တာခ်ီလိတ္တြင္ ျမန္မာရုပ္ရွင္ေခြ အငွားဆိုင္မ်ား ထက္ဝက္ေက်ာ္နီးပါး ပေပ်ာက္သြား

တာခ်ီလိတ္တြင္ ျမန္မာရုပ္ရွင္ေခြ အငွားဆိုင္မ်ား ထက္ဝက္ေက်ာ္နီးပါး ပေပ်ာက္သြား
ဇွန် 12, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ (၁၂) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာရုပ္ရွင္ ေခြအငွားဆုိင္မ်ား ၾကည့္ရွဳ၀ယ္ယူသူ နည္းပါးလာ၍ ၂၀၁၄  ခုႏွစ္က ဆိုင္အေရအတြက္ ႏွင့္ ႏိႈင္းယွဥ္ပါက ထက္ဝက္ေက်ာ္နီးပါး ပေပ်ာက္သြားေၾကာင္း  ေဒသတြင္း ျမန္မာဗီြဒီယိုဇာတ္လမ္းေခြ မူပိုင္ျဖန္႔ခ်ိသူမ်ားထံမွ သိရသည္။

“ေခြဆိုင္ေတာ္ေတာ္မ်ားမ်ားမွာေတာ့  ျမန္မာကားေတြက ေရာင္းအားက် သြားတာပဲ။ ငွားတဲ့ ဆိုင္ေတြကလည္း ငွားတဲ့သူအရင္ေလာက္ မမ်ားေတာ့ဘူး။ ဒါေပမဲ့ တခ်ိဳ႕ဆိုင္ေတြက်ေတာ့လည္း ရုပ္ရွင္၀ါသနာအိုးေတြ ၊ ေဖာက္သည္ေတြ ရွိေနေတာ့လည္း ဖြင့္ၾကေသးတယ္။ ဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ားေတာ့ ပိတ္ကုန္ၿပီ။”ဟု ေဒသအတြင္း  ျမန္မာဗီြဒီယိုဇာတ္လမ္းေခြ မူပိုင္ျဖန္႔ခ်ိသူမ်ားထဲမွ ဦးေအာင္မ်ိဳး၀င္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္  စေလာင္းမ်ားတပ္ဆင္ရန္ ေစ်းသက္သာျခင္း၊ အင္တာနက္လိုင္း ေကာင္းမြန္ျခင္းမ်ားေၾကာင့္ ေခြငွားရမ္းၾကည့္ရွဳသူ နည္းပါးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

 “အခုေနာက္ပိုင္းမွာက  လိုင္းေတာ္ေတာ္မ်ားပါတဲ့ စေလာင္းေတြလည္း အမ်ားႀကီးေပၚလာၿပီေလ။ ေနာက္ၿပီး တာခ်ီလိတ္မွာက အင္တာနက္လိုင္းကလည္း ျမန္ေတာ့ ကိုယ္ၾကည့္ခ်င္တဲ့ ရုပ္ရွင္ဆို ၀ယ္မၾကည့္ေတာ့ဘူး။ ငွားမၾကည့္ေတာ့ဘူး၊ အင္တာနက္ကပဲ ရွာၾကည့္ေတာ့တယ္။ အင္တာနက္မွာလည္း ျမန္မာဇာတ္ကားအသစ္ေတြ ရေနတယ္ဆိုေတာ့ေလ၊ ေနာက္စေလာင္းလိုင္းမွာဆိုလည္း  ၂၄ နာရီပတ္လံုး ရုပ္ရွင္ေတြလာေနေတာ့ စေလာင္းပဲၾကည့္ျဖစ္ေတာ့တယ္။ ဒါေပမဲ့ ကိုယ္အရမ္းၾကည့္ခ်င္တဲ့ကား ရုပ္ရွင္အသစ္ဆိုရင္ေတာ့ ငွားၾကည့္ျဖစ္ၾကတာ မ်ားတယ္။”ဟု ေဒသခံ ကိုေက်ာ္၀င္းႏိုင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသအတြင္း ျမန္မာရုပ္ရွင္ မူပိုင္ျဖန္႔ခ်ိသူ (၃)ဦးရွိၿပီး ယခင္က ေခြအငွားဆိုင္မ်ားမွာ ဆိိုင္ေပါင္း(၈၀)ခန္႔ ရွိခဲ့ေသာ္လည္း  ယခုအခ်ိန္တြင္ ေခြငွား/၀ယ္ သူမ်ားနည္းလာ၍  ေခြအငွားဆိုင္မ်ား ထက္၀က္ေက်ာ္နီးပါး ပိတ္သိမ္းကုန္လွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း။  ။ ေဇာင္းညီ
.................

