ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးလာသျဖင့္ ဦးပိန္တံတားတြင္ ျမန္မာ့ရိုးရာ ခ်ည္ထည္္ဆိုင္မ်ား ပိုမိုဖြင့္လွစ္လာ

ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးလာသျဖင့္ ဦးပိန္တံတားတြင္ ျမန္မာ့ရိုးရာ ခ်ည္ထည္္ဆိုင္မ်ား ပိုမိုဖြင့္လွစ္လာ
ဇွန် 7, 2016
By Tachileik News Agency

မႏၱေလး၊ ဇြန္လ (၇) ရက္
ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးလာၿပီးေနာက္ မႏၱေလးၿမိဳ႕ ေရွးေဟာင္းသမိုင္းဝင္ ဦးပိန္တံတားအနီးတြင္ ျမန္မာရိုးရာ ခ်ည္ထည္အေရာင္းဆိုင္မ်ား ဖြင့္လွစ္မႈမ်ားလာေၾကာင္း သိရသည္။

“ ခရီးသြားလုပ္ငန္းက တိုးတက္လာၿပီးေတာ့ ဧည့္သည္အလာမ်ားေတာ့ ေရာင္းေကာင္းလာတယ္။ ဆိုင္ေတြလည္း တိုးၿပီးဖြင့္လာၾကတယ္။၂၀၁၀ ခုႏွစ္ေလာက္က ရိုးရာခ်ည္ထည္ဆိုင္က အမ်ားဆံုးေလးဆိုင္ ေလာက္ပဲရွိတာ။ အခုေတာ့ ဆိုင္(၂၀)ေလာက္ကို ရွိေနၿပီ။”ဟု သဇင္ႏြယ္ရိုးရာခ်ည္ထည္ဆိုင္မွ မဖူးငံုက ဆိုသည္။

ဦးပိန္တံတားအနီးမွ ခ်ည္ထည္ဆိုင္မ်ားတြင္ ျပည္ပဧည့္သည္မ်ားထက္ ျပည္တြင္းဧည့္သည္မ်ား၏ ဝယ္လိုအားပိုမ်ားေၾကာင္း သိရသည္။

“ခုေနာက္ပိုင္းမွာက ရိုးရာထည္၀တ္ဆင္သူေတြ သိသိသာသာမ်ားလာတယ္။ ဦးပိန္တံတားက ျပည္တြင္း ျပည္ပခရီးသြားေတြလည္း အလာမ်ားတယ္။ ဘုရားဖူးရာသီ၊ ေတာင္ျပဳန္းပြဲရာသီဆို ေရာင္းအား ေကာင္းတယ္။ ျပည္ပခရီးသည္ေတြကေတာ့ အ၀ယ္နည္းပါတယ္။ အသင့္ခ်ဳပ္ၿပီးသားေတြေလာက္ပဲ အမွတ္တရအျဖစ္ အ၀ယ္မ်ားတယ္။ အခုေနာက္ပိုင္းဆိုင္ေတြ မ်ားလာတယ္။ ေရာင္းအားလည္း ေကာင္းပါတယ္။”ဟု ကံႀကီးေမာင္ခ်ည္ထည္ဆုိင္မွ ကုိ၀င္းထြန္းက ေျပာသည္။

လက္ရိွတြင္ ခ်ည္ထည္မ်ားမွ ေဆးေရးခ်ိတ္၊ ခ်ီဖြန္ခ်ိတ္မ်ားထက္ ျမန္မာအခ်ိတ္ဆင္ႏွင့္ ကခ်င္၊ ခ်င္းရုိးရာအထည္မ်ားကို ပိုမိုေရာင္းခ်ေနရေၾကာင္း သိရသည္။

