ႏိုင္ငံတကာအဆင့္မွီ ေရာဂါရွာေဖြေရးစက္မ်ားျဖင့္ ေတာင္ႀကီးၿမိဳ႕ စ၀္စံထြန္းေဆးရံု၌ တပ္ဆင္ အသံုးျပဳေနေၾကာင္း ျပည္နယ္၀န္ႀကီးဆို

ႏိုင္ငံတကာအဆင့္မွီ ေရာဂါရွာေဖြေရးစက္မ်ားျဖင့္ ေတာင္ႀကီးၿမိဳ႕ စ၀္စံထြန္းေဆးရံု၌ တပ္ဆင္ အသံုးျပဳေနေၾကာင္း ျပည္နယ္၀န္ႀကီးဆို
ဇွန် 20, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္(၂၀)ရက္
ေတာင္ႀကီးၿမိဳ႕ စ၀္စံထြန္းေဆးရံုတြင္ ႏိုင္ငံတကာအဆင့္မီ ေရာဂါရွာေဖြေရးစက္မ်ားႏွင့္ အမ်ိဳးသမီး သားအိမ္ေခါင္းကင္ဆာစစ္ေဆးသည့္စက္မ်ားအား တပ္ဆင္အသံုးျပဳလွ်က္ရွိေၾကာင္း ရွမ္းျပည္နယ္အစိုးရ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္၏ facebook စာမ်က္ႏွာတြင္ ေရးသားထားေၾကာင္း သိရသည္။

"က်ေနာ္တုိ႔ျပည္သူေတြအတြက္သတင္းေကာင္းပါ MRI သံလိုက္စက္ကြင္းနဲ႔ ေရာဂါ႐ွာေဖြစက္။ Accidental Case မ်ားအတြက္ CT scan ဖတ္ၿပီးဒဏ္ရာ႐ွာေဖြတဲ့စက္။ ကင္ဆာဓာတ္ေရာင္ျခည္ကင္စက္ မၾကာမီတပ္ဆင္ေတာ့မည့္ အမ်ဳိးသမီးသားအိမ္ေခါင္း ကင္ဆာစက္ႀကီးမ်ားသည္ ျပင္ပအထူးကုေဆ႐ုံမ်ားတြင္မ႐ွိႏိုင္ပါ။အေမရိကန္ေဒၚလာသန္းေပါင္းမ်ားစြာ ေပးမွသာရ႐ွိႏုိင္ပါတယ္၊ အခုအဲ့ဒီ စက္ႀကီးမ်ားသည္ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းေဆ႐ုံႀကီးမွာ installed လုပ္ၿပီး လက္႐ွိကုသေပးေနပါၿပီ။"ဟု ေရးသားေဖာ္ျပထားေၾကာင္း သိရသည္။

၎၏ Facebook စာမ်က္ႏွာတြင္ ႏိုင္ငံတကာေခတ္မီစက္ႀကီးမ်ားအား တပ္ဆင္ထားၿပီး ကုသေပးေနသည္ကို သိရွိျခင္းမရွိေသးသည့္ ျပည္သူလူထုအား ျပည္သူ႔ေဆးရံုအုပ္ႀကီးထံ တိုက္ရိုက္အကူအညီေတာင္းခံႏိုင္ေၾကာင္းႏွင့္ ျပည္သူ႔ေဆးရံုကုိ အားကိုးအားထားျပဳၾကရန္ ေရးသားထားေၾကာင္း သိရသည္။

