စြန္႔ပစ္အမိႈက္စီမံခန္႔ခြဲမႈ မဟာဗ်ဴဟာမ်ားတိုးတက္ေရး မႏၱေလး၌ ႏိ္ုင္ငံတကာပညာရွင္မ်ားႏွင့္ ေဆြးေႏြး

စြန္႔ပစ္အမိႈက္စီမံခန္႔ခြဲမႈ မဟာဗ်ဴဟာမ်ားတိုးတက္ေရး မႏၱေလး၌ ႏိ္ုင္ငံတကာပညာရွင္မ်ားႏွင့္ ေဆြးေႏြး
ဇွန် 21, 2016
By Tachileik News Agency

မႏၱေလး၊ ဇြန္လ(၂၁) ရက္
မႏၱေလးၿမိဳ႕ေတာ္ စြန္႔ပစ္အမိႈက္စီမံခန္႔ခြဲမႈ မဟာဗ်ဴဟာမ်ားတိုးတက္ေရးအတြက္ ႏိုင္ငံတကာမွ စြန္႔ပစ္အမႈိက္မ်ားႏွင့္ ပတ္သက္သည့္ ပညာရွင္မ်ားျဖင့္ ေဆြးေႏြးအေျဖရွာေနေၾကာင္း သိရသည္။

“ဒီလိုေဆြးေႏြးပြဲေတြ အရမ္းကို လိုအပ္ပါတယ္။ အစိုးရသစ္အေနနဲ႔ လုပ္စရာေတြကလည္း အမ်ားႀကီး ၊ စိန္ေခၚမႈေတြကလည္း အမ်ားႀကီးႀကံဳေတြ႕ရပါတယ္။ စီမံကိန္းေတြ ျပဳလုပ္ေတာ့မယ္ဆိုရင္ အရင္ဆံုး ျပည္သူလူထုအက်ိဳးစီးပြား ျဖစ္ထြန္းေအာင္ ၾကည့္ရႈလုပ္ေဆာင္ေပးေစလိုပါတယ္။ ဒီေဆြးေႏြးပြဲကရလာတဲ့ အေျဖဟာ တိုင္းေဒသႀကီးအစိုးရအတြက္ အေထာက္အပံ့ျဖစ္ေစလိုပါတယ္။” ဟု မႏၱေလးတိုင္း၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ဆိုသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ ႏို္င္ငံတကာမွပညာရွင္မ်ား၊ မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာ၀န္ရွိသူမ်ား၊ NGO အဖြဲ႕အစည္းမ်ား ပါဝင္ေဆြးေႏြးၾကၿပီး ႏိုင္ငံျခားမွပညာရွင္မ်ားက ၎တို႕ႏိုင္ငံမွ စြန္႔ပစ္ပစၥည္းစီမံခန္႕ခြဲမႈ အေတြ႕အၾကံဳမ်ားႏွင့္ယွဥ္ကာ အၾကံေပးမႈမ်ား၊ ေဆြးေႏြးပြဲမွတာ၀န္ရွိသူမ်ားနွင့္ ကြင္းဆင္းေလ့လာမႈမ်ား လုပ္ေဆာင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ပစၥည္းတစ္ခုကို ထုတ္လုပ္လိုက္တာနဲ႔ ဘယ္လိုျပန္လည္ အသံုးျပဳရမယ္ဆိုတာကို တစ္ခါထဲ ထည့္သြင္း စဥ္းစားဖို႔လိုပါမယ္။ တတ္ႏိုင္သေလာက္ ျပန္လည္အသံုးျပဳေပးဖို႕ ျပည္သူေတြကို ပညာေပးရမယ္။ ဆင္းရဲမႈ ေလွ်ာ့ခ်ေရးအတြက္နဲ႔ ပတ္၀န္းက်င္သန္႔ရွင္းသာယာလွပဖို႔အတြက္ဆိုရင္ အစိုးရရဲ႕ မူ၀ါဒက အေရးႀကီး ပါတယ္။”ဟု ဂ်ပန္ႏိုင္ငံအေျခစိုက္ UNEP မွ ေဒါက္တာမတ္ရွ္တက္အန္းမီမြန္က ဆိုသည္။

မႏၱေလးၿမိဳ႕ေတာ္ စြန္႔ပစ္အမိႈက္စီမံခန္႔ခြဲမႈ မဟာဗ်ဴဟာမ်ားတိုးတက္ေရး အလုပ္ရံုေဆြးေႏြးပြဲကို ဇြန္လ တတိယအပတ္အတြင္းက အစုအဖြဲ႕မ်ားဖြဲ႕၍ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

သတင္း။  ။ ေရႊေဇာ္

...................

မန္တလေး၊ ဇွန်လ(၂၁) ရက်
မန္တလေးမြို့တော် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု မဟာဗျူဟာများတိုးတက်ရေးအတွက် နိုင်ငံတကာမှ စွန့်ပစ်အမှိုက်များနှင့် ပတ်သက်သည့် ပညာရှင်များဖြင့် ဆွေးနွေးအဖြေရှာနေကြောင်း သိရသည်။

“ဒီလိုဆွေးနွေးပွဲတွေ အရမ်းကို လိုအပ်ပါတယ်။ အစိုးရသစ်အနေနဲ့ လုပ်စရာတွေကလည်း အများကြီး၊ စိန်ခေါ်မှုတွေကလည်း အများကြီးကြုံတွေ့ရပါတယ်။ စီမံကိန်းတွေ ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ပြည်သူလူထုအကျိုးစီးပွား ဖြစ်ထွန်းအောင် ကြည့်ရှုလုပ်ဆောင်ပေးစေလိုပါတယ်။ ဒီဆွေးနွေးပွဲကရလာတဲ့ အဖြေဟာ တိုင်းဒေသကြီးအစိုးရအတွက် အထောက်အပံ့ဖြစ်စေလိုပါတယ်။” ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နို်င်ငံတကာမှပညာရှင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးကြပြီး နိုင်ငံခြားမှပညာရှင်များက၎င်းတို့နိုင်ငံမှ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အတွေ့အကြုံများနှင့်ယှဉ်ကာ အကြံပေးမှုများ၊ ဆွေးနွေးပွဲမှတာဝန်ရှိသူများနှင့် ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

“ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်တာနဲ့ ဘယ်လိုပြန်လည် အသုံးပြုရမယ်ဆိုတာကို တစ်ခါထဲ ထည့်သွင်း စဉ်းစားဖို့လိုပါမယ်။ တတ်နိုင်သလောက် ပြန်လည်အသုံးပြုပေးဖို့ ပြည်သူတွေကို ပညာပေးရမယ်။ ဆင်းရဲမှု လျှော့ချရေးအတွက်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပဖို့အတွက်ဆိုရင် အစိုးရရဲ့ မူဝါဒက အရေးကြီး ပါတယ်။”ဟု ဂျပန်နိုင်ငံအခြေစိုက် UNEP မှ ဒေါက်တာမတ်ရှ်တက်အန်းမီမွန်က ဆိုသည်။

မန္တလေးမြို့တော် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု မဟာဗျူဟာများတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ တတိယအပတ်အတွင်းက အစုအဖွဲ့များဖွဲ့၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~