“ဒီေန႕ခ်ည္ထည္ေတြက ပံုစံနည္းနည္း ဆန္းသစ္လာတာလည္းရွိေတာ့ ဒီေခတ္လူငယ္ေတြအတြက္ ပိုအဆင္ေျပတာေပါ့။ ေခတ္နဲ႔အညီ ဒီဇုိင္းအဆန္းေလးေတြ ထုတ္ႏိုင္တာရယ္ မင္းသမီးေတြ၀တ္တာကို အတုခိုးၿပီး၀တ္ဆင္လာတာရယ္လည္းပါတာေပါ့။ ေဆးေရးေပၚခါစတုန္းကေတာ့ ေဆးေရးအမ်ားဆံုး ၀တ္ၾကတယ္။ ေနာက္ပိုင္းမွာ ရုိးရာအဆင္ေတြကို ပိုၿပီးႀကိဳက္လာၾကတယ္။ ေဆးေရးထည္ေတြကို သိပ္မ၀တ္ၾကေတာ့ဘူး။ ဒါေပမဲ့ ေဆးေရးကလည္း ေရာင္းအားကမဆိုးပါဘူး။ ဒီဇုိင္းအသစ္ထြင္ရင္ေတာ့ ေဆးေရးအထည္ေတြမွာပဲ အမ်ားဆံုးထြင္လုိ႔ရတယ္။ လက္တန္းခ်ိတ္ေတြက်ေတာ့ ရက္ကန္းစင္မွာ ရက္ရတာမုိ႔ ဒီဇုိင္းအသစ္သိပ္ထြင္လုိ႔မရဘူး။ဒီႏွစ္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မင္းသမီးမယ္လိုဒီ ၀တ္တ ခ်ိတ္အဆင္ေလးေတြ အမ်ားဆံုးေရာင္းရတယ္။”ဟုသဇင္ႏြယ္ အထည္ဆိုင္မွ မဖူးငံုက ဆိုသည္။

ခ်ည္ထည္ေစ်းႏႈန္းမ်ားမွာ က်ပ္ (၅၅၀၀) မွ ပြဲထိုင္ခ်ိတ္ က်ပ္ေလးသိန္း၀န္းက်င္ထိအစားစားရွိေၾကာင္း သိရၿပီး ဦးပိန္တံတားမွ ခ်ည္ထည္ဆိုင္မ်ားတြင္ တစ္ေန႔လွ်င္ က်ပ္ငါးသိန္း၀န္းက်င္ေရာင္းအားရွိကာ ခရီးသြားရာသီတြင္ ေရာင္းအားအေကာင္းဆံုးျဖစ္ေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕ အမရပူရမွ အမ်ားဆံုးထြက္ရွိသည့္ ခ်ည္ထည္မ်ားကို ရန္ကုန္၊ ေတာင္ၾကီး၊ ျမစ္ၾကီးနား၊ မိုးကုတ္ႏွင့္အျခား ေဒသအသီးသီးသို႔ တင္ပို႔ေနျခင္းျဖစ္သည္။

သတင္း။  ။ ေရႊေဇာ္

...................

မန္တလေး၊ ဇွန်လ (၇) ရက်
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာပြီးနောက် မန္တလေးမြို့ ရှေးဟောင်းသမိုင်းဝင် ဦးပိန်တံတားအနီးတွင် မြန်မာရိုးရာ ချည်ထည်အရောင်းဆိုင်များ ဖွင့်လှစ်မှုများလာကြောင်း သိရသည်။

“ ခရီးသွားလုပ်ငန်းက တိုးတက်လာပြီးတော့ ဧည့်သည်အလာများတော့ ရောင်းကောင်းလာတယ်။ ဆိုင်တွေလည်း တိုးပြီးဖွင့်လာကြတယ်။၂၀၁၀ ခုနှစ်လောက်က ရိုးရာချည်ထည်ဆိုင်က အများဆုံးလေးဆိုင် လောက်ပဲရှိတာ။ အခုတော့ ဆိုင်(၂၀)လောက်ကို ရှိနပြေီ။”ဟု သဇင်နွယ်ရိုးရာချည်ထည်ဆိုင်မှ မဖူးငုံက ဆိုသည်။

ဦးပိန်တံတားအနီးမှ ချည်ထည်ဆိုင်များတွင် ပြည်ပဧည့်သည်များထက် ပြည်တွင်းဧည့်သည်များ၏ ဝယ်လိုအားပိုများကြောင်း သိရသည်။

