ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ထိုင္းႏိုင္ငံသို႔ တရားဝင္ခ်စ္ၾကည္ေရး ခရီးစဥ္သြားေရာက္ခဲ့မႈအေပၚ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ထိုင္းႏိုင္ငံသို႔ တရားဝင္ခ်စ္ၾကည္ေရး ခရီးစဥ္သြားေရာက္ခဲ့မႈအေပၚ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္
ဇွန် 29, 2016
By Tachileik News Agency
ဓာတ္ပံု။  ။ ႏိုင္ငံျခားေရးဝန္ႀကီးဌာန
ေနျပည္ေတာ္၊ ဇြန္လ(၂၉)
ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ထိုင္းႏိုင္ငံသို႔ တရားဝင္ ခ်စ္ၾကည္ေရး ခရီးသြားေရာက္ခဲ့မႈ အေပၚ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ဇြန္လ (၂၉) ရက္ေန႔စြဲျဖင့္ သတင္းထုတ္ျပန္လိုက္သည္။
၁။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးပရာယုဒ္ ခ်န္အိုခ်ာ(ၿငိမ္း)၏ ဖိတ္ၾကားခ်က္အရ ၂၀၁၆ ခုႏွစ္၊ ဇြန္လ ၂၃ ရက္ေန႔မွ ၂၅ ရက္ေန႔အထိ ထိုင္းႏိုင္ငံသို႔ တရားဝင္ခ်စ္ၾကည္ေရးခရီး သြားေရာက္ခဲ့ပါသည္။ ခရီးစဥ္အတြင္း ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ႏွင့္ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးပြဲ က်င္းပခဲ့ၿပီး ထိုင္းႏိုင္ငံေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကိစၥ၊ ႏွစ္ႏိုင္ငံနယ္စပ္ရွိဒုကၡသည္စခန္းမ်ားမွ ျမန္မာႏိုင္ငံသားမ်ားအား ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ေရးကိစၥ၊ ႏွစ္ႏိုင္ငံအၾကား နယ္နိမိတ္ျပန္လည္တိုင္းတာေရး ကိစၥမ်ား အပါအဝင္ ႏွစ္ႏိုင္ငံအက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ေရး ကိစၥမ်ားကို ေဆြးေႏြးခဲ့ၾကပါသည္။
၂။ ထို႔ျပင္ခရီးစဥ္အတြင္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏွင့္ ထိုင္းဘုရင့္ႏိုင္ငံ အစိုးရတို႔အၾကား အလုပ္သမားေရးရာ ပူးေပါင္းေဆာင္႐ြက္ျခင္း နားလည္မႈ စာခၽြန္လႊာ၊ အလုပ္သမားမ်ား အလုပ္ခန္႔ထားေရးဆိုင္ရာ သေဘာတူညီခ်က္စာခ်ဳပ္၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အစိုးရႏွင့္ ထိုင္းဘုရင့္ႏိုင္ငံ အစိုးရတို႔၏ ႏွစ္ႏိုင္ငံအၾကား နယ္စပ္ျဖတ္သန္း သြားလာေရးဆိုင္ရာ သေဘာတူ စာခ်ဳပ္တို႔ကို လက္မွတ္ေရးထိုးခဲ့ၾကပါသည္။
