ဦးပိန္တံတား ျပဳျပင္ျခင္းလုပ္ငန္း (၂)လေက်ာ္ၿပီ ျဖစ္ေသာ္လည္း အၿပီးသတ္မည့္အခ်ိန္ မခန္႔မွန္းႏုိင္ေသး

ဦးပိန္တံတား ျပဳျပင္ျခင္းလုပ္ငန္း (၂)လေက်ာ္ၿပီ ျဖစ္ေသာ္လည္း အၿပီးသတ္မည့္အခ်ိန္ မခန္႔မွန္းႏုိင္ေသး
ဇွန် 16, 2016
By Tachileik News Agency

မႏၱေလး၊ ဇြန္လ (၁၆) ရက္
မႏၱေလးၿမိဳ႕ရွိ ကမၻာေက်ာ္သစ္သားတံတားျဖစ္သည့္ ဦးပိန္တံတားအား ေရွးေဟာင္းသုေတသနဦးစီးဌာနမွ ဦးစီး၍ ျပဳျပင္ထိန္းသိမ္းမႈမ်ား ျပဳလုပ္ေနသည္မွာ (၂)လေက်ာ္ၿပီျဖစ္ေသာ္လည္း ရာသီဥတု အေျခအေနေၾကာင့္ လုပ္ငန္းေႏွာင့္ေႏွးေနသျဖင့္ အၿပီးသတ္ျပင္ဆင္ႏိုင္မည့္အခ်ိန္ကို မခန္႔မွန္းႏုိင္ေသးေၾကာင္း သိရသည္။

လက္ရိွတြင္ ဦးပိန္တံတားအခန္းေပါင္း (၃၅)ခန္း မွ တိုင္ေပါင္း (၁၂၀) ခန္႔ လဲလွယ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

“လက္ရွိျပဳျပင္တဲ့ အပိုင္းမွာ ၾကမ္းခင္းနဲ႔ တိုင္လံုးလဲအၿပီး အခန္း(၃၅)ခန္းေတာ့ ၿပီးသြားၿပီ။ ျပန္လည္ ျပဳျပင္တဲ့ ေနရာမွာ အသစ္လဲလိုက္တာေတြရွိသလို ေရွးလက္ရာက်န္ေအာင္ အေဟာင္းကို ျပန္သံုးတာေတြလည္း ရွိတယ္။ တိုင္လံုးေတြဆိုရင္ ေအာက္ေျခကို တူးၾကည့္တယ္။ ေကာင္းရင္ ျပန္သံုးတယ္။ အခုက မိုးတြင္းဆိုေတာ့ မိုးရြာရင္နားတယ္။ မရြာရင္ေတာ့ အလုပ္လုပ္တယ္ေပါ့။ ဘယ္အခ်ိန္ၿပီးမယ္ဆိုတာ ခန္႔မွန္းလို႔မရေသးဘူး။”ဟု ေရွးေဟာင္းသုေတသနမွ ဦးေအးလြင္က ေျပာသည္။

ဦးပိန္တံတားအား Myanmar Teakwood သစ္ကုမၸဏီ၏ အလံုးစံုလွဴဒါန္းမႈျဖင့္ မတ္ လ (၂၃)ရက္က စတင္ေနျခင္းျဖစ္ၿပီး ယခုတစ္ႀကိမ္ျပဳျပင္မႈမွာ အႀကီးစားျပင္ဆင္မႈျဖစ္ေၾကာင္း သိရသည္။
“ဦးပိန္တံတားႀကီးက ကမၻာ႔အရွည္ဆံုးသစ္သားတံတားပါ။ ဒါေပမဲ့ တံတားအလယ္ေလာက္မွာ သႀကၤန္တြင္းတစ္ခုမွာ က်ိဳးက်တုန္းက အဂၤေတနဲ႕ျပန္ျပင္ေဆာက္ထားတာကိုေတြ႕ရတယ္။ ျမန္မာႏိုင္ငံက လည္း သစ္မရွားပါဘူး။ အခုအႀကီးစား ျပင္ေနလက္စနဲ႕ အဲဒီေနရာကို သစ္သားအစားထိုးၿပီး ျပန္လည္ျပင္ေစခ်င္ပါတယ္။ ဒါမွလည္း ႏိုင္ငံျခားသား ဧည့္သည္ေတြအေနနဲ႕ ကမၻာ့အရွည္ဆံုးသစ္သား တံတားအျဖစ္ မ်က္ျမင္ကိုယ္ေတြ႕ ယံုၾကည္မွာျဖစ္ပါတယ္။”ဟု ဧည့္လမ္းညႊန္တစ္ဦးက ဆိုသည္။

ဦးပိန္တံတားတြင္ တိုင္လံုးေပါင္း (၁၀၈၀) ေက်ာ္ရိွၿပီး တံတားအရွည္မွာ (၁.၂) ကီလိုမီတာရိွေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္
..........................