“ခုနောက်ပိုင်းမှာက ရိုးရာထည်ဝတ်ဆင်သူတွေ သိသိသာသာများလာတယ်။ ဦးပိန်တံတားက ပြည်တွင်း ပြည်ပခရီးသွားတွေလည်း အလာများတယ်။ ဘုရားဖူးရာသီ၊ တောင်ပြုန်းပွဲရာသီဆို ရောင်းအား ကောင်းတယ်။ ပြည်ပခရီးသည်တွေကတော့ အဝယ်နည်းပါတယ်။ အသင့်ချုပ်ပြီးသားတွေလောက်ပဲ အမှတ်တရအဖြစ် အဝယ်များတယ်။ အခုနောက်ပိုင်းဆိုင်တွေ များလာတယ်။ ရောင်းအားလည်း ကောင်းပါတယ်။”ဟု ကံကြီးမောင်ချည်ထည်ဆိုင်မှ ကိုဝင်းထွန်းက ပြောသည်။

လက်ရှိတွင် ချည်ထည်များမှ ဆေးရေးချိတ်၊ ချီဖွန်ချိတ်များထက် မြန်မာအချိတ်ဆင်နှင့် ကချင်၊ ချင်းရိုးရာအထည်များကို ပိုမိုရောင်းချနေရကြောင်း သိရသည်။

“ဒီနေ့ချည်ထည်တွေက ပုံစံနည်းနည်း ဆန်းသစ်လာတာလည်းရှိတော့ ဒီခေတ်လူငယ်တွေအတွက် ပိုအဆင်ပြေတာပေါ့။ ခေတ်နဲ့အညီ ဒီဇိုင်းအဆန်းလေးတွေ ထုတ်နိုင်တာရယ် မင်းသမီးတွေဝတ်တာကို အတုခိုးပြီးဝတ်ဆင်လာတာရယ်လည်းပါတာပေါ့။ ဆေးရေးပေါ်ခါစတုန်းကတော့ ဆေးရေးအများဆုံး ဝတ်ကြတယ်။ နောက်ပိုင်းမှာ ရိုးရာအဆင်တွေကို ပိုပြီးကြိုက်လာကြတယ်။ ဆေးရေးထည်တွေကို သိပ်မဝတ်ကြတော့ဘူး။ ဒါပေမဲ့ ဆေးရေးကလည်း ရောင်းအားကမဆိုးပါဘူး။ ဒီဇိုင်းအသစ်ထွင်ရင်တော့ ဆေးရေးအထည်တွေမှာပဲ အများဆုံးထွင်လို့ရတယ်။ လက်တန်းချိတ်တွေကျတော့ ရက်ကန်းစင်မှာ ရက်ရတာမို့ ဒီဇိုင်းအသစ်သိပ်ထွင်လို့မရဘူး။ဒီနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းသမီးမယ်လိုဒီ ဝတ်တ ချိတ်အဆင်လေးတွေ အများဆုံးရောင်းရတယ်။”ဟုသဇင်နွယ် အထည်ဆိုင်မှ မဖူးငုံက ဆိုသည်။

ချည်ထည်ဈေးနှုန်းများမှာ ကျပ် (၅၅၀၀) မှ ပွဲထိုင်ချိတ် ကျပ်လေးသိန်းဝန်းကျင်ထိအစားစားရှိကြောင်း သိရပြီး ဦးပိန်တံတားမှ ချည်ထည်ဆိုင်များတွင် တစ်နေ့လျှင် ကျပ်ငါးသိန်းဝန်းကျင်ရောင်းအားရှိကာ ခရီးသွားရာသီတွင် ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ အမရပူရမှ အများဆုံးထွက်ရှိသည့် ချည်ထည်များကို ရန်ကုန်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မိုးကုတ်နှင့်အခြား ဒေသအသီးသီးသို့ တင်ပို့နခြေင်းဖြစ်သည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~