UBL ကုမၸဏီလီမိတက္က တာခ်ီလိတ္စည္ပင္သုိ႔ က်ပ္ (၂၂)သိန္းတန္ဖိုးရိွ အမိႈက္ပံုး အလံုး(၂၀၀) လွဴဒါန္း

UBL ကုမၸဏီလီမိတက္က တာခ်ီလိတ္စည္ပင္သုိ႔ က်ပ္ (၂၂)သိန္းတန္ဖိုးရိွ အမိႈက္ပံုး အလံုး(၂၀၀) လွဴဒါန္း
ဇွန် 3, 2016
By တာချီလိတ်

တာခ်ီလိတ္၊ ဇြန္လ(၃) 
တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း အမႈိက္သိမ္းသည့္ လုပ္ငန္းကို လုပ္ကိုင္ခြင့္ရရွိထားၿပီး နယ္စည္ပင္သာယာေရးဦးစီးဌာနႏွင့္ အက်ဳိးတူ ပူးေပါင္းကာ လုပ္ငန္းေဆာင္ရြက္လွ်က္ရွိသည့္ UBL ကုမၸဏီလီမိတက္မွ ၿမိဳ႕သန္႔ရွင္းသာယာလွပေရးအတြက္ က်ပ္(၂၂)သိန္းတန္ဖိုးရွိ အမႈိက္ပံုး အလံုး(၂၀၀)ကို ယေန႔ ဇြန္လ(၃)ရက္ေန႔ နံနက္ပိုင္းက လွဴဒါန္းလိုက္ေၾကာင္း သိရသည္။

ယခုလို လွဴဒါန္းေပးလာသည့္ အဆိုပါအမိႈက္ပုံးမ်ားအား ေစ်းပတ္၀န္းက်င္ႏွင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ားရွိ လမ္းၾကားမ်ားအတြင္း ထားရိွသြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာန အမႈေဆာင္အရာရွိ ဒုညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းထံက ဆိုသည္။ 

အမႈိက္ပံုး အလံုး(၂၀၀)လွဴဒါန္းသည့္ အခမ္းအနားသို႔ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဒုတိယညႊန္ၾကားေရး ဦးေက်ာ္မိုးထြန္းႏွင့္ တာ၀န္ရွိသူမ်ား၊ ျပည္နယ္/ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၀င္မ်ား၊ ၿမိဳ႕နယ္ဖြံ႔ၿဖဳိးေရးေထာက္အကူျပဳေကာ္မတီ၀င္မ်ား အပါအ၀င္ ၿမိဳ႕ေပၚရပ္ကြက္မ်ားမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား တက္ေရာက္လာၾကရာ UBL ကုမၸဏီလီမိတက္မွ ဒါရိုက္တာ ဦးဘိုေလးက လွဴဒါန္းေပးၿပီး ၿမိဳ႕သန္႔ရွင္းသာယာလွပေရးအတြက္ အျပန္အလွန္ေဆြးေႏြးၾကေၾကာင္း သိရသည္။

"လမ္းသြားလမ္းလာမ်ား အေနနဲ႔ အမႈိက္ကို စြန္႔ပစ္တဲ့အခါမွာ စနစ္တက် စြန္႔ပစ္ႏိုင္ရန္အျပင္ တစ္ဖက္ ထိုင္းႏိုင္ငံကလို လမ္းေပၚမွာ အမႈိက္ေတြကင္းစင္ၿပီး သန္႔ရွင္းသာယာေစခ်င္လို႔ အခုလို လွဴဒါန္းေပးတာပါ"ဟု တာခ်ီလိတ္ၿမိဳ႕တြင္း အမႈိက္သိမ္းသည့္ သန္႔ရွင္းေရး၀န္ေဆာင္မႈလုပ္ငန္းကို လုပ္ကိုင္ခြင့္ရရွိထားသည့္ UBL ကုမၸဏီလီမိတက္မွ ဒါရိုက္တာ ဦးဘိုေလးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အမိႈက္သိမ္းဆည္းေရးအား ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနႏွင့္ ယူဘီအယ္လ္ကုမၼဏီ လီိမိတက္တို႔က အပိုင္းႏွစ္ပိုင္းခြဲ၍ တာဝန္ယူ ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္းႏွင့္ ရပ္ကြက္မ်ားအတြင္ အမႈိက္သိမ္းျခင္းကို ယူဘီအယ္လ္ကုမၼဏီလီမိတက္မွ တာ၀န္ယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ေဇာင္းညီ

.........................

တာချီလိတ်၊ ဇွန်လ(၃)
တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း အမှိုက်သိမ်းသည့် လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားပြီး နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်းကာ လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့် UBL ကုမ္ပဏီလီမိတက်မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် ကျပ်(၂၂)သိန်းတန်ဖိုးရှိ အမှိုက်ပုံး အလုံး(၂၀၀)ကို ယနေ့ ဇွန်လ(၃)ရက်နေ့ နံနက်ပိုင်းက လှူဒါန်းလိုက်ကြောင်း သိရသည်။

ယခုလို လှူဒါန်းပေးလာသည့် အဆိုပါအမှိုက်ပုံးများအား ဈေးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းကြားများအတွင်း ထားရှိသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဒုညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းထံက ဆိုသည်။

အမှိုက်ပုံး အလုံး(၂၀၀)လှူဒါန်းသည့် အခမ်းအနားသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေး ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီဝင်များ အပါအဝင် မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်လာကြရာ UBL ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဘိုလေးက လှူဒါန်းပေးပြီး မြို့သန့်ရှင်းသာယာလှပရေးအတွက် အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

"လမ်းသွားလမ်းလာများ အနေနဲ့ အမှိုက်ကို စွန့်ပစ်တဲ့အခါမှာ စနစ်တကျ စွန့်ပစ်နိုင်ရန်အပြင် တစ်ဖက် ထိုင်းနိုင်ငံကလို လမ်းပေါ်မှာ အမှိုက်တွေကင်းစင်ပြီး သန့်ရှင်းသာယာစေချင်လို့ အခုလို လှူဒါန်းပေးတာပါ"ဟု တာချီလိတ်မြို့တွင်း အမှိုက်သိမ်းသည့် သန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် UBL ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဘိုလေးက ပြောသည်။

တာချီလိတ်မြို့အမှိုက်သိမ်းဆည်းရေးအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ယူဘီအယ်လ်ကုမ္မဏီ လိီမိတက်တို့က အပိုင်းနှစ်ပိုင်းခွဲ၍ တာဝန်ယူ ဆောင်ရွက်နေလျှက်ရှိကြောင်းနှင့် ရပ်ကွက်များအတွင် အမှိုက်သိမ်းခြင်းကို ယူဘီအယ်လ်ကုမ္မဏီလီမိတက်မှ တာဝန်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net