၃။ ႏွစ္ႏိုင္ငံနယ္နိမိတ္တိုင္းတာေရး ကိစၥအား ယခင္အစိုးရအဆက္ဆက္ လက္ထက္က ျပန္လည္ စတင္ႏိုင္ခဲ့ျခင္း မရွိဘဲ အစဥ္တစိုက္ ေ႐ႊ႕ဆိုင္းထားခဲ့ရာမွ ယခုခရီးစဥ္အတြင္း ေနာင္ မ်ိဳးဆက္သစ္မ်ား အတြက္ ေကာင္းမြန္သည့္ အနာဂတ္ကိုထားရွိႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ႏွစ္ႏိုင္ငံအၾကားနယ္နိမိတ္ တိုင္းတာေရးလုပ္ငန္းမ်ားကို ျပန္လည္စတင္သြားၾကရန္ ႏွစ္ဖက္ေဆြးေႏြး သေဘာတူညီမႈ ရရွိခဲ့ပါသည္။ ထို႔ေၾကာင့္ျမန္မာအစိုးရ အေနျဖင့္ နယ္နိမိတ္ တိုင္းတာေရး လုပ္ငန္းစဥ္မ်ား စတင္ေဆာင္႐ြက္ႏိုင္ရန္ ပူးတြဲနယ္နိမိတ္ ေကာ္မတီအစည္းအေဝး ( Joint Boundary Committee - JBC ) ကို ျမန္မာႏိုင္ငံတြင္ ေခၚယူက်င္းပႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံဘက္သို႔ သံတမန္ လမ္းေၾကာင္းမွ တစ္ဆင့္ ညႇိႏႈိင္း ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။
၄။ အလုပ္သမားေရးရာ သေဘာတူညီခ်က္မ်ားအရ ဗီဇာသက္တမ္း (၂)ႏွစ္ မက်န္ေတာ့သည့္ ယာယီႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားေသာ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား၊ ထိုင္းႏိုင္ငံအစိုးရမွ ထုတ္ေပးထားေသာယာယီ ေနထိုင္အလုပ္ လုပ္ကိုင္ခြင့္လက္မွတ္(TR-38/Pink Card)ကိုင္ေဆာင္
ထားသည့္ အေထာက္အထားမဲ့ ျမန္မာအလုပ္သမားမ်ားအား မည္သူမည္ဝါ ျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (ဃ သ္ I) မ်ားကို ထုတ္ေပးသြားႏိုင္မည္ ျဖစ္ပါသည္။
ႏိုင္ငံသားစိစစ္မႈလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ၿပီးစီးခ်ိန္တြင္ သာမန္ ႏိုင္ငံကူးလက္မွတ္သို႔ ေျပာင္းလဲထုတ္ေပးသြားမည္ျဖစ္ရာ ေ႐ႊ႕ေျပာင္းအလုပ္ သမားမ်ား၏ လူမႈဘ၀လုံၿခဳံေရး၊ က်န္းမာေရးႏွင့္ ဘ၀အာမခံခ်က္အက်ိဳးခံစားခြင့္မ်ား ပိုမိုရရွိလာမည္ျဖစ္ပါသည္။ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေရး
ႏွင့္စပ္လ်ဥ္း၍ ႏွစ္ႏိုင္ငံသက္ဆိုင္ရာ အာဏာပိုင္မ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ျခင္းျဖင့္ အလုပ္သမားမ်ားအား မလိုလားအပ္ေသာနစ္နာဆုံး႐ႈံးမႈမ်ားမွ ကာကြယ္တားဆီးေပးႏိုင္ေရးအတြက္ ၫွိႏႈိင္းေဆာင္႐ြက္သြားႏိုင္မည္ ျဖစ္ပါသည္။
