွနေ့များ၏ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ အချိန်ဇယားအတိုင်း သင်ကြားသွားမှာဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »