ကြန္ပ်ဴတာ တကၠသိုလ္မ်ား၏ ပထမႏွစ္အႀကိဳ သင္တန္းမ်ားကို က်ိဳင္းတံု၊ လိြဳင္ေကာ္ႏွင့္ ပင္လံုတကၠသိုလ္မ်ားတြင္ ဖြင့္လွစ္မည္

ကြန္ပ်ဴတာ တကၠသိုလ္မ်ား၏ ပထမႏွစ္အႀကိဳ သင္တန္းမ်ားကို က်ိဳင္းတံု၊ လိြဳင္ေကာ္ႏွင့္ ပင္လံုတကၠသိုလ္မ်ားတြင္ ဖြင့္လွစ္မည္
ဇွန် 12, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ဇြန္လ (၁၂) ရက္
ကြန္ပ်ဴတာတကၠသိုလ္မ်ား၏  ပထမႏွစ္ အႀကိဳသင္တန္း (MODULE) မ်ားအတြက္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ က်ိဳင္းတုံ၊ ပင္လုံ၊ လိြဳင္ေကာ္ ကြန္ပ်ဴတာတကၠသိုလ္မ်ား၌ ေလွ်ာက္ထား တက္ေရာက္ သင္ၾကားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

"ဒီႏွစ္အတြက္ MODULE သင္တန္းေတြကို ဆရာမတို ့ က်ိဳင္းတုံေက်ာင္းနဲ ့ ပင္လုံ၊ လြိဳင္ေကာ္ေက်ာင္းေတြက ဖြင့္လွစ္သင္ၾကားေပးသြားမွာပါ။ ဒီလို ဖြင့္လွစ္ေပးရတာက ေဒသမွာရိွတဲ့  လူငယ္ေတြ IT ပညာရပ္ေတြကို ပိုျပီး ေလ့လာသင္ယူႏိုင္ဖို ့နဲ ့ ဆရာမတို႔ေက်ာင္းကလည္း တျခား ကြန္ပ်ဴတာတကၠသိုလ္ေတြထက္စာရင္ ေက်ာင္းသားကလည္း အရမ္းနည္းတဲ့အတြက္ အခုလို သင္တန္းေတြဖြင့္ဖို ့ အဆင့္ျမင့္ပညာ က ညႊန္ၾကားထားတာပါ။" ဟု က်ိဳင္းတုံကြန္ပ်ဴတာတကၠသိုလ္ မွ ေက်ာင္းအုပ္ဆရာမၾကီး ေဒါက္တာေဒၚခင္မာမ်ိဳးက ေျပာသည္။

က်ိဳင္းတုံ ကြန္ပ်ဴတာတကၠသိုလ္ မွဖြင့္လွစ္ေသာ ပထမႏွစ္အႀကိဳ(MODULE)သင္တန္းကို (၂၀၁၅)ခုႏွစ္ ႏွင့္ (၂၀၁၆)ခုႏွစ္မ်ားတြင္ က်င္းပျပဳလုပ္ခဲ့ေသာ တကၠသိုလ္၀င္တန္းေအာင္ျမင္သူမ်ားမွ  တက္ေရာက္ လိုသူမ်ား အေနျဖင့္ ေလွ်ာက္ထားႏုိင္မည္ျဖစ္သည္။

"ဒီႏွစ္ ေက်ာင္း၀င္ခြင့္ကလည္း  အမွတ္နဲ ့ပဲ ဆုံးျဖတ္သြားမွာပါ။ ဆရာမတို ့က်ိဳင္းတုံ၊ပင္လုံနဲ ့ လိြဳင္ေကာ္ ကြန္ပ်ဴတာတကၠသိုလ္ ဒီ(၃)ေက်ာင္းကေတာ့ ဆရာမတို ့အေနနဲ ့ အခုေလာေလာဆယ္ (၃၂၀)ဆိုျပီး သတ္မွတ္ထားပါတယ္။ တျခား ကြန္ပ်ဴတာတကၠသိုလ္ေတြကေတာ့ (၃၈၀)တို ့(၃၉၀)တို ့ျဖစ္မွာပါ။ ဒါကေတာ့ အတိအက် မဟုတ္ေသးပါဘူး။ ေနာက္ ဘယ္လိုျဖစ္လာမယ္ဆိုတာေတာ့ မသိေသးပါဘူး။"ဟု ေဒါက္တာ ေဒၚခင္မာမ်ိဳး ကေျပာသည္။

သင္တန္းတက္ေရာက္ႏိုင္ရန္  ဇြန္ လ(၁၆)ရက္ေန ့မွ (၂၄)ရက္ေန ့အထိ ေက်ာင္းအပ္ လက္ခံသြားမည္ျဖစ္ကာ ဇြန္ လ(၂၀)ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ျပီး သင္တန္းကာလမွာ (၄)လ ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းအတြက္ သင္တန္းေၾကးအေနျဖင့္ က်ပ္(၂၀၀၀၀) သတ္မွတ္ထားျပီး ပထမႏွစ္အၾကိဳ သင္တန္းေအာင္ျမင္ပါက  က်ိဳင္းတုံကြန္ပ်ဴတာ တကၠသိုလ္၏ (၂၀၁၆-၂၀၁၇) ပညာသင္ႏွစ္တြင္ ဖြင့္လွစ္မည့္ ပထမႏွစ္ကြန္ပ်ဴတာသိပၸံႏွင့္နည္းပညာသင္တန္းမ်ားတြင္ ဆက္လက္ပညာသင္ၾကားခြင့္ ရရိွမည္ျဖစ္ေၾကာင္းသိရသည္။

သတင္း။  ။ ဇြဲျမတ္

...............

ကျိုင်းတုံ၊ ဇွန်လ (၁၂) ရက်
ကွန်ပျူတာတက္ကသိုလ်များ၏ ပထမနှစ် အကြိုသင်တန်း (MODULE) များအတွက် မြန်မာတစ်နိုင်ငံလုံးတွင် ကျိုင်းတုံ၊ ပင်လုံ၊ လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်များ၌ လျှောက်ထား တက်ရောက် သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်အတွက် MODULE သင်တန်းတွေကို ဆရာမတို့ ကျိုင်းတုံကျောင်းနဲ့ ပင်လုံ၊ လွိုင်ကော်ကျောင်းတွေက ဖွင့်လှစ်သင်ကြားပေးသွားမှာပါ။ ဒီလို ဖွင့်လှစ်ပေးရတာက ဒေသမှာရှိတဲ့ လူငယ်တွေ IT ပညာရပ်တွေကို ပိုပြီး လေ့လာသင်ယူနိုင်ဖို့နဲ့ ဆရာမတို့ကျောင်းကလည်း တခြား ကွန်ပျူတာတက္ကသိုလ်တွေထက်စာရင် ကျောင်းသားကလည်း အရမ်းနည်းတဲ့အတွက် အခုလို သင်တန်းတွေဖွင့်ဖို့ အဆင့်မြင့်ပညာ က ညွှန်ကြားထားတာပါ။" ဟု ကျိုင်းတုံကွန်ပျူတာတက္ကသိုလ် မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ခင်မာမျိုးက ပြောသည်။

ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ် မှဖွင့်လှစ်သော ပထမနှစ်အကြို(MODULE)သင်တန်းကို (၂၀၁၅)ခုနှစ် နှင့် (၂၀၁၆)ခုနှစ်များတွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်တန်းအောင်မြင်သူများမှ တက်ရောက် လိုသူများ အနဖြေင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

"ဒီနှစ် ကျောင်းဝင်ခွင့်ကလည်း အမှတ်နဲ့ပဲ ဆုံးဖြတ်သွားမှာပါ။ ဆရာမတို့ကျိုင်းတုံ၊ပင်လုံနဲ့ လွိုင်ကော် ကွန်ပျူတာတက္ကသိုလ် ဒီ(၃)ကျောင်းကတော့ ဆရာမတို့အနေနဲ့ အခုလောလောဆယ် (၃၂၀)ဆိုပြီး သတ်မှတ်ထားပါတယ်။ တခြား ကွန်ပျူတာတက္ကသိုလ်တွေကတော့ (၃၈၀)တို့(၃၉၀)တို့ဖြစ်မှာပါ။ ဒါကတော့ အတိအကျ မဟုတ်သေးပါဘူး။ နောက် ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မသိသေးပါဘူး။"ဟု ဒေါက်တာ ဒေါ်ခင်မာမျိုး ကပြောသည်။

သင်တန်းတက်ရောက်နိုင်ရန် ဇွန် လ(၁၆)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကာ ဇွန် လ(၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၄)လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းအတွက် သင်တန်းကြေးအနဖြေင့် ကျပ်(၂၀၀၀၀) သတ်မှတ်ထားပြီး ပထမနှစ်အကြို သင်တန်းအောင်မြင်ပါက ကျိုင်းတုံကွန်ပျူတာ တက္ကသိုလ်၏ (၂၀၁၆-၂၀၁၇) ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပထမနှစ်ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်းများတွင် ဆက်လက်ပညာသင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~