တာချီလိတ်၊ ဇွန်လ (၁၂) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မြန်မာရုပ်ရှင် ခွေအငှါးဆိုင်များ ကြည့်ရှုဝယ်ယူသူ နည်းပါးလာ၍ ၂၀၁၄ ခုနှစ်က ဆိုင်အရေအတွက် နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော်နီးပါး ပပျောက်သွားကြောင်း ဒေသတွင်း မြန်မာဗွီဒီယိုဇာတ်လမ်းခွေ မူပိုင်ဖြန့်ချိသူများထံမှ သိရသည်။

“ခွေဆိုင်တော်တော်များများမှာတော့ မြန်မာကားတွေက ရောင်းအားကျ သွားတာပဲ။ ငှါးတဲ့ ဆိုင်တွေကလည်း ငှါးတဲ့သူအရင်လောက် မများတော့ဘူး။ ဒါပေမဲ့ တချို့ဆိုင်တွေကျတော့လည်း ရုပ်ရှင်ဝါသနာအိုးတွေ၊ ဖောက်သည်တွေ ရှိနေတော့လည်း ဖွင့်ကြသေးတယ်။ ဆိုင်တွေ တော်တော်များများတော့ ပိတ်ကုန်ပြီ။”ဟု ဒေသအတွင်း မြန်မာဗွီဒီယိုဇာတ်လမ်းခွေ မူပိုင်ဖြန့်ချိသူများထဲမှ ဦးအောင်မျိုးဝင်းက ပြောသည်။

တာချီလိတ်မြို့တွင် စလောင်းများတပ်ဆင်ရန် ဈေးသက်သာခြင်း၊ အင်တာနက်လိုင်း ကောင်းမွန်ခြင်းများကြောင့် ခွေငှါးရမ်းကြည့်ရှုသူ နည်းပါးသွားခြင်းဖြစ်ကြောင်း သိရသည်။

 “အခုနောက်ပိုင်းမှာက လိုင်းတော်တော်များပါတဲ့ စလောင်းတွေလည်း အများကြီးပေါ်လာပြီလေ။ နောက်ပြီး တာချီလိတ်မှာက အင်တာနက်လိုင်းကလည်း မြန်တော့ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ဆို ဝယ်မကြည့်တော့ဘူး။ ငှါးမကြည့်တော့ဘူး၊ အင်တာနက်ကပဲ ရှာကြည့်တော့တယ်။ အင်တာနက်မှာလည်း မြန်မာဇာတ်ကားအသစ်တွေ ရနေတယ်ဆိုတော့လေ၊ နောက်စလောင်းလိုင်းမှာဆိုလည်း ၂၄ နာရီပတ်လုံး ရုပ်ရှင်တွေလာနေတော့ စလောင်းပဲကြည့်ဖြစ်တော့တယ်။ ဒါပေမဲ့ ကိုယ်အရမ်းကြည့်ချင်တဲ့ကား ရုပ်ရှင်အသစ်ဆိုရင်တော့ ငှါးကြည့်ဖြစ်ကြတာ များတယ်။”ဟု ဒေသခံ ကိုကျော်ဝင်းနိုင်က ပြောသည်။

တာချီလိတ်မြို့တွင် ဒေသအတွင်း မြန်မာရုပ်ရှင် မူပိုင်ဖြန့်ချိသူ (၃)ဦးရှိပြီး ယခင်က ခွေအငှါးဆိုင်များမှာ ဆိုင်ပေါင်း(၈၀)ခန့် ရှိခဲ့သော်လည်း ယခုအချိန်တွင် ခွေငှါး/ဝယ် သူများနည်းလာ၍ ခွေအငှါးဆိုင်များ ထက်ဝက်ကျော်နီးပါး ပိတ်သိမ်းကုန်လျှက်ရှိကြောင်း သိရှိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~