ေရြးေကာက္ပြဲ ေကာ္မရွင္ ဝန္ထမ္းမ်ားအား လစာျဖင့္ အခ်ိန္ျပည့္ဝန္ထမ္းအျဖစ္ ခန္႔အပ္မည္

ေရြးေကာက္ပြဲ ေကာ္မရွင္ ဝန္ထမ္းမ်ားအား လစာျဖင့္ အခ်ိန္ျပည့္ဝန္ထမ္းအျဖစ္ ခန္႔အပ္မည္
ဇွန် 26, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ (၂၆) ရက္
အသစ္ျပင္ဆင္ဖြဲ႔စည္းမည့္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲအဆင့္ဆင့္တြင္ လစာႏွဳန္းထားမ်ားသတ္မွတ္၍ အခ်ိန္ျပည့္၀န္ထမ္းမ်ားျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"အရင္တုန္းက လစာမရေပမဲ့ အခုတစ္ေခါက္မွာေတာ့ ျပည္နယ္အဆင့္ ေရြးေကာက္ပြဲေကာ္မရွင္ခြဲမွာ ညႊန္/မွဴးလစာေလာက္နီးနီး ရတယ္။ တျဖည္းျဖည္း ရာထူးအလိုက္ က်ပ္သံုးေသာင္းစီ က်ဆင္းလာတယ္။ ေလွ်ာက္လႊာေတြကိုလည္း ပြင့္လင္းျမင္သာစြာ ေလွ်ာက္ထားဖို႔ ညႊန္ၾကားထားတာလည္း ရွိပါတယ္။ ထင္တာေတာ့ ဒီတစ္ခါ တကယ္ကို  Professional ျဖစ္မယ့္လူေတြကို တာ၀န္ေပးခန္႔ထားမယ္ဆိုတဲ့ သေဘာျဖစ္ဖို႔မ်ားတယ္"ဟု တာခ်ီလိတ္ခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌ ဦးၾကည္၀င္းေမာင္က ေျပာသည္။

၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတြင္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ၀န္ထမ္းမ်ားမွာ လစာမဲ့ တာဝန္ ထမ္းေဆာင္ၾကျခင္းျဖစ္ၿပီး၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွွ ခ်မွတ္ေပးေသာ ဘတ္ဂ်က္ ရန္ပံုေငြျဖင့္ သံုးစြဲလည္ပတ္ခဲ့ျခင္းျဖစ္သည္။

"ဟိုတစ္ေလာက UEC (ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္)က ေကာ္မရွင္မွာ တိုင္းရင္းသား ကုိယ္စားလွယ္ေတြပါဖို႔ အမည္စာရင္းေတာင္းေတာ့ ေပးခဲ့တယ္။ အခု ျပင္ဆင္တဲ့ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ပံုစံအရဆိုရင္ အဲဒီလူေတြက ပယ္ဖ်က္ၿပီးသလိုျဖစ္သြားၿပီ။ ဒါေပမယ့္ အခုပံုစံအတိုင္းက ပိုေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ တကယ္ကို ပြင့္လင္းျမင္သာၿပီး  Professional က်တဲ့ပံုစံမ်ိဳးျမင္တယ္"ဟု အာခါတိုင္းရင္းသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ  ဦးအားလယ္က ေျပာသည္။

ေရြးေကာက္ပြဲေကာ္မရွင္ အဆင့္ဆင့္တြင္ ၀န္ထမ္းမ်ားခန္႔ထားရန္ ေလွ်ာက္လႊာမ်ားအား သက္ဆိုင္ရာ ၿမိဳ႕နယ္၊ ခရိုင္ ေကာ္မရွင္ရံုးမ်ားတြင္ လက္ခံလွ်က္ရွိၿပီး၊ ေလွ်ာက္လႊာမ်ားအား ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရံုးသို႔ ေပးပို႔သြားရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

.....................

တာချီလိတ်၊ ဇွန်လ (၂၆) ရက်
အသစ်ပြင်ဆင်ဖွဲ့စည်းမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် လစာနှုန်းထားများသတ်မှတ်၍ အချိန်ပြည့်ဝန်ထမ်းများဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက လစာမရပေမဲ့ အခုတစ်ခေါက်မှာတော့ ပြည်နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်ခွဲမှာ ညွှန်/မှူးလစာလောက်နီးနီး ရတယ်။ တဖြည်းဖြည်း ရာထူးအလိုက် ကျပ်သုံးသောင်းစီ ကျဆင်းလာတယ်။ လျှောက်လွှာတွေကိုလည်း ပွင့်လင်းမြင်သာစွာ လျှောက်ထားဖို့ ညွှန်ကြားထားတာလည်း ရှိပါတယ်။ ထင်တာတော့ ဒီတစ်ခါ တကယ်ကို Professional ဖြစ်မယ့်လူတွေကို တာဝန်ပေးခန့်ထားမယ်ဆိုတဲ့ သဘောဖြစ်ဖို့များတယ်"ဟု တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်ဝင်းမောင်က ပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများမှာ လစာမဲ့ တာဝန် ထမ်းဆောင်ကြခြင်းဖြစ်ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ပေးသော ဘတ်ဂျက် ရန်ပုံငွဖြေင့် သုံးစွဲလည်ပတ်ခဲ့ခြင်းဖြစ်သည်။

"ဟိုတစ်လောက UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)က ကော်မရှင်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါဖို့ အမည်စာရင်းတောင်းတော့ ပေးခဲ့တယ်။ အခု ပြင်ဆင်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပုံစံအရဆိုရင် အဲဒီလူတွေက ပယ်ဖျက်ပြီးသလိုဖြစ်သွားပြီ။ ဒါပေမယ့် အခုပုံစံအတိုင်းက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တကယ်ကို ပွင့်လင်းမြင်သာပြီး Professional ကျတဲ့ပုံစံမျိုးမြင်တယ်"ဟု အာခါတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအားလယ်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် ဝန်ထမ်းများခန့်ထားရန် လျှောက်လွှာများအား သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် ကော်မရှင်ရုံးများတွင် လက်ခံလျှက်ရှိပြီး၊ လျှောက်လွှာများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပေးပို့သွားရန် ညွှန်ကြားထားကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~