ငွေကျပ်(၁၁)သိန်းကျော် တန်ဖိုးရှိ ကျောင်းသုံးစာရေးကိရိယာများ တာလေ အထက၌ ထောက်ပံ့

ငွေကျပ်(၁၁)သိန်းကျော် တန်ဖိုးရှိ ကျောင်းသုံးစာရေးကိရိယာများ တာလေ အထက၌ ထောက်ပံ့
ဇှနျ 14, 2016
By Tachileik News Agency

တာလေ၊ ဇွန်လ(၁၄)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းနေရန် အခက်အခဲရှိသော ချို့တဲ့ကျောင်းသား၊ ကျောင်းသူများအား စေတနာရှင် အလှူရှင်များက ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ ဇွန်လ (၁၄)ရက်၊ နံနက်(၉)နာရီ ခွဲက တာလေ အခြေခံပညာအထက်တန်းကျောင်းရှိ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။



သတင်း/ဓာတ်ပုံ။  ။ အောင်ကျော်မိုး

.....................

တာလေ၊ ဇွန်လ(၁၄)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလမြေို့တွင် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းနေရန် အခက်အခဲရှိသော ချို့တဲ့ကျောင်းသား၊ ကျောင်းသူများအား စေတနာရှင် အလှူရှင်များက ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ ဇွန်လ (၁၄)ရက်၊ နံနက်(၉)နာရီ ခွဲက တာလေ အခြေခံပညာအထက်တန်းကျောင်းရှိ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်က အဖွင့်အမှာ စကားပြောကြားပြီး၊ တာချီလိတ်မြို့နယ် ပညာရေးမှူး ဒေါ်မာမာဦး က မြို့နယ်အတွင်းရှိ ပညာရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ကျောင်းအုပ် ဆရာကြီး ဦးသန်းစိုး က ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

အဆိုပါ ပေးအပ်ပွဲတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိ ချို့တဲ့ကျောင်း သားကျောင်းသူ(၁၁၁)ဦးတို့အား တာချီလိတ်ပညာရေးဖောင်ဒေးရှင်းအပါအဝင် စေတနာရှင် အလှူရှင်(၉)ဦးတို့က ငွေကျပ် (၁၁)သိန်းကျော် တန်ဖိုးရှိ ကျောင်းသုံး စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ အောင်ကျော်မိုး

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~