၅။ ထို႔ျပင္ အလုပ္သမားမ်ားခန္႔ထားျခင္းဆိုင္ရာ သေဘာတူစာခ်ဳပ္အရ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအား ဥပေဒအရ အကာအကြယ္ႏွင့္ အက်ိဳးခံစားခြင့္မ်ား ျပည့္၀စြာရရွိခံစားႏိုင္ေစမည္ျဖစ္ၿပီး အလုပ္သမား မ်ားအား လုပ္ငန္းခြင္သို႔ ေစလႊတ္ျခင္းမျပဳမီ အသိပညာေပးမႈမ်ား၊ အႀကိဳလုပ္ငန္းခြင္သင္တန္း ေပးျခင္းမ်ားကို ျပဳလုပ္သြားမည္ျဖစ္ပါသည္။ ထို႔ျပင္ အလုပ္ခန္႔ထားျခင္းအတြက္ လက္ခံသည့္ႏိုင္ငံ၏ နယ္ေျမအတြင္းဝင္ေရာက္လာသည့္ အလုပ္ သမားမ်ားသည္ ယင္းႏိုင္ငံသားမ်ားကဲ့သို႔ တန္းတူအခြင့္အေရး ရရွိေစမည္ျဖစ္ၿပီး အလုပ္သမားမ်ားေစလႊတ္ျခင္းႏွင့္ လက္ခံျခင္းမ်ားကို စနစ္တက်ေဆာင္႐ြက္ သြားႏိုင္မည္ ျဖစ္ပါသည္။ အလုပ္သမားမ်ား ေနထိုင္ခြင့္ဗီဇာ၊ အလုပ္အကိုင္ ခြင့္ျပဳခ်က္မ်ား အခ်ိန္မီ ရရွိေစေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားရရွိေစေရး၊ အလုပ္ရွင္ - အလုပ္သမား အျငင္းပြားမႈမ်ား ျဖစ္ပြားပါက ထိေရာက္စြာ ေျဖရွင္းေပးႏိုင္ေရး၊ ေနရပ္ျပန္လည္ပို႔ေဆာင္သည့္ အလုပ္သမားမ်ားကို ႏွစ္ႏိုင္ငံအၾကား တရားဝင္လမ္းေၾကာင္းမွ လႊဲေျပာင္းေပးႏိုင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားႏိုင္မည ္ျဖစ္ပါသည္။ 
ထိုင္းႏိုင္ငံ ငါးဖမ္းလုပ္ငန္းမ်ားတြင္ ေရာက္ရွိအလုပ္ လုပ္ကိုင္ေနၾကေသာ အေထာက္အထားမဲ့ ျမန္မာ အလုပ္သမားမ်ား လူကုန္ကူးခံရျခင္း၊ ႏွိပ္စက္ခံရျခင္း၊ လုပ္ခလစာေခါင္းပုံျဖတ္ခံရျခင္းမ်ားမွ ကာကြယ္တားဆီးႏိုင္ေစေရးႏွင့္ တရားဝင္အလုပ္သမားမ်ား ျဖစ္ေစေရးအတြက္ အေထာက္အထား စာ႐ြက္စာတမ္းမ်ား ရရွိေစရန္လည္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါသည္။
၆။ ႏွစ္ႏိုင္ငံအၾကား နယ္စပ္ျဖတ္သန္းသြားလာေရးဆိုင္ရာ သေဘာတူ စာခ်ဳပ္အရ ျမန္မာ - ထိုင္းနယ္စပ္ ဂိတ္မ်ားျဖစ္ေသာ တာခ်ီလိတ္ - မယ္ဆိုင္၊ ျမ၀တီ - မဲေဆာက္၊ ေကာ့ေသာင္း - ရေနာင္းတို႔ အျပင္ ထီခီး - ဖူနာ႐ြန္နယ္စပ္ဂိတ္ကို တရားဝင္တိုးခ်ဲ႕ဖြင့္လွစ္မည္ျဖစ္ၿပီး ယင္းနယ္စပ္ဂိတ္မ်ားမွ ေန႔စဥ္(သို႔မဟုတ္) ရာသီအလိုက္ အလုပ္သမားမ်ား သြားေရာက္ အလုပ္လုပ္ကိုင္ႏိုင္ၾကမည့္ အျပင္ နယ္စပ္ ျဖတ္သန္းခြင့္ လက္မွတ္ကိုင္ေဆာင္သူမ်ားသည္ နယ္စပ္ေဒသအတြင္း တစ္ႀကိမ္လၽွင္ ရက္ (၃၀)အထိ ေနထိုင္ခြင့္ ရရွိၾကမည္ျဖစ္ပါသည္။
၇။ ထို႔ျပင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား၏ သားသမီးမ်ားအား ေမြးစာရင္းမ်ား ထုတ္ေပးႏိုင္ေရး၊ သားသမီးမ်ား၏ အတန္းပညာေရး ထိခိုက္နစ္နာမႈမရွိေစရန္ ျပည္ပစာစစ္ဌာနမ်ားတြင္ စာေမးပြဲ ေျဖဆိုခြင့္ရရွိေရး၊ ထိုင္းႏိုင္ငံအက်ဥ္းေထာင္မ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အက်ဥ္း က်ခံ ေနၾကရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ဥပေဒေဘာင္အတြင္းမွ လိုအပ္သည့္ ကူညီေစာင့္ ေရွာက္မႈမ်ား ေပးအပ္သြားေရးအတြက္ ျမန္မာႏိုင္ငံသံ႐ုံးအေနျဖင့္ သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႕ အစည္းမ်ား၊ ျမန္မာႏိုင္ငံသားမ်ားအက်ိဳး ေဆာင္႐ြက္လ်က္ရွိသည့္ လူမႈေရးအဖြဲ႕အစည္းမ်ားႏွင့္ ပိုမိုတိုးျမႇင့္ပူးေပါင္း ေဆာင္႐ြက္သြားေစမည္ျဖစ္ပါသည္။ ေ႐ႊ႕ေျပာင္းအလုပ္သမားေရးရာ ကိစၥရပ္မ်ား ပိုမိုအေလးေပး ေဆာင္႐ြက္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံသံ႐ုံး၏ စြမ္းေဆာင္ရည္ ျမႇင့္တင္ေရးႏွင့္ ဝန္ထမ္းအင္အားတိုးခ်ဲ႕ တာဝန္ေပးအပ္ေရး တို႔ကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။
၈။ ထိုင္းႏိုင္ငံနယ္စပ္ရွိ ဒုကၡသည္စခန္းမ်ားတြင္ ေရာက္ရွိေနသည့္ ဒုကၡသည္မ်ားအား မူရင္းေနရပ္သို႔ ေခၚေဆာင္ေရးအတြက္ ႏွစ္ႏိုင္ငံအစိုးရမ်ား အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္သြားရန္ႏွင့္ ၎တို႔၏ မူရင္းေနရပ္တြင္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား၊ ပညာေရး၊ လူမႈေရး၊ က်န္းမာေရး ဝန္ေဆာင္မႈ အေျခအေန ေကာင္းမ်ားကို စီစဥ္ေဆာင္႐ြက္ေပးႏိုင္သည့္ အခ်ိန္မွသာ ျပန္လည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ားကို စတင္သြားရန္ သေဘာတူညီခဲ့ၾကပါသည္။ လတ္တေလာ အေျခအေနတြင္ ေနရပ္သို႔ ျပန္လာလိုေၾကာင္း ဆႏၵျပဳထားၾကသူ (၁၉၆)ဦးအား မူရင္းေနရပ္သို႔ ျပန္လည္ေခၚယူႏိုင္ရန္ ျမန္မာႏိုင္ငံ အစိုးရမွ ကိုယ္စားလွယ္ အဖြဲ႕တစ္ဖြဲ႕အား ေစလႊတ္၍ ႏိုင္ငံသားစိစစ္ေရး လုပ္ငန္းစဥ္မ်ား ေဆာလ်င္စြာ ေဆာင္႐ြက္ၿပီး ၎တို႔၏ မူရင္းေနရပ္မ်ားသို႔ ျပန္လည္ပို႔ေဆာင္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးကိစၥရပ္မ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား ေပါင္းစပ္ၫွိႏႈိင္းေဆာင္႐ြက္ ေပးသြားမည္ ျဖစ္ပါသည္။ က်န္ရွိေနသည့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံမွ ဒုကၡသည္ မ်ားအားစိစစ္၍ ေနရပ္သို႔ ျပန္ေခၚႏိုင္ေရးအတြက္ ႏိုင္ငံေတာ္၏ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၏ လုပ္ငန္းစဥ္တစ္ရပ္အျဖစ္ ကာလတို၊ ကာလရွည္အစီအမံမ်ားခ်မွတ္ကာ ႀကိဳးပမ္းေဆာင္႐ြက္
သြားမည္ျဖစ္ပါသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊
ရက္စြဲ၊ ၂၀၁၆ ခုႏွစ္၊ ဇြန္လ ၂၉ ရက္ ။
....................