မန္တလေး၊ ဇွန်လ (၁၆) ရက်
မန္တလေးမြို့ရှိ ကမ္ဘာကျော်သစ်သားတံတားဖြစ်သည့် ဦးပိန်တံတားအား ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဦးစီး၍ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်မှာ (၂)လကျော်ပြီဖြစ်သော်လည်း ရာသီဥတု အခြေအနေကြောင့် လုပ်ငန်းနှောင့်နှေးနေသဖြင့် အပြီးသတ်ပြင်ဆင်နိုင်မည့်အချိန်ကို မခန့်မှန်းနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် ဦးပိန်တံတားအခန်းပေါင်း (၃၅)ခန်း မှ တိုင်ပေါင်း (၁၂၀) ခန့် လဲလှယ်ထားပြီးဖြစ်ကြောင်း သိရသည်။

“လက်ရှိပြုပြင်တဲ့ အပိုင်းမှာ ကြမ်းခင်းနဲ့ တိုင်လုံးလဲအပြီး အခန်း(၃၅)ခန်းတော့ ပြီးသွားပြီ။ ပြန်လည် ပြုပြင်တဲ့ နေရာမှာ အသစ်လဲလိုက်တာတွေရှိသလို ရှေးလက်ရာကျန်အောင် အဟောင်းကို ပြန်သုံးတာတွေလည်း ရှိတယ်။ တိုင်လုံးတွေဆိုရင် အောက်ခြေကို တူးကြည့်တယ်။ ကောင်းရင် ပြန်သုံးတယ်။ အခုက မိုးတွင်းဆိုတော့ မိုးရွာရင်နားတယ်။ မရွာရင်တော့ အလုပ်လုပ်တယ်ပေါ့။ ဘယ်အချိန်ပြီးမယ်ဆိုတာ ခန့်မှန်းလို့မရသေးဘူး။”ဟု ရှေးဟောင်းသုတေသနမှ ဦးအေးလွင်က ပြောသည်။

ဦးပိန်တံတားအား Myanmar Teakwood သစ်ကုမ္ပဏီ၏ အလုံးစုံလှူဒါန်းမှုဖြင့် မတ် လ (၂၃)ရက်က စတင်နခြေင်းဖြစ်ပြီး ယခုတစ်ကြိမ်ပြုပြင်မှုမှာ အကြီးစားပြင်ဆင်မှုဖြစ်ကြောင်း သိရသည်။
“ဦးပိန်တံတားကြီးက ကမ္ဘာ့အရှည်ဆုံးသစ်သားတံတားပါ။ ဒါပေမဲ့ တံတားအလယ်လောက်မှာ သင်္ကြန်တွင်းတစ်ခုမှာ ကျိုးကျတုန်းက အင်္ဂေတနဲ့ပြန်ပြင်ဆောက်ထားတာကိုတွေ့ရတယ်။ မြန်မာနိုင်ငံက လည်း သစ်မရှားပါဘူး။ အခုအကြီးစား ပြင်နေလက်စနဲ့ အဲဒီနေရာကို သစ်သားအစားထိုးပြီး ပြန်လည်ပြင်စေချင်ပါတယ်။ ဒါမှလည်း နိုင်ငံခြားသား ဧည့်သည်တွေအနေနဲ့ ကမ္ဘာ့အရှည်ဆုံးသစ်သား တံတားအဖြစ် မျက်မြင်ကိုယ်တွေ့ ယုံကြည်မှာဖြစ်ပါတယ်။”ဟု ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

ဦးပိန်တံတားတွင် တိုင်လုံးပေါင်း (၁၀၈၀) ကျော်ရှိပြီး တံတားအရှည်မှာ (၁.၂) ကီလိုမီတာရှိကြောင်း သိရသည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~