မိုင္းယု၌ တရားမ၀င္ ႏိုင္ငံျခားသား ၀င္ေရာက္မႈ ရွိမရွိ လွည့္လည္ စစ္ေဆးရာမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

မိုင္းယု၌ တရားမ၀င္ ႏိုင္ငံျခားသား ၀င္ေရာက္မႈ ရွိမရွိ လွည့္လည္ စစ္ေဆးရာမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
ဇွန် 27, 2016
By Tachileik News Agency

မိုင္းယု၊ ဇြန္လ(၂၇)
တရုတ္ - ျမန္မာနယ္စပ္ တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕အတြင္း တရားမ၀င္ ႏိုင္ငံျခားသားမ်ား ေနထိုင္ျခင္း ရွိမရွိ လွည့္လည္စစ္ေဆးရာမွ စိတ္ၾကြေဆးျပား (၃၀၀၀)နီးပါးကို ဖမ္းဆီးရမိေၾကာင္း မိုင္းယုနယ္ေျမရဲစခန္းမွ သိရသည္။

မိုင္းယုၿမိဳ႕ နယ္ထိန္းတပ္ဖြဲ႔မွ ဒုရဲအုပ္ စိုးျမင့္သူ ဦးစီးသည့္ ရဲတပ္ဖြဲ႔၀င္မ်ားက ဇြန္လ(၂၅)ရက္ေန႔ ညေန(၅)နာရီ ၀န္းက်င္က မိုင္းယုနယ္ေျမအတြင္း တရားမ၀င္ ႏိုင္ငံျခားသားမ်ား ၀င္ေရာက္ေနထိုင္ျခင္း ရွိမရွိကို ငွက္ေပ်ာၿခံမ်ားအတြင္း လွည့္လည္စစ္ေဆးရာမွ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္သည္။

နယ္ထိန္းရဲတပ္ဖြဲ႔မွ လွည့္လည္စစ္ေဆးစဥ္ ေမာင္အားတိုအား မသကၤာ၍ စစ္ေဆးရွာေဖြရာမွ ၎ ၀တ္ဆင္ထားေသာ ေဘာင္းဘီအိတ္ကပ္အတြင္းမွ စိတ္ၾကြေဆးျပား (၁၁၆)ျပားကို ကနဦး ရွာေဖြေတြ႕ရွိရၿပီး ဆက္လက္၍ ၎၏ အိမ္ခန္းအေရွ႕ေျမာက္ဘက္ရွိ ဓာတ္ေျမၾသဇာအိတ္မ်ားအတြင္း ရွာေဖြရာမွ စိတ္ၾကြေဆးျပား (၂၈၀၀)ျပားအား ရွာေဖြေတြ႕ရွိရာ စုစုေပါင္း စိတ္ၾကြေဆးျပားမ်ားမွာ (၂၉၁၆)ျပားရွိၿပီး ကာလတန္ဖိုးေငြမွာ က်ပ္(၂၉)သိန္းေက်ာ္ရွိေၾကာင္း သိရသည္။

"တရားခံကို သက္ေသနဲ႔အတူ စစ္ေဆးမႈေတြျပဳလုပ္ၿပီးေတာ့ မူးယစ္ေဆး၀ါး သံုးစြဲထားျခင္း ရွိမရွိလည္း စစ္ေဆးေနပါတယ္။ ကြင္းဆက္တရားခံကို ေဖာ္ထုတ္ႏိုင္ေရးအတြက္ကိုလည္း ဆက္လက္ ေဆာင္ရြက္သြားမွာပါ"ဟု နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ စိုးျမင့္သူက ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ လက္၀ယ္ေတြ႕ရွိရသူ ေမာင္အားတိုအား မိုင္းယုနယ္ေျမရဲစခန္းတြင္ မယ(ပ)၄/၂၀၁၆၊ မူး/စိတ္ ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း။  ။ ကိုကိုႏိုင္(မိုင္းယု)

................

မိုင်းယု၊ ဇွန်လ(၂၇)
တရုတ် - မြန်မာနယ်စပ် တာချီလိတ်ခရိုင်၊ မိုင်းယုမြို့အတွင်း တရားမဝင် နိုင်ငံခြားသားများ နေထိုင်ခြင်း ရှိမရှိ လှည့်လည်စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၃၀၀၀)နီးပါးကို ဖမ်းဆီးရမိကြောင်း မိုင်းယုနယ်မြေရဲစခန်းမှ သိရသည်။

မိုင်းယုမြို့ နယ်ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ် စိုးမြင့်သူ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက ဇွန်လ(၂၅)ရက်နေ့ ညနေ(၅)နာရီ ဝန်းကျင်က မိုင်းယုနယ်မြေအတွင်း တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်နေထိုင်ခြင်း ရှိမရှိကို ငှက်ပျောခြံများအတွင်း လှည့်လည်စစ်ဆေးရာမှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

နယ်ထိန်းရဲတပ်ဖွဲ့မှ လှည့်လည်စစ်ဆေးစဉ် မောင်အားတိုအား မသင်္ကာ၍ စစ်ဆေးရှာဖွေရာမှ၎င်း ဝတ်ဆင်ထားသော ဘောင်းဘီအိတ်ကပ်အတွင်းမှ စိတ်ကြွဆေးပြား (၁၁၆)ပြားကို ကနဦး ရှာဖွေတွေ့ရှိရပြီး ဆက်လက်၍၎င်း၏ အိမ်ခန်းအရှေ့မြောက်ဘက်ရှိ ဓာတ်မြသြေဇာအိတ်များအတွင်း ရှာဖွေရာမှ စိတ်ကြွဆေးပြား (၂၈၀၀)ပြားအား ရှာဖွေတွေ့ရှိရာ စုစုပေါင်း စိတ်ကြွဆေးပြားများမှာ (၂၉၁၆)ပြားရှိပြီး ကာလတန်ဖိုးငွေမှာ ကျပ်(၂၉)သိန်းကျော်ရှိကြောင်း သိရသည်။

"တရားခံကို သက်သေနဲ့အတူ စစ်ဆေးမှုတွပြေုလုပ်ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိလည်း စစ်ဆေးနေပါတယ်။ ကွင်းဆက်တရားခံကို ဖော်ထုတ်နိုင်ရေးအတွက်ကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာပါ"ဟု နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုးမြင့်သူက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်အားတိုအား မိုင်းယုနယ်မြေရဲစခန်းတွင် မယ(ပ)၄/၂၀၁၆၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း။ ကိုကိုနိုင်(မိုင်းယု)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~