"ဒီလိုေတြ အဆင့္ျမင့္တပ္ဆင္ထားတာ သိတာေကာင္းပါတယ္ ။မဟုတ္ရင္ ကၽြန္ေတာ္တို႔ တိုင္းရင္သားေတြ ထိုင္းႏိုင္ငံသြားကုေနတာေတြ ေတြ႕ေနရတယ္၊ ထိုင္းႏိုင္ငံကိုသြားကုတာ ရွမ္း/ေတာင္က လူေတြေကာ၊ ရွမ္း/ေျမာက္က လူေတြေကာပါတယ္၊ အခုေတာင္ႀကီးမွာ ေရာဂါရွာေဖြေပးႏိုင္ၿပီဆိုရင္ေကာင္းတာေပါ့၊ ၿပီးခဲ့တဲ့ႏွစ္က ဦးေလးေက်ာက္ကပ္ေဆးတာ ခ်င္းမိုင္သြားရတယ္"ဟု ရွမ္းျပည္နယ္(ေတာင္ပိုင္း) နမ့္ဆန္ၿမိဳ႕တြင္ေနထုိင္သူ စိုင္းခမ္းပမ္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

သတင္း။ ။ ‪ကိုဇက္‬
ဓာတ္ပံု။ ။ ‪ဦးစိုးညႊန္႔လြင္‬

....................................

တာချီလိတ်၊ ဇွန်(၂၀)ရက်
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေရေးစက်များနှင့် အမျိုးသမီး သားအိမ်ခေါင်းကင်ဆာစစ်ဆေးသည့်စက်များအား တပ်ဆင်အသုံးပြုလျှက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၏ facebook စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။

"ကျနော်တို့ပြည်သူတွေအတွက်သတင်းကောင်းပါ MRI သံလိုက်စက်ကွင်းနဲ့ ရောဂါရှာဖွေစက်။ Accidental Case များအတွက် CT scan ဖတ်ပြီးဒဏ်ရာရှာဖွေတဲ့စက်။ ကင်ဆာဓာတ်ရောင်ခြည်ကင်စက် မကြာမီတပ်ဆင်တော့မည့် အမျိုးသမီးသားအိမ်ခေါင်း ကင်ဆာစက်ကြီးများသည် ပြင်ပအထူးကုဆေရုံများတွင်မရှိနိုင်ပါ။အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ပေးမှသာရရှိနိုင်ပါတယ်၊ အခုအဲ့ဒီ စက်ကြီးများသည်တောင်ကြီးမြို့ စဝ်စံထွန်းဆေရုံကြီးမှာ installed လုပ်ပြီး လက်ရှိကုသပေးနေပါပြီ။"ဟု ရေးသားဖော်ပြထားကြောင်း သိရသည်။

၎င်း၏ Facebook စာမျက်နှာတွင် နိုင်ငံတကာခေတ်မီစက်ကြီးများအား တပ်ဆင်ထားပြီး ကုသပေးနေသည်ကို သိရှိခြင်းမရှိသေးသည့် ပြည်သူလူထုအား ပြည်သူ့ဆေးရုံအုပ်ကြီးထံ တိုက်ရိုက်အကူအညီတောင်းခံနိုင်ကြောင်းနှင့် ပြည်သူ့ဆေးရုံကို အားကိုးအားထားပြုကြရန် ရေးသားထားကြောင်း သိရသည်။

"ဒီလိုတွေ အဆင့်မြင့်တပ်ဆင်ထားတာ သိတာကောင်းပါတယ်။မဟုတ်ရင် ကျွန်တော်တို့ တိုင်းရင်သားတွေ ထိုင်းနိုင်ငံသွားကုနေတာတွေ တွေ့နေရတယ်၊ ထိုင်းနိုင်ငံကိုသွားကုတာ ရှမ်း/တောင်က လူတွေကော၊ ရှမ်း/မြောက်က လူတွေကောပါတယ်၊ အခုတောင်ကြီးမှာ ရောဂါရှာဖွေပေးနိုင်ပြီဆိုရင်ကောင်းတာပေါ့၊ ပြီးခဲ့တဲ့နှစ်က ဦးလေးကျောက်ကပ်ဆေးတာ ချင်းမိုင်သွားရတယ်"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်ဆန်မြို့တွင်နေထိုင်သူ စိုင်းခမ်းပမ်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

သတင်း။ ‪ကိုဇက်‬
ဓာတ်ပုံ။ ‪ဦးစိုးညွှန့်လွင်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net