နပြေည်တော်၊ ဇွန်လ(၂၉)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့မှု အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ (၂၉) ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ရှိဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသားများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်ပြန်လည်တိုင်းတာရေး ကိစ္စများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။
၂။ ထို့ပြင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နှင့် ထိုင်းဘုရင့်နိုင်ငံ အစိုးရတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာ၊ အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်စာချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ထိုင်းဘုရင့်နိုင်ငံ အစိုးရတို့၏ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူ စာချုပ်တို့ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
၃။ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာရေး ကိစ္စအား ယခင်အစိုးရအဆက်ဆက် လက်ထက်က ပြန်လည် စတင်နိုင်ခဲ့ခြင်း မရှိဘဲ အစဉ်တစိုက် ရွှေ့ဆိုင်းထားခဲ့ရာမှ ယခုခရီးစဉ်အတွင်း နောင် မျိုးဆက်သစ်များ အတွက် ကောင်းမွန်သည့် အနာဂတ်ကိုထားရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံအကြားနယ်နိမိတ် တိုင်းတာရေးလုပ်ငန်းများကို ပြန်လည်စတင်သွားကြရန် နှစ်ဖက်ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပါသည်။ ထို့ကြောင့်မြန်မာအစိုးရ အနဖြေင့် နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နိုင်ရန် ပူးတွဲနယ်နိမိတ် ကော်မတီအစည်းအဝေး ( Joint Boundary Committee - JBC ) ကို မြန်မာနိုင်ငံတွင် ခေါ်ယူကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်သို့ သံတမန် လမ်းကြောင်းမှ တစ်ဆင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။ အလုပ်သမားရေးရာ သဘောတူညီချက်များအရ ဗီဇာသက်တမ်း (၂)နှစ် မကျန်တော့သည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးထားသောယာယီ နေထိုင်အလုပ် လုပ်ကိုင်ခွင့်လက်မှတ်(TR-38/Pink Card)ကိုင်ဆောင်
ထားသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (ဃ သ် I) များကို ထုတ်ပေးသွားနိုင်မည် ဖြစ်ပါသည်။
နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးချိန်တွင် သာမန် နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ရာ ရွှေ့ပြောင်းအလုပ် သမားများ၏ လူမှုဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက်အကျိုးခံစားခွင့်များ ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားများအရေး
နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံသက်ဆိုင်ရာ အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဖြင့် အလုပ်သမားများအား မလိုလားအပ်သောနစ်နာဆုံးရှုံးမှုများမှ ကာကွယ်တားဆီးပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။
၅။ ထို့ပြင် အလုပ်သမားများခန့်ထားခြင်းဆိုင်ရာ သဘောတူစာချုပ်အရ ရွှေ့ပြောင်းအလုပ်သမားများအား ဥပဒေအရ အကာအကွယ်နှင့် အကျိုးခံစားခွင့်များ ပြည့်ဝစွာရရှိခံစားနိုင်စေမည်ဖြစ်ပြီး အလုပ်သမား များအား လုပ်ငန်းခွင်သို့ စေလွှတ်ခြင်းမပြုမီ အသိပညာပေးမှုများ၊ အကြိုလုပ်ငန်းခွင်သင်တန်း ပေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်ခန့်ထားခြင်းအတွက် လက်ခံသည့်နိုင်ငံ၏ နယ်မြေအတွင်းဝင်ရောက်လာသည့် အလုပ် သမားများသည် ယင်းနိုင်ငံသားများကဲ့သို့ တန်းတူအခွင့်အရေး ရရှိစေမည်ဖြစ်ပြီး အလုပ်သမားများစေလွှတ်ခြင်းနှင့် လက်ခံခြင်းများကို စနစ်တကျဆောင်ရွက် သွားနိုင်မည် ဖြစ်ပါသည်။ အလုပ်သမားများ နေထိုင်ခွင့်ဗီဇာ၊ အလုပ်အကိုင် ခွင့်ပြုချက်များ အချိန်မီ ရရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရေး၊ အလုပ်ရှင် - အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားပါက ထိရောက်စွာ ဖြေရှင်းပေးနိုင်ရေး၊ နေရပ်ပြန်လည်ပို့ဆောင်သည့် အလုပ်သမားများကို နှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းပေးနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ 
ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများတွင် ရောက်ရှိအလုပ် လုပ်ကိုင်နကြေသော အထောက်အထားမဲ့ မြန်မာ အလုပ်သမားများ လူကုန်ကူးခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ လုပ်ခလစာခေါင်းပုံဖြတ်ခံရခြင်းများမှ ကာကွယ်တားဆီးနိုင်စေရေးနှင့် တရားဝင်အလုပ်သမားများ ဖြစ်စေရေးအတွက် အထောက်အထား စာရွက်စာတမ်းများ ရရှိစေရန်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၆။ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူ စာချုပ်အရ မြန်မာ - ထိုင်းနယ်စပ် ဂိတ်များဖြစ်သော တာချီလိတ် - မယ်ဆိုင်၊ မြဝတီ - မဲဆောက်၊ ကော့သောင်း - ရနောင်းတို့ အပြင် ထီခီး - ဖူနာရွန်နယ်စပ်ဂိတ်ကို တရားဝင်တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနယ်စပ်ဂိတ်များမှ နေ့စဉ်(သို့မဟုတ်) ရာသီအလိုက် အလုပ်သမားများ သွားရောက် အလုပ်လုပ်ကိုင်နိုင်ကြမည့် အပြင် နယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ကိုင်ဆောင်သူများသည် နယ်စပ်ဒေသအတွင်း တစ်ကြိမ်လျှင် ရက် (၃၀)အထိ နေထိုင်ခွင့် ရရှိကြမည်ဖြစ်ပါသည်။
၇။ ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအား မွေးစာရင်းများ ထုတ်ပေးနိုင်ရေး၊ သားသမီးများ၏ အတန်းပညာရေး ထိခိုက်နစ်နာမှုမရှိစေရန် ပြည်ပစာစစ်ဌာနများတွင် စာမေးပွဲ ဖြေဆိုခွင့်ရရှိရေး၊ ထိုင်းနိုင်ငံအကျဉ်းထောင်များတွင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်း ကျခံ နကြေရသည့် မြန်မာနိုင်ငံသားများအား ဥပဒေဘောင်အတွင်းမှ လိုအပ်သည့် ကူညီစောင့် ရှောက်မှုများ ပေးအပ်သွားရေးအတွက် မြန်မာနိုင်ငံသံရုံးအနဖြေင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများ၊ မြန်မာနိုင်ငံသားများအကျိုး ဆောင်ရွက်လျက်ရှိသည့် လူမှုရေးအဖွဲ့အစည်းများနှင့် ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားစေမည်ဖြစ်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များ ပိုမိုအလေးပေး ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသံရုံး၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ဝန်ထမ်းအင်အားတိုးချဲ့ တာဝန်ပေးအပ်ရေး တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၈။ ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များအား မူရင်းနေရပ်သို့ ခေါ်ဆောင်ရေးအတွက် နှစ်နိုင်ငံအစိုးရများ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန်နှင့်၎င်းတို့၏ မူရင်းနေရပ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ဝန်ဆောင်မှု အခြေအနေ ကောင်းများကို စီစဉ်ဆောင်ရွက်ပေးနိုင်သည့် အချိန်မှသာ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းများကို စတင်သွားရန် သဘောတူညီခဲ့ကြပါသည်။ လတ်တလော အခြေအနေတွင် နေရပ်သို့ ပြန်လာလိုကြောင်း ဆန္ဒပြုထားကြသူ (၁၉၆)ဦးအား မူရင်းနေရပ်သို့ ပြန်လည်ခေါ်ယူနိုင်ရန် မြန်မာနိုင်ငံ အစိုးရမှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့အား စေလွှတ်၍ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များ ဆောလျင်စွာ ဆောင်ရွက်ပြီး၎င်းတို့၏ မူရင်းနေရပ်များသို့ ပြန်လည်ပို့ဆောင်ရေးနှင့် ပြန်လည်နေရာ ချထားရေးကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ ကျန်ရှိနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ဒုက္ခသည် များအားစိစစ်၍ နေရပ်သို့ ပြန်ခေါ်နိုင်ရေးအတွက် နိုင်ငံတော်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကာလတို၊ ကာလရှည်အစီအမံများချမှတ်ကာ ကြိုးပမ်းဆောင်ရွက်
သွားမည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~