ေက်ာက္မဲၿမိဳ႕မွ (၄)ဘာသာဂုဏ္ထူးရွင္တစ္ဦး တကၠသိုလ္္ဆက္တက္ရန္ အကူအညီလိုေန

ေက်ာက္မဲၿမိဳ႕မွ (၄)ဘာသာဂုဏ္ထူးရွင္တစ္ဦး တကၠသိုလ္္ဆက္တက္ရန္ အကူအညီလိုေန
ဇွန် 25, 2016
By Tachileik News Agency

ေက်ာက္မဲ၊ ဇြန္လ(၂၅)
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕မွ ၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္၌ ဂုဏ္ထူးေလးဘာသာျဖင့္ ေအာင္ျမင္သည့္ ေက်ာင္းသားတစ္ဦး နည္းပညာတကၠသိုလ္ တက္ေရာက္ႏိုင္ရန္ ေငြေၾကးအခက္အခဲႀကံဳေတြ႕ေနရေၾကာင္း သိရသည္။

"ကြ်န္မရဲ႕ဝင္ေငြနဲ႔ ဘယ္လိုမွမတတ္ႏိုင္ဘူး။ ကေလးေတြက ပညာေတာ္ေနေတာ့လည္း ပညာေရးကို ဆက္ၿပီး အားေပးခ်င္တယ္။ ျပင္ပအကူအညီတစ္ခုခုရရင္ေတာ့ အရမ္းအဆင္ေျပမွာပဲ။ ကိုယ့္ဖက္ကလည္း တတ္ႏိုင္ သေလာက္ဝင္ေငြရေအာင္ တစ္ဖက္တစ္လမ္းက ႀကိဳးစားရွာေနပါတယ္"ဟု ေမာင္ေကာင္းဆက္ ၏မိခင္(ဇာပန္းထိုးအလုပ္ လုပ္ကိုင္သူ)က ေျပာသည္။

ေက်ာက္မဲၿမိဳ႕ ေရဦးရပ္တြင္ေနထိုင္သည့္ ေမာင္ေကာင္းဆက္သည္ ေလးဘာသာဂုဏ္ထူးျဖင့္ ရမွတ္စုစုေပါင္း ၄၅၈ မွတ္ျဖင့္ ေအာင္ျမင္ခ့ဲျခင္းျဖစ္ၿပီး လတ္တေလာတြင္ ဦးေလးျဖစ္သူ၏ အလုပ္၌ ဝင္ေရာက္ အလုပ္ လုပ္ကိုင္ေနေၾကာင္း သိရသည္။

ဆက္သြယ္ကူညီလိုသူမ်ားအေနျဖင့္ ေဖာ္ျပပါ ဆက္သြယ္ရန္မွ တဆင့္ ကူညီႏိုင္ေၾကာင္း သိရသည္။

(ဦးေနမိ်ဳးေအာင္)+ေဒၚျမစန္းေဌး ေက်ာက္မဲၿမိဳ႕ ေရဦးရပ္ 09-258072579

သတင္း။  ။ ေနၿဖဳိးျမင့္
...........

ကျောက်မဲ၊ ဇွန်လ(၂၅)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၌ ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်သည့် ကျောင်းသားတစ်ဦး နည်းပညာတက္ကသိုလ် တက်ရောက်နိုင်ရန် ငွေကြေးအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

"ကျွန်မရဲ့ဝင်ငွေနဲ့ ဘယ်လိုမှမတတ်နိုင်ဘူး။ ကလေးတွေက ပညာတော်နေတော့လည်း ပညာရေးကို ဆက်ပြီး အားပေးချင်တယ်။ ပြင်ပအကူအညီတစ်ခုခုရရင်တော့ အရမ်းအဆင်ပြေမှာပဲ။ ကိုယ့်ဖက်ကလည်း တတ်နိုင် သလောက်ဝင်ငွေရအောင် တစ်ဖက်တစ်လမ်းက ကြိုးစားရှာနေပါတယ်"ဟု မောင်ကောင်းဆက်၏မိခင်(ဇာပန်းထိုးအလုပ် လုပ်ကိုင်သူ)က ပြောသည်။

ကျောက်မဲမြို့ ရေဦးရပ်တွင်နေထိုင်သည့် မောင်ကောင်းဆက်သည် လေးဘာသာဂုဏ်ထူးဖြင့် ရမှတ်စုစုပေါင်း ၄၅၈ မှတ်ဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ဦးလေးဖြစ်သူ၏ အလုပ်၌ ဝင်ရောက် အလုပ် လုပ်ကိုင်နေကြောင်း သိရသည်။

ဆက်သွယ်ကူညီလိုသူများအနဖြေင့် ဖော်ပြပါ ဆက်သွယ်ရန်မှ တဆင့် ကူညီနိုင်ကြောင်း သိရသည်။

(ဦးနေမျိုးအောင်)+ဒေါ်မြစန်းဌေး ကျောက်မဲမြို့ ရေဦးရပ် 09-258072579

သတင်း။ နဖြေိုးမြင့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~